မိုးမိတ်ထိပ်ခေါင်တင်သည် မင်းတုန်းမင်း‎နှင့် စားပွဲတောင်တိုက်စားမိဖုရား‎တို့၏ တတိယသမီးတော် ဖြစ်သည်။ အကြီးဆုံးအမတော်နှင့် အငယ်ဆုံးမောင်တော်တို့မှာ ငယ်စဉ်ကပင် လွန်သွားခဲ့ပြီး အမတော် ပင်းထိပ်ခေါင်တင်‎သာ ကျန်ရှိသည်။ မိုးမိတ်ထိပ်ခေါင်တင် ငယ်ရွယ်စဉ်ကပင် မယ်တော် စားပွဲတောင်တိုက်စားမိဖုရားသည် ၁၂၁၉ခုနှစ် (၁၈၅၇ခုနှစ်) တန်ဆောင်မုန်းလဆန်း ၁ရက် နေ့တွင် ကံကုန်တော်မူခဲ့သည်။ မယ်တော် ကံကုန်သည့်လတွင်ပင် မိုးမိတ်ထိပ်ခေါင်တင်အား တောင်တွင်းချောင်မြို့‎ကို စားကျေးပေးတော်မူသည်။ နောက်မှ တောင်တွင်းချောင်မြို့နှင့်လဲ၍ မိုးမိတ်မြို့‎ကို စားကျေးပေးတော်မူသည်။ ပင်းထိပ်ခေါင်တင် နှင့် မိုးမိတ်ထိပ်ခေါင်တင် ငယ်ရွယ်စဉ်ကပင် မယ်တော်ကံကုန်တော်မူခဲ့သောကြောင့် စကြာဒေဝီ‎ မိဖုရားခေါင်ကြီးက နန်းထက်တွင် ကြည့်ရှုစောင့်ရှောက်ထားသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မောင်သန်းဆွေ(ထားဝယ်) ၏ ကုန်းဘောင်ရှင်းတမ်း