[၁] မဟုတ်မမှန်သော စကားကို ပြောဆိုခြင်း၊ မုသားပြောဆိုခြင်း၊ မုသားပြောဆိုကြောင်းစေတနာ၊ လိမ်လည်ပြောဆိုခြင်း၊ မုသားစကား၊ မုသာဝါဒ။ (သူတစ်ပါးကို ချို့ယွင်းစေကြောင်းဖြစ်သော ကာယပယောဂ, ဝစီပယောဂကို ဖြစ်စေတတ်သော စေတနာကို မုသာဝါဒအရကောက်ရသည်။) [၂][၃]

မုသာဝါဒ သည် သူတစ်ပါးအကျိုးစီးပွား ပျက်စီးအောင် ကိုယ်ဖြင့်သော်လည်းကောင်း၊ နှုတ်ဖြင့်သော်လည်းကောင်း လိမ်လည်လှည့်ဖြားမှု ဖြစ်သည်။[၄]

မုသာဝါဒကံမြောက် အင်္ဂါ ၄ ပါး ပြင်ဆင်ရန်

  • ၁။ အတထံဝတ္ထု- မဟုတ်မမှန်သောဝတ္ထုဖြစ်ခြင်း၊
  • ၂။ ဝိသံဝါဒန စိတ္တံ- လိမ်လည်စိတ် ချွတ်ချော် မှားယွင်းလိုစိတ် ရှိခြင်း၊
  • ၃။ တဇ္ဇောဝါယာမော- မဟုတ် မှန်သော ထိုစကားကို ပြောဆိုရန် အားထုတ်ခြင်း၊
  • ၄။ ပရဿ တဒတ္ထဝိဇာနနံ- သူတစ်ပါးအား ထိုမမှန်မကန်သော အကြောင်းအရာကို သိစေခြင်း။ [၅]

မုသာဝါဒကြောင့် သင့်နိုင်သော အာပတ် ၅ မျိုး ပြင်ဆင်ရန်

မုသာဝါဒနှင့် ဆက်စပ်သည်များ ပြင်ဆင်ရန်

ယောကျ်ားတို့၏ အညစ်အကြေး ၉ ပါးတွင် မုသာဝါဒ- လိမ်ညာ ပြောဆိုခြင်း ပါဝင်သည်။[၇]

ဝစီဒုစရိုက် ၄ ပါးတွင် မဟုတ်မမှန် ပြောဆိုခြင်း= မုသာဝါဒ ပါဝင်သည်။ [၈]

ရဟန်းတော်များအတွက် သုဒ္ဓပါစိတ် ၉၂ ပါးတွင် မုသာဝါဒဝဂ်၌ ချွတ်ယွင်းသော စကားကို ဆိုသော မုသာဝါဒသိက္ခာပုဒ် ရှိသည်။[၉]

မုသာဝါဒမှ ကြောက်သောကြောင့် တစ်စုံတစ်ယောက်က မေးသောအခါ ဤသို့ဟုလည်း ငါမယူဟု အဆုံးမရှိ ပစ်လွှင့်သော ဝါဒ သည် အမရာဝိက္ခေပဒိဋ္ဌိ ပဌမဝါဒဖြစ်သည်။[၁၀]

ဘုရားလောင်းမှာ မည်သည့်ဘဝတွင်မျှ မုသာဝါဒကို အသုံးမပြုခဲ့ကြောင်း ဖွင့်ပြထားသည်။ [၁၁] သို့သော် သစ္စတပါပီရသေ့မကို ဖျက်ဆီးစဉ်ကမူ မုသာဝါဒကို သုံးစွဲခဲ့ဘူးသေးကြောင်း၊ [၁၂]

မင်းတို့မုသာဝါဒသုံးလျှင်လည်း သြဇာမရှိကြောင်း[၁၃]

မိစ္ဆာဒိဋ္ဌိ မုသာဝါဒ မိစ္ဆာကမ္မန္တ မိစ္ဆာဝကို သောတာပတ္တိမဂ်က ပယ်သည်။[၁၄]

အသက်ကို စောင့်ရှောက်လို၍ မိမိကိုယ်တွင် အမှန်ရှိသောတရားကို ပရိယာယ်ဖြင့် ပြောရာ၌ မုသာဝါဒမဖြစ်ကြောင်း။ ။ ပဉ္စာဝုဓဇာတ်[၁၅] ဝါနရိန္ဒဇာတ်[၁၆]

အသက်ဘေးမှ လွတ်လို၍ လိမ်လည်လှည့်ဖြားရာ၌ မုသာဝါဒ မဖြစ်ဘဲ သစ္စာပါရမီတွင် အတွင်းဝင်သည်ဟု မိန့်ဆိုထားပုံ။ ။ [၁၇]

မစင်နံ့ကဲ့သို့ အနံ့ရှိသူ ပြင်ဆင်ရန်

  • (၁) ဂူထဘာဏီပုဂ္ဂိုလ်... မစင်နံ့ကဲ့သို့ အနံ့ရှိသော မုသာဝါဒီပုဂ္ဂိုလ်။
  • (၂) ပုပ္ဖဘာဏီပုဂ္ဂိုလ် ... ပန်းမွှေးအနံ့ ကဲ့သို့ မွှေးသော မုသာဝါဒမှ ရှောင်ကြဉ်သော ပုဂ္ဂိုလ်။
  • (၃) မဓုဘာဏီပုဂ္ဂိုလ်... ပျားရည် အနံ့ကဲ့သို့ အနံ့ရှိသော သုဘာသိတ (ဝါ) စကားချိုသာသော ပုဂ္ဂိုလ်။[၁၈]

ကျူးလွန်ခြင်း၏ ဆိုးကျိုးများ ပြင်ဆင်ရန်

မုသာဝါဒကံကို ကျူးလွန်သောသူသည် သေလွန်သောအခါ အောက်ပါဆိုးကျိုးများကို ခံစားရသည်။

  • (၁) အပါယ်ဘုံသို့ရောက်ရခြင်း၊
  • (၂) မျက်စိ၊ နား စသော ဣန္ဒြေများ မကြည်လင်ခြင်း၊
  • (၃) စကားမပီခြင်း၊ ပလုံးမထွေးပြောဆိုတတ်ခြင်း၊
  • (၄) သွားမညီခြင်း၊
  • (၅) ပါးစပ်အနံ့ပုပ်ခြင်း၊
  • (၆) အသားအရေ မစိုပြေဘဲ မွဲခြောက်ခြင်း၊
  • (၇) ကိုယ်ခန္ဓာအချိုးအစား မကျခြင်း၊
  • (၈) သူတစ်ပါးအပေါ် ဩဇာအာဏာ မညောင်းခြင်း၊
  • (၉) စိတ်ကြည်လင်မှု မရှိခြင်း။[၄]

မုသာဝါဒ၏ အပြစ်များကို ပြဆိုခန်း ပြင်ဆင်ရန်

  • မုသာဝါဒသုတ်[၁၉] စိဉ္စမာဏမိန်းမက ဘုရားရှင်အား စွပ်စွဲသည်နှင့်စပ်၍ မုသာဝါဒမှာ အပြစ်ကြီးလေးလှကြောင်း ဟောထား၏။ ။
  • သံလျက်ရွက်တော ငရဲ၌ ခံရတတ်ကြောင်း၊ [၂၀]
  • ဘင်ပုတ် ငရဲ၌ခံရတတ်ကြောင်း၊ [၂၁]
  • ကဏ္ဏမုဏ္ဍပေတိဝတ္ထု၊ [၂၂]
  • ကျိန်စာသင့် နေကြသော ပြိတ္တာမများ၊ ဘုသပေတဝတ္ထု၊ [၂၃]
  • ကက္ကာရုဇာတ်[၂၄]
  • ဒေဝဒတ်အလောင်း အစေလကမြေမျိုပုံ၊ ပဏ္ဍရနာဂရာဇဇာတ်[၂၅]
  • မြေမျိုသော စေတီယမင်း၊ စေတိယဇာတ်[၂၆] မုသာဝါဒအပြစ်များကို အကျယ်ဟောထား၏။ ။ [၂၇]
  • မုသာဝါဒကြောင့် မြေဆီမြေလွှာ ခြောက်ခမ်း၍ လူတို့အနာရောဂါ များတတ်ကြောင်းမိန့်ဆိုထား၏။ ။ အပြစ်ပြထာ၊ [၂၈]
  • မုသာဝါဒကိုကျူးလွန်သူမှာ သားသမီးတို့၏ ကျေးဇူးတုန့်ပြန် ခြင်းကိုလည်း မခံရတတ်ကြောင်း၊ သားယောက်ျားမမွေးဖွားဘဲ သမီးမိန်းမချည်း မွေးဖွားတတ်ကြောင်း ဟောထားသော ဂါထာများ၊ [၂၉]
  • [၃၀] ဂူထဘာဏီနိဒ္ဒေသ၊ မုသာဝါဒီပုဂ္ဂိုလ်ကို ဂူထဘာဏီပုဂ္ဂိုလ်ဟု ဟောတော်မူ၏။ ။
  • မုသာဝါဒကို လက်ကိုင်ထားသူမှာ မပြုရဲသော အကုသိုလ်မရှိကြောင်းဂါထာ၊ [၃၁]
  • မိန်းမတဦး လင်ငယ်နေသည်ကို အဖော်မိန်းမတို့က သိလျက် မသိကြောင်း (ယုံကြည်စေရန်မုသားစကားဖြင့် သူ့ကျွန်ဖြစ်ရပါစေဟု) ကျိန်ဆိုပြောခဲ့ဘူးသောကြောင့် ကျွန်ပြိတ္တာမများဖြစ်ကြပုံ၊ [၃၂]

မုသာဝါဒမှ ရှောင်ကြဉ်ခဲ့ရကျိုး ပြင်ဆင်ရန်

မုသာဝါဒမှ ရှောင်ကြဉ်ခဲ့သောကြောင့် မွေးညှင်းတွင်းတခုတခု၌ မွေးညှင်းတော်တပင်တပင်စီသာ ပေါက်တော်မူကြောင်း၊ ဥဏ္ဏလုံမွေရှင်တော် ရတော်မူကြောင်း ဟောထားတော်မူပုံ၊ [၃၃]

စောင့်ထိန်းခြင်း၏ ကောင်းကျိုးများ ပြင်ဆင်ရန်

မကျူးလွန်အောင် စောင့်ထိန်းသောသူသည် သုဂတိဘုံသို့ လားရသည်။ အထက်တွင် ဖော်ပြခဲ့သည့် ဆိုးကျိုးတို့၏ ဆန့်ကျင်ဘက် ချမ်းသာသုခများ ခံစားရသည်။[၄]

မုသာဝါဒသိက္ခာပုဒ်ကို ပြဆိုခန်း ပြင်ဆင်ရန်

  • အကျယ်၊ [၃၄] မှတ်သားဖွယ် ကောင်းလှ၏။ ။
  • [၃၅] မုသာဝါဒလွန်ကျူးခြင်းအကြောင်းများ။ ။
  • [၃၆] (ဒုစရိုက်အခန်း၌လည်း ရှိ၏)။ ။
  • မုသာဝါဒ ဂရုလဟုဘာဝပဉှ၊ [၃၇] ပါရာဇိက, ပါစိတ် ၂-မျိုး ဖြစ်ပုံကို ရှင်းပြခန်း။ ။
  • မုသာဝါဒမှရှောင်ကြဉ်ရန်ဟောသော အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ်[၃၈]
  • မုသာဝါဒမှ ရှောင်ကြဉ်ရကျိုး၊ [၃၉] မုသာဝါဒအပြစ်ပြ ဂါထာလည်းပါ၏။ [၄၀]

܀

ကိုးကား ပြင်ဆင်ရန်

  1. မုသာဝါဒ (ပု) [မုသာ+ဝါဒ]
  2. မုသာဝါဒံ ပဟာယ မုသာဝါဒါ ပဋိဝိရတော။ ဒီ၊၁၊၄၊ ၆၀။ အံ၊၁၊၂၁၂ (မ၊၁၊၅၇။ သံ၊၁၊၃၇၇။ အဘိ၊ဝိ၊၂၉၉။ ပဋိသံ၊၄၃။ ဝိမာန၊၁၇။ ကင်္ခါ၊၁၉၀။ အဘိ၊ဋ္ဌ၊၁၊၁၄၀။) မုသာဝါဒံ ပဟာယာတိ ဧတ္ထ မုသာတိ ဝိသံဝါဒနပုရေက္ခာရဿ အတ္ထဘဉ္ဇန‌ကော ပစီပယောဂေါ ကာယပယောဂေါ ဝါ...မုသာတိ အဘူတံ အတစ္ဆံ ဝတ္ထု။ ပါဒေါတိ တဿ ဘူတတော တစ္ဆေတော ဝိညာပဒံ။ လက္ခဏတော ပန အတသံ ဝတ္ထုံ တထတော ပရံ ဝိညာပေတုကာမဿ တထာဝိညတ္တိသမုဋ္ဌာပိကာ စေတနာ မုသာဝါဒေါ။ ဒီ၊ဋ္ဌ၊၁၊၇၁။ (မ၊ဋ္ဌ၊၁၊၂၀၃။ အဘိ၊ဋ္ဌ၁၊၁၄၁။ အဘိ၊ဋ္ဌ၊၂၊၃၆၅။ ဝိမာန၊ဋ္ဌ၊၆၅၊ပဋိသံ၊ဋ္ဌ၊၁၊၂၀၅။) မုသာဝါဒေတိ အလိကဝစနာ တုစ္ဆဝစနာ၊ အံ၊ဋ္ဌ၊၂၊၁၉၇။ ဝဒနံ ဘဏနံ ဝါဒေါ၊ ဝိညတ္တိ။ မုသာ အဘူတဝတ္ထုဿ ဝါဒေါ မုသာဝါဒေါ၊ ကင်္ခါ၊ ယော၊ မဟာဋီ၊၃၊၂၇၀။
  3. တိပိဋကအဘိဓာန် အတွဲ-၁၆
  4. ၄.၀ ၄.၁ ၄.၂ သီလတောင်းနည်းအမျိုးမျိုး နှင့် ကောင်းကျိုးဆိုးကျိုးများ
  5. (ဒီ၊ဋ္ဌ၊၁၊၇၁။) (မ၊ဋ္ဌ၊၁၊၂၀၃။) (သံ၊ဋ္ဌ၊၂၊၁၃၅။) (အဘိ၊ဋ္ဌ၊၁၊၁၄၂။) (ပဋိသံ၊ဋ္ဌ၊၁၊၂၀၅။) (ခုဒ္ဒက၊ဋ္ဌ၊၂၁။) (ဣတိဝုတ်၊ဋ္ဌ၊၂၂၁။) (မဟာနိ၊ဋ္ဌ၊၁၀၀၊၃၉၅။) (သာရတ္ထ၊ဋီ၊၁၊၃၄၄။) (ဒီ၊ဋ္ဌ၊မြန်၊၁။၁၃၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
  6. (ဝိ၊၅၊၃၃၆။) (ဝိ၊မြန်၊၅။၄၃၉။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
  7. (အဘိ၊ဝိ၊၄၀၄။) (အဘိ၊ဝိ၊မြန်၊၂။၅၁၁။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
  8. (ဝိ၊၅၊၂၂၇။) (မ၊၁၊၃၅၅။) (မ၊၁၊၃၆၂။) (အံ၊၁၊၄၅၈။) (အဘိ၊ဝိ၊၃၇၈။) (အဘိ၊ဝိ၊၃၉၀။) (ဝိ၊မြန်၊၅။၃၁၅။) (မ၊မြန်၊၁။၃၆၇။) (မ၊မြန်၊၁။၃၆၇။) (အံ၊မြန်၊၁။၄၇၀။) (အဘိ၊ဝိ၊မြန်၊၂။၄၇၂။) (အဘိ၊ဝိ၊မြန်၊၂။၄၇၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
  9. (ဝိ၊၅၊၄၁။) (ဝိ၊မြန်၊၅။၆၉၊၇၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
  10. (ဒီ၊၁၊၂၃။) (ဒီ၊၁၊၂၆။) (ဒီ၊မြန်၊၁။၂၆။) (ဒီ၊မြန်၊၁။၂၆။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
  11. ဇာတက-ဋ္ဌ-တ-အုပ်-၄၇၅။ ။ ဇာတက-ပါ-ဒု-အုပ်-၁၃၅၊ ဇာတက-ဋ္ဌ-မ-အုပ်-၅၂၀။ ဇာတက-ဋ္ဌ-သ-အုပ်-၁၀၅။
  12. ဇာတက-ဋ္ဌ-မ-အုပ်-၄၆၀။ ။
  13. ဇာတက-ပါ-ဒု-အုပ်-၅၁၊ ဇာတက-ဋ္ဌ-မ-အုပ်-၂၅၈။ ။
  14. အဘိ-၂-ဋ္ဌ-၄၈၃၊ အဘိ-၂-ပါ-၃၉၀၊ (ဝိပ္ပလ္လာသခဏ်း၌ရှိ၏)။ ။ အဘိ-၅-ပါ-၆၈။ ။ အံ-၃-ဋ္ဌ-၈၀။ ။
  15. ဇာတက-ဋ္ဌ-ပ-အုပ်-၂၉၂။ ။
  16. ဇာတက-ဋ္ဌ-ပ-အုပ်-၂၉၆။ ဇာတက-ဋ္ဌ-ဒု-အုပ်-၁၄၆။ ။ ဇာတက-ဋ္ဌ-တ-အုပ်-၁၂၂။
  17. စရိယာ-ဋ္ဌ-၂၂၁။
  18. အဘိ-၄-ပါ-၁၃၂၊ အဘိ-၄-ဋ္ဌ-၁၆၀။ ။ ဂူထဘာဏီသုတ်၊ အံ-၃-ပါ-၁၂၅၊ အံ-၃-ဋ္ဌ-၉၅။
  19. ဣတိ-ပါ-၂၀၇၊ ဣတိ-ဋ္ဌ-၈၂။
  20. သုတ္တ-ပါ-၃၈၄၊ သုတ္တ-ဋ္ဌ-ဒု-အုပ်-၂၀၁။ ။
  21. ဝိမာန-ပါ-၇၅၊ ဝိမာန-ဋ္ဌ-၂၁၀၊
  22. ပေတ-ပါ-၁၆၃၊ ၁၆၄၊ ပေတ-ဋ္ဌ-၁၄၀၊ ၁၄၇၊
  23. ပေတ-ပါ-၁၇၂၊ ပေတ-ဋ္ဌ-၁၇၆။ ။
  24. ဇာတက-ပါ-ပ-အုပ်-၁၀၆၊ ဇာတက-ဋ္ဌ-တ-အုပ်-၇၉။ ။
  25. ဇာတက-ပါ-ပ-အုပ်-၃၈၇၊ ဇာတက-ဋ္ဌ-မ-အုပ်-၇၈။ ။
  26. ဇာတက-ပါ-ပ-အုပ်-၁၈၀၊ ဇာတက-ဋ္ဌ-တ-အုပ်-၄၃၁၊
  27. ဇာတက-ပါ-ဒု-အုပ်-၁၊ ဇာတက-ဋ္ဌ-မ-အုပ်-၁၁၀၊
  28. ဇာတက-ပါ-ပ-အုပ်-၃၂၁၊ ဇာတက-ဋ္ဌ-ဆ-အုပ်-၂၀၀၊
  29. ဇာတက-ပါ-ပ-အုပ်-၁၈၁၊ ဇာတက-ဋ္ဌ-တ-အုပ်-၄၃၆။ ။
  30. အဘိ-၄-ပါ-၁၃၂၊ အဘိ-၄-ဋ္ဌ-၆၀၊
  31. ဓမ္မ-ဋ္ဌ-ဒု-အုပ်-၁၁၉။ ဣတိ-ပါ-၂၀၇၊ ဣတိ-ဋ္ဌ-၈၂။ ။ ဇာတက-ဋ္ဌ-စ-အုပ်-၅၃၊ ၅၇။ ဇာတက-ပါ-ဒု-အုပ်-၉၊ ဇာတက-ဋ္ဌ-မ-အုပ်-၁၅၅။
  32. ပေတ-ပါ-၁၆၃၊ ပေတ-ဋ္ဌ-၁၄၀ ܀ပိဋကတ်လမ်းညွှန်[02/257]
  33. ဧကေကလောမတာ၊ ဥဏ္ဏလက္ခဏ ဝဏ္ဏနာ၊ ဒီဃ-၃-ပါ-၁၃၈၊ ဒီဃ-၃-ဋ္ဌ-၁၂၀။ ܀ပိဋကတ်လမ်းညွှန်[02/258]
  34. နိဒါန-သံ-ဋ္ဌ-၁၃၅။ ။ ဣတိ-ပါ-၂၃၉၊ ဣတိ-ဋ္ဌ-၂၂၁။ စူဠနိ-ပါ-၂၀၄။ မဟာနိ-ပါ-၁၁၈၊ ၃၀၉၊ မဟာနိ-ဋ္ဌ-၂၃၉၊
  35. မဟာနိ-ပါ-၃၇၆၊ မဟာနိ-ဋ္ဌ-၃၉၅။ မဟာနိ-ပါ-၂၀၇၊ မဟာနိ-ဋ္ဌ-၃၁၁၊
  36. ဒီဃ-၁-ပါ-၄၊ ဒီဃ-၁-ဋ္ဌ-၇၁၊
  37. မိလိန္ဒ-ပါ-၁၉၀၊
  38. ပဏ်-၂-ပါ-၇၇၊ ပဏ်-၂-ဋ္ဌ-၈၈။
  39. သုတ္တ-ဋ္ဌ-ပ-အုပ်-၃၀၂၊ ဇာတက-ပါ-ပ-အုပ်-၃၂၂-ဆ-အုပ်-၂၀၁၊
  40. ܀ပိဋကတ်လမ်းညွှန်[02/257]