မေခလာမှာ ၁၉၈၀ ကျော်ခေတ်များမှ စတင်ကာ နာမည်ကျော်ကြားခဲ့သည့် အဆိုတော်တစ်ဦးဖြစ်သည်။ မူရင်းသီချင်းများနှင့် နိုင်ငံခြားဘာသာပြန် ပြန်ဆိုတေးများကြောင့် နာမည်ကြီးလာခဲ့သည်။

မေခလာ
Maykhala
ကိုယ်ရေး အချက်အလက်များ
မူလတိုင်းပြည်ရန်ကုန်မြို့
ဂီတဟန်ပေါ့ခ်
အလုပ်အကိုင်အဆိုတော်၊ သရုပ်ဆောင်
တက်ကြွသည့်နှစ်များ၁၉၈၂-လက်ရှိ

ငယ်ဘဝ ပြင်ဆင်ရန်

မိဘများမှာ လေယာဉ်မှူး (ဟောင်း) ဦးဖေဖေကျော်နှင့် မယ်ဗမာ (ဟောင်း) ဒေါ်ဖြူဖြူရှိန် တို့ ဖြစ်ကြသည်။ ငယ်မည်မှာ ငယ်ငယ် ဖြစ်သည်။ [၁]

၁၉၈၃ ခုနှစ်တွင် မြန်မာစာဖြင့် ဘွဲ့ရသည်။

အနုပညာ လှုပ်ရှားမှု ပြင်ဆင်ရန်

ဒေသ (၂) တွင် ဒုတိယနှစ်တက်စဉ် ဆရာများ၏ တိုက်တွန်းချက်ဖြင့် မြို့တော်ခန်းမ သင်္ကြန်မဏ္ဍပ်တွင် နွဲ့ယဉ်ဝင်း၏ အချစ်ဆိုတာ သီချင်းကို ဆိုသည်။ ဆိုဟန်ကို ဦးမြင့်လွင်က သဘောကျသဖြင့် စီးရီးသွင်းရန် ဖြစ်လာသည်။

တေးသီချင်းများ ပြင်ဆင်ရန်

သူ၏ သီချင်းများစွာကို အောင်မြင်မှု အထွတ်အထိတ်ရောက်ရှိချိန်ဖြစ်သော ၁၉၈၀ ကျော်ကာလများတွင် ထွက်ရှိခဲ့သည်။ သူမ၏သီချင်းများကို တေးရေး နိုင်မြန်မာ၊ ကိုင်ဇာ၊ ဝင်းမင်းထွေး စသူတို့မှ ရေးပေးခဲ့သည်။"ပြန်ပေတော့"၊ "အဲ့သလောက်တောင်ချစ်ရသည်"၊ "ဂိုးသွင်းကောင်းတဲ့ကိုကို"၊"တစ်ခါက တက္ကသိုလ်"စသည့် သီချင်းများသည် သူ၏ နာမည်ကြီးသီချင်းများဖြစ်သည်။

ထွက်ခဲ့သော စီးရီးများ ပြင်ဆင်ရန်

ခေါင်းစဉ် ထုတ်ဝေနှစ် ထုတ်ဝေသူ မှတ်ချက်
ကိုကိုရေ နွေရောက်ပြီ ဦးမြင့်လွင် ဇော်ဝမ်း နှင့် အတွဲခွေ
ပြန်ပေတော့ ၁၉၈၂
ဒဏ္ဍာရီ
ရေသူမ

တစ်ကိုယ်တော်ခွေအချို့ ပြင်ဆင်ရန်

  • ပြန်ပေတော့ (၁၉၈၂)
  • မပြောချင်လို့ကြည့်နေတာကြာပြီ
  • ပြန်ဆိုချင်သောသီချင်းများ ၁
  • ပြန်ဆိုချင်သောသီချင်းများ၂

စုံတွဲခွေအချို့ ပြင်ဆင်ရန်

  • မေခလာည (၂၅နှစ်ပြည့် အထိမ်းအမှတ်) (၂၀၀၇)[၂]
  • နှုတ်မဆက်နဲ့ ငိုချင်တယ်၁
  • နှုတ်မဆက်နဲ့ငိုချင်တယ်၂

ပုဂ္ဂိုလ်ရေး ပြင်ဆင်ရန်

အိမ်ထောင်ဖက်မှာ သရုပ်ဆောင် ရန်ကျော်ဖြစ်ပြီး သမီးတစ်ယောက် ဖွားမြင်ထားသည်။

ကိုးကား ပြင်ဆင်ရန်

  1. တက္ကသိုလ် အေးမြစန္ဒာ။ "စတီရီယို တေးသံရှင် မေခလာ"။ ရုပ်ရှင်ကြေးမုံ ဇာတ်လမ်းစုံ။
  2. Maykhala's songs။ myanmarmp3.net။ 2009-02-18 တွင် မူရင်းအား မော်ကွန်းတင်ပြီး။