မောင်ကြည်သန့် (၅ မတ် ၁၉၃၇ မွေးဖွား) သည် မြန်မာ အမျိုးသား စာရေးဆရာ တစ်ဦး ဖြစ်သည်။ ၁၉၃၇ မတ်လ ၅ ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်း၌ မွေးဖွားသည်။ မိဘများမှာ ဦးမောင်မောင်ချစ်နှင့် ဒေါ်လှကြည်တို့ ဖြစ်သည်။

မောင်ကြည်သန့်
မွေးဖွား(၁၉၃၇-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၃"။-0၅)မတ် ၅၊ ၁၉၃၇
ရန်ကုန်မြို့အရှေ့ပိုင်း
နိုင်ငံလူမျိုး မြန်မာ
ပညာရေးဝိဇ္ဇာ
အလုပ်အကိုင်စာရေးဆရာ၊
မိဘ(များ)ဦးမောင်မောင်ချစ်နှင့် ဒေါ်လှကြည်

၁၉၅၅ ခုနှစ်မှစ၍ ကဗျာဖြင့် စာပေနယ်ပယ်သို့ ဝင်ရောက်ခဲ့သည်။ သွေးသောက် မဂ္ဂဇင်းတွင် ဆောင်းပါးနှင့် ဘာသာပြန်ဝတ္ထုများ၊ လျှို့ဝှက်သဲဖိုမဂ္ဂဇင်းတွင် စုံထောက်ဝတ္ထုများ စတင်ရေးသားသည်။ မြဝတီ၊ ငွေတာရီ၊ ရှုမဝ၊ မဟေသီ၊ စစ်ပြန်၊ သုတစွယ်စုံ၊ သုတပဒေသာ၊ မိုးသောက်ပန်း၊ တေဇ၊ လူငယ်ဂျာနယ်၊ တို့ကျောင်းသား၊ သိပ္ပံ၊ လုံမလေး၊ စန္ဒာ၊ မြတ်ကြေးမုံ စသည့် မဂ္ဂဇင်းများတွင် ဘာသာပြန်ဆောင်းပါးများ၊ ကလေးပုံပြင်များ ရေးသားခဲ့သည်။ စာပေဆောင်းပါးများ၊ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ်ရေး ဆောင်းပါးများ၊ သိပ္ပံဆောင်းပါးများ၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းကာကွယ်ရေး ဆောင်းပါးများ ရေးသားလျက်ရှိသည်။

၁၉၆၈ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ ၁၉၆၉ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ပါတီသုတေသနဌာနကြီးတွင် လက်ထောက်အထက်တန်း သုတေသနအရာရှိ ရှေးဟောင်းသုတေသန ဦးစီးဌာန တာဝန်များကို ပဲခူးမြို့ ဘုရင့်နောင်မင်းတရားကြီး၏ ကမ္ဘောဇသာဒီနန်းတော်ရာ ပြန်လည်ဖော်ထုတ်ရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ စာပေဆု (၇) ကြိမ်နှင့် လုံးချင်းစာအုပ်ပေါင်း (၇၀) ကျော် ထုတ်ဝေခဲ့သည်။ ဆက်လက်၍ စာပေများ ရေးသားလျက်ရှိသည်။

ရေးသားခဲ့သော စာအုပ်များ ပြင်ဆင်ရန်

  1. ခေါင်းဆောင်ဟောင်းများမှ ခေါင်းဆောင်လောင်းများသို့ (Henry O. Dormann ရေး Letters From Leaders ကို ဘာသာပြန်)


ကိုးကား ပြင်ဆင်ရန်

  1. မောင်ကြည်သန့်။ မြန်မာမှု၊ မြန်မာအသုံးအနှုန်း၊ မြန်မာစာ သတ်ပုံရေးထုံး။ မိတ်ဆွေစာပေ။

၂။ မောင်ကြည်သန့်၊ ခေါင်းဆောင်ဟောင်းများမှ ခေါင်းဆောင်လောင်းများသို့ (ဘာသာပြန်)