မော်တင်စွန်းစေတီတော်သည် ဧရာဝတီတိုင်း ပုသိမ်ခရိုင် ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းအနီး ပင်လယ်ကမ်းစပ်ရှိ မော်တင်အငူတွင် တည်ရှိသည်။

သမိုင်းကြောင်း ပြင်ဆင်ရန်

ဥက္ကလာပမြို့မှ တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့သည် လင်းလွန်းပင်ခြေရင်းတွင် သီတင်းသုံးနေသည့် မြတ်စွာဘုရာထံမှ ဆံတော်ရှစ်ဆူကို ရရှိခဲ့ကြသည်။ ကုန်သည်ညီနောင်တို့သည် ပြန်လာရာ လမ်းခုလပ်တွင် ဆံတော်နှစ်ဆူကို မော်တင်နဂါးရစ်ဝဲအငူတွင် နေသည့် နဂါးမင်းက ခိုးယူခဲ့သည်။

ထို့နောက် ဇယသေန နဂါးမင်းသည် ထိုဆံတော်တို့ကို ဌာပနာကာ ၁၀၃ ခုနှစ်၊ ဝါဆိုလပြည့်နေ့တွင် စေတီတာ်ကို တည်ထားကိုးကွယ်ခဲ့သည်။ ထိုစေတီသည်သာသနတော်မှာ ပထမဆုံးတည်သည့်စေတီဖြစ်ပြီ ရွှေတိဂုံစေတီတော်ထက်ပင်သက်တမ်းပိုစောကြောင်းသိရှိရသည်။[ကိုးကားချက်လိုသည်]

မြတ်စွာဘုရားသည် ၈ ဝါမြောက်တွင် သုဝဏ္ဏဘုမ္မိသထုံပြည်သို့ ကြွလာခဲ့သောအခါ မော်တင်တောင်ထိပ်သို့ ရောက်၏။ ထို့နောက် နဂါးမင်းတည်ခဲ့သည့် စေတီတော်သည် ရောင်ခြည်တော်ကွန့်မြူးသဖြင့် မြတ်စွာဘုရားသည် စေတီတော်ကို လက်ယာရစ် ပတ်၏။ ဒုတိယအကြိမ် ကြွတော်မူလာသည့်အခါတွင်လည်း လက်ယာရစ် ကြွတော်မူ၏။

အနော်ရထာမင်းနှင့် ကျန်စစ်သားမင်းတို့လည်း မော်တင်အငူသို့ ရောက်ရှိကာ စေတီတော်ကို ပူဇော်ခဲ့ကြသည်ဟု ဆိုကြသည်။

ပြုပြင်မွမ်းမံမှုများ ပြင်ဆင်ရန်

အလောင်းစည်သူမင်းကြီးသည် တိုင်းခန်းလှည့်လည်ရာ စေတီတော်ရှိရာ နဂါးရစ်အငူ မော်တင်စွန်းသို့ ရောက်လာ၏။ ထိုနေရာသို့ ရောက်သောအခါ ဖောင်တော်သည် အလိုအလျောက် ရပ်တန့်သွား၏။ ထို့နောက် စေတီတော်ကို တက်ရောက် ပူဇော်၏။ ထိုစေတီတော်၏ အနီးတွင် မင်းမြှောက်တန်ဆာ ငါးငါး၊ သင်္ကန်း၊ နတ်ရုပ်တုများ နှင့် ဓာတ်တော်များကို ဌာပနာကို ဖောင်တော်ဦးစေတီတော်ကို တည်ထားခဲ့သည်။

မော်တင်စေတီတော်ကိုမူ ဉာဏ်တော် အတောင်၄၀ အထိ မြှင့်တင်ကာ ရာတနာအုတ်ကျောက်တို့ဖြင့် မွမ်းမံခဲ့သည်။ ထို့ပြင် ဖောင်တော်ဆိပ်စေတီတော်ကိုလည်း ကျောက်ဆောင်ပေါ်တွင် တည်ခဲ့လေသည်။

ကိုးကား ပြင်ဆင်ရန်