မော်လမြိုင်ခရိုင် (အင်္ဂလိပ်: Mawlamyine District) သည် မွန်ပြည်နယ်တွင် ပါဝင်သော ခရိုင်ဖြစ်သည်။ ခရိုင်ရုံးစိုက်ရာမြို့မှာ မော်လမြိုင်မြို့ဖြစ်သည်။

မော်လမြိုင်ခရိုင်
မွန်ပြည်နယ်အတွင်းရှိ ခရိုင်
မွန်ပြည်နယ်အတွင်း တည်နေရာ (အ​နီ)
မွန်ပြည်နယ်အတွင်း တည်နေရာ (အ​နီ)
မော်လမြိုင်ခရိုင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မော်လမြိုင်ခရိုင်
မော်လမြိုင်ခရိုင်
မွန်ပြည်နယ်အတွင်း တည်နေရာ (အ​နီ)
ကိုဩဒိနိတ်: 15°46′N 97°51′E / 15.767°N 97.850°E / 15.767; 97.850ကိုဩဒိနိတ်: 15°46′N 97°51′E / 15.767°N 97.850°E / 15.767; 97.850
နိုင်ငံ မြန်မာ
ပြည်နယ် မွန်
မြို့နယ်ပေါင်း
မြို့တော်မော်လမြိုင်မြို့
လူဦးရေ (၂၀၁၄)၁,၂၃၂,၂၂၁[၁]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ပါဝင်သောမြို့နယ်များ ပြင်ဆင်ရန်

 
မော်လမြိုင်ခရိုင်မြို့နယ်များ
  မော်လမြိုင်မြို့နယ်
  ​ချောင်းဆုံမြို့နယ်
  သံဖြူဇရပ်မြို့နယ်
  မုဒုံမြို့နယ်
  ကျိုက်မရောမြို့နယ်

​မော်လမြိုင်ခရိုင်တွင် ပါဝင်သည့် မြို့နယ်များနှင့် မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။

၂၀၂၂ခုနှစ်တွင် ​​မော်လမြိုင်ခရိုင်မှ ​ရေးမြို့နယ်ကို ရေးခရိုင် အဖြစ် အဆင့်မြှင့်တင်ခဲ့သည်။[၂]

သမိုင်းကြောင်း ပြင်ဆင်ရန်

မော်လမြိုင်ခရိုင်ကို ယခင်က ကျိုက္ခမီခရိုင်ဟု ခေါ်ဝေါ်ခဲ့သည်။ မော်လမြိုင်မြို့တွင် တနင်္သာရီတိုင်းမင်းကြီးနှင့် ကျိုက္ခမီခရိုင်ဝန်တို့ ရုံးစိုက်ကြသည်။ ကျိုက္ခမီခရိုင်တွင် မော်လမြိုင်၊ ကျိုက္ခမီ၊ ကော့ကရိတ်၊ မုဒုံ၊ ရေး၊ ကြာအင်း စသည့်မြို့နယ်များ ပါဝင်သည်။၁၉၅၄ခုနှစ်တွင် ကော့ကရိတ်နှင့် ကြာအင်းမြို့နယ်များကို ကရင်နယ်အတွင်း ထည့်သွင်းခဲ့သည်။၁၉၆၄ခုနှစ် ဇွန်လ (၁၀)ရက်နေ့တွင် ကျိုက္ခမီခရိုင်အား မော်လမြိုင်ခရိုင်အဖြစ်လည်းကောင်း၊ ကျိုက္ခမီမြို့နယ်အား သံဖြူဇရပ်မြို့နယ်အဖြစ်လည်းကောင်း ပြောင်းလဲသတ်မှတ်ခဲ့သည်။[၃][၄]

ပထဝီဝင်အနေအထား ပြင်ဆင်ရန်

နယ်နိမိတ် ပြင်ဆင်ရန်

မြောက်ဘက်တွင် သထုံခရိုင်၊ အရှေ့ဘက်တွင် ကရင်ပြည်နယ်မှ ဘားအံခရိုင်နှင့် ကော့ကရိတ်ခရိုင်၊ တောင်ဘက်တွင် တနင်္သာရီတိုင်းမှ ထားဝယ်ခရိုင်၊ အနောက်ဘက်တွင် မုတ္တမကွေ့ကပ္ပလီပင်လယ်တို့ တည်ရှိသည်။

မြေမျက်နှာသွင်ပြင် ပြင်ဆင်ရန်

ခရိုင်၏ တောင်ဘက်တွင် တနင်္သာရီရိုးမတောင်စွယ်တောင်တန်းများတည်ရှိသည်။ မော်လမြိုင်နယ်သည် တနင်္သာရီကမ်းရိုးတန်းတလျှောက် အကျယ်ပြန့်ဆုံးသော မြေနိမ့်လွင်ပြင်ဖြစ်သည်။ခေါင်းဆေးကျွန်း၊ ထားဝယ်ကျွန်းတိုမှာ ထင်ရှားသည်။ ခရိုင်၏ အနောက်မြောက်ဘက်ရှိ ချောင်းဆုံနယ်သည် ကျွန်းမြို့နယ်တစ်ခုဖြစ်ကာ တောင်ကုန်းတောင်တန်းများ ပေါများသည်။ ခရိုင်၏ အရှေ့မြောက်ဘက်သည် ဂျိုင်းမြစ်ဝှမ်းဒေသနှင့် အတ္ထရံမြစ်ဝှမ်းဒေသဖြစ်သည်။တောင်ညိုတောင်တန်ယ၊ နာဂဝီသတောင်တန်းတို့ တည်ရှိပြီး တောင်ညိုတောင်တန်းမှ ဆေးတောင်မှာ (၄၂၅၉)ပေ မြင့်သည်။

ရေဆင်း ပြင်ဆင်ရန်

မော်လမြိုင်ခရိုင်သည် မြစ်၊ ချောင်းများပေါများသော ဒေသဖြစ်သည်။ရေးမြစ်သည် ရေးမြို့အနီးမှဖြတ်၍ တောင်ညိုတောင်တန်းမှတစ်ဆင့် ကပ္ပလီပင်လယ်အတွင်း စီးဝင်သည်။အတ္ထရံမြစ်ဂျိုင်းမြစ်သံလွင်မြစ်၊ ဇမိချောင်း၊ ဝင်းရောချောင်း၊ ဝဲကလိချောင်း၊ ကမာပတဲချောင်း၊ အဇင်းချောင်း၊ ကျုံဖိုက်ချောင်း၊ ဝင်းဖနုံချောင်းတို့မှာ ထင်ရှားသည်။ သံလွင်မြစ်သည် တရုတ်နိုင်ငံမှ စီးဆင်းလာပြီး မြန်မာနိုင်ငံ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ကို ဖြတ်သန်းစီးဆင်းကာ မော်လမြိုင်ခရိုင်အရောက်တွင် ကပ္ပလီပင်လယ်အတွင်း စီးဝင်သည်။ ရေချိုများ ပေါများပြီး စိုက်ပျိုးရေးအပြင် သုံးရေအတွက်ပါ အသုံးပြုနိုင်သည်။ မြစ်ချောင်းများသည်လည်း အမြဲမပြတ် သွားလာနိုင်သည်။

လူဦးရေ ပြင်ဆင်ရန်

၂၀၁၄သန်းခေါင်စာရင်းအရ မော်လမြိုင်ခရိုင်၏ လူဦးရေမှာ ၁,၂၃၂,၂၂၁ ဦးဖြစ်သည်။ အမျိုးသား ၅၈၇,၆၇၆ဦး၊ အမျိုးသမီး ၆၄၄,၅၄၅ဦးဖြစ်သည်။ မော်လမြိုင်မြို့နယ်သည် လူနေအထူထပ်ဆုံးမြို့နယ်ဖြစ်ကာ ချောင်းဆုံမြို့နယ်သည် လူဦးရေအနည်းဆုံးဖြစ်သည်။ မြို့ပြတွင် ၄၃၄,၀၉၂ဦးနေထိုင်ကြကာ လူဦးရေ၏ ၃၅.၂ရာခိုင်နှုန်းသည် မြို့ပြတွင် နေထိုင်သူများဖြစ်ကြသည်။မွန်လူမျိုးများ အများဆုံးနေထိုင်ကြကာ ဗမာလူမျိုးများ ဒုတိယအများဆုံး နေထိုင်ကြသည်။ ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကြသည်။

စီးပွားရေး ပြင်ဆင်ရန်

မော်လမြိုင်ခရိုင်သည် မွန်ပြည်နယ်အတွင်းရှိ စီးပွားရေးကောင်းမွန်သော ခရိုင်ဖြစ်သည်။ ရာဘာလုပ်ငန်း၊ ရေလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ ဥယျာဉ်ခြံမြေလုပ်ငန်းများလည်း လုပ်ကိုင်ကြသည်။ ရာဘာ၊ ကွမ်းသီး၊ ဆန်စပါး စသည်တို့ဖြစ်သည်။ ရာဘာကို ပြည်ပအထိ တင်ပို့ကြသည်။ ဒေသထွက်ကုန်များကို ရန်ကုန်နှင့် တနင်္သာရီ တိုင်းဒေသကြီးများသို့ အများဆုံးတင်ပို့သည်။ ရန်ကုန်မှ လူသုံးကုန်များ တင်သွင်းသည်။

ပို့ဆောင်ဆက်သွယ်ရေး ပြင်ဆင်ရန်

မော်လမြိုင်ခရိုင်သည် ကုန်းလမ်း၊ ရေလမ်းများ ဆုံစည်းရာဒေသဖြစ်သည်။ ရန်ကုန်- ထားဝယ်- မြိတ် လမ်းမကြီးသည် ခရိုင်အတွင်းရှိ မြို့ကြီးများကို ဖြတ်သန်းသွားသည်။ အခြားမြို့များသို့လည်း ထိုလမ်းမကြီးမှတဆင့် လွယ်ကူစွာ သွားလာနိုင်သည်။ ထို့အပြင် ကရင်ပြည်နယ်ရှိ နယ်စပ်မြို့များသို့လည်း အလွယ်တကူ သွားလာနိုင်သည်။ ရန်ကုန်မြို့နှင့် မော်လမြိုင်မြို့အား ရထားဖြင့် သွားလာနိုင်သည်။ ထို့အပြင် မော်လမြိုင်-ရေး-ထားဝယ် ရထားလမ်းလည်းရှိသည်။ မော်လမြိုင်မြို့တွင် လေဆိပ်တစ်ခုရှိသည်။၂၀၀၅ခုနှစ်တွင် တည်ဆောက်ပြီးစီးသော သံလွင်တံတား (မော်လမြိုင်)သည် ၂၀၁၂ခုနှစ်အထိ မြန်မာနိုင်ငံ၏ အရှည်ဆုံး မြစ်ကူးတံတားဖြစ်သည်။ လက်ရှိတွင် ဒုတိယအရှည်ဆုံးတံတားဖြစ်သည်။ မော်လမြိုင်နှင့် ချောင်းဆုံတို့အား ဆက်သွယ်ပေးသည့် သံလွင်တံတား (ချောင်းဆုံ) (ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း))မှာလည်း ၅၂၃၀ပေ ရှည်လျားသည်။

ပညာရေး ပြင်ဆင်ရန်

၂၀၁၄သန်းခေါင်စာရင်းအရ အသက်၁၅နှစ်နှင့်အထက် လူဦးရေတွင် စာတတ်မြောက်နှုန်းမှာ ၈၆.၆ရာခိုင်နှုန်းဖြစ်သည်။ မော်လမြိုင်မြို့တွင် တက္ကသိုလ်များနှင့် ကောလိပ်၊သိပ္ပံများရှိသည်။

ကျန်းမာရေး ပြင်ဆင်ရန်

မော်လမြိုင်မြို့နယ်တွင် ကုတင်(၅၀၀)ဆံ့ ပြည်နယ်ဆေးရုံ၊ ကုတင်(၃၀၀)ဆံ့ တပ်မတော်ဆေးရုံ၊ ကုတင် (၂၀၀)ဆံ့ အမျိုးသမီးနှင့် ကလေးဆေးရုံကြီး၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၂)ရုံ၊ တက္ကသိုလ်ဆေးရုံ(၁)ရုံ၊ ချောင်းဆုံမြို့နယ်တွင် ကုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံ (၁)ရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၃)ရုံ၊ ကျိုက်မရောမြို့နယ်တွင် (၂၅)ကုတင်ဆံ့ မြို့နယ်ဆေးရုံ (၁)ရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၂)ရုံ၊ မုဒုံမြို့နယ်တွင် (၂၅)ကုတင်ဆံ့ မြို့နယ်ဆေးရုံ (၁)ရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၂)ရုံ၊ သံဖြူဇရပ်မြို့နယ်တွင် (၆၆)ကုတင်ဆံ့ ဆေးရုံများ တည်ရှိသည်။

ကိုးကား ပြင်ဆင်ရန်

  1. Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၁၈၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီးFebruary 26, 2015 တွင် ပြန်စစ်ပြီး
  2. မွန်ပြည်နယ်အတွင်းရှိ ခရိုင်အမည်များ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
  4. သံဖြူဇရပ်မြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ။ 16 October 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 October 2021 တွင် ပြန်စစ်ပြီး။