မျှော်မှန်းရလဒ်အခြေပြု စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်း

မျှော်မှန်းရလဒ်အခြေပြု စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်းသည် မျှော်မှန်းရလဒ်အခြေပြု သင်ရိုးညွှန်းတမ်း (Outcome-based Curriculum) နှင့် စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်း (Integrated Curriculum) ကို ပေါင်းစည်းကာ ခေါ်ဝေါ်သုံးစွဲခြင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များတွင် ဤသင်ရိုးညွှန်းတမ်းကို ၂၀၂၀ ပညာသင်နှစ်မှ စတင်၍ အသုံးပြုသင်ကြားမည်ဖြစ်သည်။ [၁] အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၎င်းတို့ပါတီ၏ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကြေညာစာတမ်း၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍတွင် ဤသင်ရိုးညွှန်းတမ်းကို ဆေးတက္ကသိုလ်များ၌ အသုံးပြုသင်ကြားရန်ဟု ဖော်ပြထားသည်။ [၂]


ကိုးကား ပြင်ဆင်ရန်

  1. မြန်မာနိုင်ငံ အမျိုးသားအဆင့် ပြန်လည်သန်စွမ်းရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း မိတ်ဆက်ပွဲနှင့် မဟာဗျူဟာ စီမံကိန်းလုပ်ငန်းစဉ် အကောင်အထည်ဖော်ရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ (၂၀၁၉) ခုနှစ်၊ ဩဂုတ်လ (၁၈) ရက်နေ့
  2. ရွေးကောက်ပွဲကြေညာစာတမ်း။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။ ၂၀၂၀။