မြင်ကွန်းမြို့ဟောင်း သည် မြန်မာနိုင်ငံမကွေးတိုင်းဒေသကြီးမကွေးမြို့နယ်တွင် တည်ရှိသည့် ရှေးဟောင်းမြို့တစ်ခု ဖြစ်ပြီး လက်ရှိတွင် ကျေးရွာ ၁၀ ရွာပါဝင်သော တိုက်နယ်အဆင့် ဖြစ်ကာ အိမ်ခြေ ၁၄၀၀ ခန့်နှင့် လူဦးရေ ၅၅၀၀ ကျော်ရှိသည်။ ကုန်းဘောင်ခေတ်က မြင်ကွန်းမင်းသား အပိုင်စားရသော မြို့ဖြစ်ခဲ့သည်။[၁]

မြင်ကွန်းမြို့
မြို့ဟောင်း
မြင်ကွန်းဘုရင်၏ စေတီတော်ဟောင်း
မြင်ကွန်းဘုရင်၏ စေတီတော်ဟောင်း
မြင်ကွန်းမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မြင်ကွန်းမြို့
မြင်ကွန်းမြို့
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 20°00′38″N 95°01′06″E / 20.0104315°N 95.0182307°E / 20.0104315; 95.0182307
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

သမိုင်းကြောင်း ပြင်ဆင်ရန်

မြင်ကွန်းမြို့သည် အနော်ရထာမင်းလက်ထက်တွင် တည်ထောင်ခဲ့သော ကင်းမြို့ ၄၃ မြို့တွင် ပါဝင်သည်ဟု ဆိုသည်။[၂] ကုန်းဘောင်ခေတ်နှောင်းပိုင်း ၁၈၁၉ ခုနှစ်မှ ၁၈၈၅ ခုနှစ်အထိ ထင်ရှားခဲ့သော မြို့တစ်မြို့ဖြစ်ပြီး မြို့ဝန်ရုံးစိုက်ခဲ့သည်။ မြင်ကွန်းမြို့တွင် ပုဂံခေတ် စောလူးမင်းသည် ယာယီမြို့နန်းတည်ဆောက်ကာ ကျုံး၊ မြို့ရိုးတို့နှင့် စံစားခဲ့သည်ဟုလည်း ဆိုသည်။[၃]

အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအပြီး ၁၈၆၈ တွင် မြင်ကွန်းမြို့သည် ခြောက်မြို့ဝန် ဝန်စုပါမြို့နယ်ဖြစ်ပြီး မြင်ကွန်းမြို့ဝန်ကို မြင်ကွန်း၊ တောင်ခွင်၊ ပဌာနဂိုရ် သုံးမြို့ဝန်ဟု ခေါ်ခဲ့သည်။[၂][၃] ၁၉၀၈ ခုနှစ်တွင် မကွေးမြို့ဝန် မစ္စတာဝှီးလ်သည် မြင်ကွန်းမြို့ကို စနစ်တကျမြို့ကွက်ချ၍ ရပ်ကွက်ခြောက်ကွက်ဖြင့် မြို့ကွက်ပြန်လည် ဖော်ထုတ်ခဲ့သည်။[၁]

လမ်းပန်းဆက်သွယ်ရေး ပြင်ဆင်ရန်

မြင်ကွန်းမြို့သည် မကွေး-တောင်တွင်းကြီးလမ်းမှ လမ်းခွဲကာ ခုနှစ်မိုင်ခန့် သွားရသည်။ မကွေးမြို့မှ ကားလမ်းဖြင့် ၂၃ မိုင်အကွာ၊ ရေလမ်းဖြင့် ၁၀ မိုင်အကွာ တွင် တည်ရှိသည်။[၁]

စိတ်ဝင်စားဖွယ် နေရာများ ပြင်ဆင်ရန်

မြင်ကွန်းမြို့ဟောင်းတွင် ပုဂံခေတ်လက်ရာ စေတီပုထိုး၊ ဂူကျောင်း ကျောက်စာများ တည်ရှိသည်။ လက်ရှိတွင် စေတီပုထိုးဂူကျောင်းများ ၆၀ ခန့်ကျန်ရှိသည်။ ထင်ရှားသော စေတီနှင့် ကျောင်းများမှာ လေးဆူစံရာဘုရား၊ လေးမျက်နှာဘုရား၊ ရှင်အဇ္ဇဂေါဏဂူ၊ ကုလားကျောင်းဂူပျက်၊ ရဟန္တာသိမ်ဘုရား၊ မုန့်ပေါင်းသည် ညီအစ်မဘုရား၊ ရွှေနန်းပေါက်ဘုရား၊ ငါးမျက်နှာစေတီ၊ ကွမ်းထမ်းညီနောင်ဘုရား စသည်တို့ ဖြစ်သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ သုတ (၂၂ အောက်တိုဘာ ၂၀၁၄)။ မြင်ကွန်းမြို့ဟောင်းမှ ပုဂံခေတ်ပြိုင်စေတီများ။ မြဝတီ။ ၁၅ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  2. ၂.၀ ၂.၁ မကွေးလှမြင့် (၂၂ ဖေဖော်ဝါရီ ၂၀၁၆)။ မြင်ကွန်းမြို့ဟောင်းသို့ ဘုရားဖူးများ လာရောက်လျက်ရှိပြည်ထောင်စုနေ့စဉ်။ 21 April 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၅ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ ပါမောက္ခဦးကျော် (မကွေးတက္ကသိုလ်) (၁၉၇၇). "အောက်ဖြစ်စဉ်အကြောင်း သမိုင်း (၁၈၁၉-၁၈၈၅) စာတမ်း".