ဦးမြတ်ဟိန်း သည် မြန်မာနိုင်ငံသား ဗိုလ်ချုပ်ကြီး ဟောင်းနှင့် တပ်မတော် (လေ) တွင် ကာကွယ်ရေးဦးစီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။[၂]

မြတ်ဟိန်း
Myat Hein.jpg
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီး
တာဝန်သက်တမ်း
၁၃ ဖေဖော်ဝါရီ ၂၀၁၃ – ၁၂ ဩဂုတ် ၂၀၁၅[၁]
ယခင်လူသိန်းထွန်း (ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး အဖြစ်)
ဆက်ခံသူဇေယျာအောင်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (၁၉၅၅-0၄-၂၇) ဧပြီ ၂၇၊ ၁၉၅၅ (အသက် ၆၅)
ပဲခူးတိုင်းမြန်မာနိုင်ငံ
လူမျိုးမြန်မာ
ကြင်ဖော်(များ)ဒေါ်ထွေးထွေးညွန့်
မိခင်ကျောင်းစစ်တက္ကသိုလ်
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ
တပ်/တပ်ဖွဲ့ခွဲတပ်မတော် (လေ)
အမှုထမ်းကာလ၁၉၇၅ - ၂၀၁၃
ရာထူးဗိုလ်ချုပ်ကြီး

၂၀၀၁ ခုနှစ်တွင် ဗိုလ်မှူးကြီး အဆင့်ဖြင့် စစ်ဦးစီးအရာရှိချုပ် (လေ) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ယင်းနောက် ဗိုလ်မှူးချုပ်အဖြစ် တိုးမြှင့်ခြင်း ခံရသည်။[၃] ၂၀၀၃ ခုနှစ်တွင် ဗိုလ်ချုပ်အဆင့်ဖြင့် ကာကွယ်ရေးဦးစီးချုပ် (လေ) အဖြစ် တာဝန်ယူခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ် အဖြစ် တာဝန်ယူစဉ် ကာလအတွင်း တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့် အနီးကပ်ဆက်ဆံရေးကို ထိန်းထားနိုင်ခဲ့သည်။[၄][၅]

ဦးမြတ်ဟိန်းသည် ဒေါ်ထွေးထွေးညွန့်နှင့် လက်ထပ်ခဲ့သည်။

၁၃ ဖေဖော်ဝါရီ ၂၀၁၃ တွင် တပ်မတော်မှ အနားယူခဲ့ပြီး ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၏ ဝန်ကြီး ဖြစ်လာခဲ့သည်။[၆]

ဦးမြတ်ဟိန်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြည်ခိုင်ဖြိုးပါတီကို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အပြန်အသတ်အနိုင်ရပြီး အစိုးရဖွဲ့နိုင်ခဲ့ပြီးနောက် ၂၀၁၆ ခုနှစ် တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၏ ဒုတိယဥက္ကဋ္ဌ တာဝန်ကိုထမ်းဆောင်ခဲ့သည်။

ကိုးကားပြင်ဆင်

  1. Top ministers resign။ Eleven (13 August 2015)။ 13 August 2015 တွင် ပြန်စစ်ပြီး။
  2. Myanmar Information Committee, Yangon Archived ၂၂ ဒီဇင်ဘာ ၂၀၁၀ at WebCite
  3. http://www.myanmar.gov.mm/NLM-2002/enlm/May7.htm Archived စက်တင်ဘာ ၁၀, ၂၀၀၅ at the Wayback Machine
  4. Ambassador Li Jinjun holds dinner in honor of the C-in-C (Air)and party to visit China soon Archived ၂၂ ဒီဇင်ဘာ ၂၀၁၀ at WebCite
  5. Top-level defence visits between India, Myanmar - The Times of India Archived ၂၂ ဒီဇင်ဘာ ၂၀၁၀ at WebCite
  6. Latt၊ Win Ko Ko။ "Air Force boss to take over telecoms"၊ 11 Feb 2013။ 13 February 2013 တွင် ပြန်စစ်ပြီး 
စစ်ဖက်ဆိုင်ရာ ရုံးများ
ယခင်က
မြင့်ဆွေ
တပ်မတော် (လေ) ကာကွယ်ရေးဦးစီးချုပ်
၂၀၀၃ - ၂၀၁၃
ဆက်ခံသူ
ခင်မောင်မြင့်