မြန်မာကြယ်ငါးပွင့် သင်္ဘောကုမ္ပဏီ

မြန်မာကြယ်ငါးပွင့် သင်္ဘောကုမ္ပဏီ သည် ဗမာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်တွင် စတင်တည်ထောင်သည့် တပ်မတော်ပိုင် လုပ်ငန်းတစ်ခုဖြစ်သည်။ ယခုအခါ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် လက်အောက်တွင် လည်ပတ်လျက် ရှိသည်။

စတင် တည်ထောင်ခြင်း ပြင်ဆင်ရန်

၁၉၅၉ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်တွင် မြန်မာ ကြယ်ငါးပွင့် သင်္ဘောကုမ္ပဏီ ကို စတင် တည်ထောင်သည်။ ၂၁ ရက်နေ့၊ ညနေ (၆) နာရီ၌ ရန်ကုန်မြို့၊ ကမ္ဘောဇ ဟိုတယ်၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ရာ ဒုတိယဗိုလ်မှူးကြီး စိန်လွင်၊ အစ္စရေးရေကြောင်း ကုမ္ပဏီ မန်နေဂျာ အိုင်အီး အိုလန် နှင့် ဒုတိယဒါရိုက်တာ ပီလယ် ဝပ်ဆင် တို့က သတင်းစာဆရာတို့၏ မေးမြန်းမှုများကို ဖြေကြားသွားသည်။ မတည်ငွေ (၁၂) သိန်းဖြင့် တည်ထောင်ပြီး မတ်လ မှစ၍ မြန်မာ-ဂျပန် ရေကြောင်းခရီးဖြင့် စတင်မည်ဖြစ်သည်။ ဆိုက်ကပ်မည့်ဆိပ်ကမ်းများမှာ ရန်ကုန်၊ စင်္ကာပူ၊ ဘန်ကောက်၊ ဆိုင်ဂုံ (ယခု ဟန္နိုင်း)၊ ဟောင်ကောင်၊ ကိုဘေး တို့ ဖြစ်သည်။ မြန်မာ-ဂျပန် လမ်းကြောင်းကို လစဉ်ပြေးဆွဲမည် ဖြစ်ကြောင်းလည်း သိရသည်။ [၁]

၁၉၆၀ ပြည့်နှစ်၊ မတ်လ မှစ၍ တောင်အာဖရိကမှ ကျောက်မီးသွေးများကို မြန်မာသို့ တင်ပို့ရောင်းချမည်ဖြစ်ကြောင်း သိရသည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. "မြန်မာကြယ်ငါးပွင့် သင်္ဘောကုမ္ပဏီ စတင်တည်ထောင်"၊ အိုးဝေ သတင်းစာ၊ 22 January 1959။ 
  2. "ကြယ်ငါးပွင့် သင်္ဘောကုမ္ပဏီ ကုန်တင်ကုန်ချ အထူးအောင်မြင်နေ"၊ ဟံသာဝတီ သတင်းစာ၊ 25 January 1960။