မြန်မာခရစ်ယာန်အသင်းတော်များ

မြန်မာနိုင်ငံရှိ ခရစ်ယာန်ဘာသာဝင် အများစုမှာ တိုင်းရင်းသားလူမျိုးစုများဖြစ်သော ချင်းကရင်ကချင်လီဆူးလားဟူ စသည်တို့ဖြစ်ကြသည်။ CIA Factbook တွင် ဖော်ပြထားချက်မှာ မြန်မာပြည်၏ လေးရာနှုန်းသော (၂ဒသမ၄သန်းခန့်) ခရစ်ယာန်လူဦးရေ ရှိသည်ဟု ဆိုသည်။[၁] ပရိုတက်စတင့် ၃ ရာနှုန်း နှင့် ရိုမင်ကက်သလစ် ၁ ရာနှုန်း တို့ဖြစ်သည်။ အင်္ဂလိကန် Anglican Communion အရ ၂၀၀၆ တွင် အသင်းဝင် ၆၂၀၀၀ ရှိပြီး၊ နှစ်ခြင်းအသင်းတော် Myanmar Baptist Convention စာရင်းအရ ပရိုကတ်စတင့်ခရစ်ယာန်အားလုံး၏ တစ်ဝက်ခန့်မှာ နှစ်ခြင်းခရစ်ယာန်များဖြစ်သည်။ မြန်မာနှစ်ခြင်းအဖွဲ့ချုပ်မှတ်တမ်း ၂၀၀၆ အရ အသင်းသားဦးရေ ၆သိန်းကျော် 662,834 နှင့် အသင်းတော် 3905 ရှိသည်ဟု သိရသည်။

မြန်မာနိုင်ငံခရစ်ယာန်ဟု ဆိုရာတွင် Myanmar Council of Churches ကို နိုင်ငံတော်အစိုးရက တရားဝင်အသိအမှတ်ပြုထားသည့် MCC သည် ပရိုတက်စတင့်များ အစဦးအဖွဲ့အစည်းဖြစ်သည်။ ၁၉၆၀ နောက်ပိုင်းတွင် အခြားသော သီးခြားခရစ်ယာန်အဖွဲ့အစည်းများစွာ ရှိလာသည်။ အဓိကအဖွဲ့အစည်းကြီးနှစ်ခု ရှိသေးပါသည်။ (၁) မြန်မာနိုင်ငံဧဝံဂေလိမိတ်သဟာယအဖွဲ့ Myanmar Evangelical Christian Fellowship(ဆရာဦးမျိုးချစ်၊ ဆရာ ရာဘွဲ့၊ ဒေါက်တာအောင်မန်းနှင့် အခြားခေါင်းဆောင်များပါဝင်သည့် အဖွဲ့) (၂) မြန်မာနိုင်ငံ ဧဝံဂေလိပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ MCMC (ဆရာဦးတင်မောင်ထွန်း၊ ဆရာဦးအောင်သက်ညွန့် ပါဝင်သည့်အဖွဲ့) ၎င်းပြင် ဆရာဒေဗစ်ရိုးမိုဦးဆောင်ခဲ့သည့် Yang Crusade (MYC)၊ Evangelical Baptist Church, ဆရာရော်ဗင်ခိုင်တို့၏ အဖွဲ့အစည်း စသည်ဖြင့် များစွာ ရှိနေသေးကြောင်းသိရသည်။ ထိုအဖွဲ့အစည်းများတွင် ပါဝင်သော ခရစ်ယာန်ဦးရေလည်း များစွာရှိသည်။ ပရိုတက်စတင့်ခရစ်ယာန်များတွင် MCC ဟူသော တရားဝင်အသိအမှတ်ပြုထားသော ခရစ်ယာန်အဖွဲ့အစည်းများ အပြင် ထိုအဖွဲ့ထဲ၌ မပါဝင်သော ဧဝံဂေလိအသင်းတော်၊ အဖွဲ့အစည်း အသင်းတော်များစွာလည်း ရှိကြသည်။

၁၉၇၀ နောက်ပိုင်းတွင် အေဂျီအသင်းတော်များ ခေတ်စားလာသည်။ ယခုအခါ ပရိုတက်စတင့်များသာမက ရိုမင်ကက်သလစ် သင်းတော်များစွာသည် သီဆိုချီးမွမ်းခြင်းကို ကိုးကွယ်ဝတ်ပြုအစည်းအဝေး မစမှီတွင် စတင်လုပ်ဆောင်လာကြသည်။ ၁၉၆၆ တွင် တော်လှန်ရေးအစိုးရမှ ခရစ်ယာန် မစ်ရှင်ကျောင်းအားလုံးကို ပြည်သူပိုင်သိမ်းပြီး၊ နိုင်ငံခြားသား မစ်ရှင်လုပ်ကိုင်သူ သာသနာပြုဆရာများကို နေထိုင်ခွင့်မပြုတော့ပါ။ မြန်မာအသင်းတော်များ နိုင်ငံခြားအဆက်အသွယ်မရှိပဲ ပြည်တွင်းတွင် ရပ်တည်ခဲ့ရသည်။ Baptists, Assemblies of God, Methodists and Anglicans များသည် အင်အားကြီးအသင်းတော်များအဖြစ် ရှိနေကြနေကြကြသည်။

မြန်မာ Council of Churches တွင် အသင်းတော်များနှင့် ခရစ်ယာန်အဖွဲ့အစည်းများကို အောက်ပါအတိုင်း ဖော်ပြထားသည်။ (R2)

  • The followings are the member churches of MCC:
  1. Myanmar Baptist Convention (member of CCA & RCC)
  2. Church of the Province of Myanmar
  3. Methodist Church, Upper Myanmar
  4. Mara Evangelical Church
  5. Presbyterian Church of Myanmar
  6. Methodist Church, Lower Myanmar
  7. Independence Presbyterian Church of Myanmar
  8. Lutheran Bethlehem Church
  9. St. Gabriel’s Congregational Union Church
  10. Salvation Army, Myanmar Region
  11. Self-Supporting Kayin Baptist Mission Society (SSKBMS)
  12. Lisu Christian Church of Myanmar(LCC)
  13. Evangelical Free Church of Myanmar
  14. Independent Church Home Mission,

There are eight major ethnic racial/national groups, such as Bamar, Chin, Kachin, Kayah, Kayin, Mon, Rakhine, Shan, etc. There are also significant populations of Chinese and Indians. The Bamars are the majority ethnic national group making up about 60% of the Population. All the other seven minority groups are distributed into less than 35% as there are about 5% Chinese and Indians. Most of the ethnic groups are hill tribes and rural peoples. It is estimated that there are about 87% Buddhists (Theravada), 6% Christians,4% Muslims,1% Hindus and 2% others. The Christian population has membership from all ethnic national groups, however, over 90% Christians are made up by Kayins, Kachins, Chins, and Kayahs. There are very few Christians among Bamars, Rakhine, Shan and Mon who have strong Buddhist backgrounds.

Co-operating National Ecumenical Bodies

  1. Nation Council of YMCAs of Myanmar
  2. National YWCA
  3. Bible Society of Myanmar
  4. Christian Literature Society of Myanmar
  5. Association for Theological Education in Myanmar (ATEM)
  6. Myanmar Christian Health Workers’ Service Association(MCHWSA)
  7. Myanmar Christian Leprosy Mission
  8. Myanmar Youth for Christ(MYFC)
  9. National Ecumenical Church Loan Fund (ECLOF) of Myanmar
  10. The Gideons International Myanmar
  11. The Myanmar Christian Women Temperance Union

ကိုးကား ပြင်ဆင်ရန်

  1. Burma Archived 6 October 2010 at the Wayback Machine.. CIA World Factbook.