မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်
ပြည်ထောင်စုသမ္ပမြန်မာနိုင်ငံတော်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် (အင်္ဂလိပ်: Catholic Bishops' Conference of Myanmar, CBM) သည် မြန်မာနိုင်ငံ၏ ကက်သလစ်သာသနာ ဂိုဏ်းချုပ်၊ ဂိုဏ်းအုပ်ဆရာတော်များ အဖွဲ့အစည်း ဖြစ်သည်။ ရုံးချုပ်သည် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ပြည်လမ်း၊ အမှတ်(၂၉၂-က) တွင် တည်ရှိသည်။
ဖွဲ့စည်းမှု
ပြင်ဆင်ရန်အဖွဲ့ချုပ်တွင် ကော်မရှင်များ၊ အေဂျင်စီများ၊ ကောင်စီများနှင့် အခြားအဖွဲ့အစည်းများ ပါဝင်သည်။ နေ့စဉ်လုပ်ငန်းဆောင်တာများကို အတွင်းရေးမှူးအဖွဲ့မှ ကြီးကြပ်ပါသည်။ အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံတွင် ဂိုဏ်းအုပ် ၁၆ ပါနှင့် လက်ထောက်ဂိုဏ်းအုပ်များ ပါဝင်သည်။ လက်ရှိ အဖွဲ့ချုပ်၏ ဥက္ကဋ္ဌသည် ကာဒီနယ်ရဟန်းအမတ် ချားလ်စ်မောင်ဘို ဖြစ်သည်။
ယခင်ဥက္ကဋ္ဌများ
ပြင်ဆင်ရန်စဉ် | ဥက္ကဋ္ဌ | တာဝန်သက်တမ်း |
---|---|---|
၁ | ဂိုဏ်းချုပ် Victor Bazin ၊ MEP | ၁၉၆၇ - ၁၉၆၉ |
၂ | ဂိုဏ်းချုပ် Gabriel Thohey Mahn-Gaby | ၁၉၆၉ - ၁၉၇၆ |
၃ | ဂိုဏ်းချုပ် အယ်လ်ဖွန်စ် ဦးသန်းအောင် | ၁၉၇၆ - ၁၉၈၂ |
၄ | ဂိုဏ်းအုပ် ဆရာတော် Paul Zingtung Grawng (နောင်ဂိုဏ်းချုပ်) | ၁၉၈၂ - ၁၉၉၂ |
၅ | ဂိုဏ်းချုပ် Alphonse ဦးသန်းအောင် | ၁၉၉၂ - ၁၉၉၄ |
၆ | ဂိုဏ်းချုပ် မဿိဦးရွှေ | ၁၉၉၄ - ၂၀၀၀ |
၇ | ဂိုဏ်းချုပ် ချားလ်မောင်ဘို ၊ SDB (၆၀) | ၂၀၀၀ - ၂၀၀၆ |
၈ | ဂိုဏ်းချုပ် Paul Zingtung Grawng | ၂၀၀၆ - ၂၀၁၂ |
၉ | ဂိုဏ်းအုပ် ဆရာတော် John Hsane Hgyi | ၂၀၁၂ - ၂၀၁၄.၀၇ |
၁၀ | ဂိုဏ်းအုပ် ဆရာတော် Felix Lian Khen Thang | ၂၀၁၄.၀၇ - ၂၀၂၀ |
၁၁ | ကာဒီနယ်ရဟန်းအမတ် ချားလ်စ်မောင်ဘို | ၂၀၂၀ - လက်ရှိ |