မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်

မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်(အင်္ဂလိပ်: Myanmar Mercantile Marine College)သည် ရေကြောင်းနှင့် ရေကြောင်းအင်ဂျင်နီယာ ကဏ္ဍနှစ်မျိုးစလုံးနှင့် သက်ဆိုင်သော သင်တန်းများကို ပို့ချပေးနေသည့် တစ်ခုတည်းသော နိုင်ငံပိုင်အဖွဲ့အစည်းဖြစ်သည်။ ပင်လယ်ရေကြောင်းအမှုထမ်းများအား နိုင်ငံပိုင်နှင့် နိုင်ငံခြားကုမ္ပဏီပိုင် ရေယာဉ်များတွင် အမှုထမ်းနိုင်သည့်နိုင်ငံတကာ အသိအမှတ်ပြု ရေကြောင်းဘက်ဆိုင်ရာကျွမ်းကျင်သူများ ဖြစ်လာစေရေး လေ့ကျင့်ပေးရန် ရည်ရွယ်၍ ဖွင့်လှစ်ထားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်တွင် အခြေခံသင်္ဘောသားမှ ရေယာဉ်မှူး၊ ပထမရေကြောင်းအင်ဂျင်နီယာအဆင့်တိုင်အောင် သက်ဆိုင်ရာပညာရပ်များကို သင်ကြားပို့ချပေးလျက်ရှိသည်။

မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်
အမျိုးအစားအများပြည်သူနှင့်သက်ဆိုင်သော
တည်ထောင်မတ်လ ၁၉၇၂
ကျောင်းအုပ်ကြီးဇော်လွင်ဦး
သင်တန်းသား၉၅၇၇[၁]
တည်နေရာဆင်မလိုက်၊ ရန်ကုန်မြို့မြန်မာနိုင်ငံ
16°49′49″N 96°7′10.3″E / 16.83028°N 96.119528°E / 16.83028; 96.119528ကိုဩဒိနိတ်: 16°49′49″N 96°7′10.3″E / 16.83028°N 96.119528°E / 16.83028; 96.119528
နှီးနွယ်အဖွဲ့အစည်းများပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန
ဝဘ်ဆိုဒ်mmmc.edu.mm

သမိုင်း​ကြောင်း ပြင်ဆင်ရန်

ကာကွယ်ရေး ဝန်ကြီးဌာနပညာရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍၊ ကုန်သွယ်ရေကြောင်းနှင့် အင်ဂျင်နီယာအရာရှိလောင်း သင်တန်းများကို ဆိပ်ကြီးရေတပ်လေ့ကျင့်ရေးကျောင်းတွင် ၁၉၆၃ ခုနှစ်မှ စတင်၍ ဖွင့်လှစ်ခဲ့သည်။ ကုန်သွယ်ရေကြောင်း(အမှုထမ်း)များအတွက် ရှေ့ပြေးအစီအစဉ်များကို ရေးဆွဲပြီး ၁၉၇၁ ခုနှစ် အောက်တိုဘာ ၁ရက် တွင် ကုန်သွယ်ရေကြောင်းလေ့ကျင့်ရေးကျောင်းကို တည်ထောင်ခဲ့သည်။

ထို့နောက် ၁၉၇၂ခုနှစ် မတ်လ ၁၅ရက်တွင် ရေကြောင်းပညာသိပ္ပံကျောင်း အမည်ဖြင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနအောက်တွင် ဖွဲ့စည်းခဲ့သည်။ ရေကြောင်းပညာသိပ္ပံ၏ တိုးချဲ့ဖွဲ့စည်းပုံအား ထောက်ခံခဲ့သည့် ၂၀၀၅ ခုနှစ် ဇန်နဝါရီလ ၁၃ရက် တွင်ကျင်းပသော နိုင်ငံတော်အစိုးရအဖွဲ့ အစည်းအဝေး(၂/၂၀၀၅) ၏ဆုံးဖြတ်ချက်အား နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ အတည်ပြုခဲ့သည်။

Lloyd's Register Quality Assurance (LRQA) မှ သတ်မှတ်ထားသော အရည်အသွေး စီမံခန့်ခွဲမှု စံချိန်စံညွှန်းနှင့် ကိုက်ညီသဖြင့် ၂၀၁၀ ခုနှစ် ဇူလိုင်လ (၆) ရက်နေ့တွင် (LRQA) ကပေးအပ်သော နိုင်ငံတကာ အဆင့်အရည်အသွေး စီမံခန့်ခွဲမှု စံချိန်မီအသိအမှတ်ပြုလက်မှတ် (ISO) 9001:2008 Certification ကို ရရှိခဲ့သည်။

ရေကြောင်းနှင့် ရေကြောင်းအင်ဂျင်နီယာပညာရပ်များကို စာတွေ့လက်တွေ့အပြင် သရုပ်ပြလေ့ကျင့်မှုများနှင့် ပေါင်းစပ်ပြီး သင်ကြား လေ့ကျင့်ပေးနိုင်ခဲ့သဖြင့် ၂၀၀၉ ခုနှစ် မတ်လ (၂၅) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်အရ ရေကြောင်းပညာသိပ္ပံမှ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ် အဆင့်သို့ အဆင့်မြှင့် ဖွင့်လှစ်ခဲ့သည်။ [၂][၃]

ဖွဲ့စည်းပုံ ပြင်ဆင်ရန်

မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်၏ ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်း ဖြစ်သည်။ [၄]

  • ကျောင်းအုပ်ကြီး
    • ဌာနမှူး (စီမံခန့်ခွဲရေး)
      • စီမံရေးရာဌာနခွဲ
      • ဘဏ္ဍာရေးရာဌာနခွဲ
      • စခန်းဌာနခွဲ
    • ဌာနမှူး (သင်ကြား/လေ့ကျင့်)
      • သင်ကြားရေးဌာန
        • ရေကြောင်းပညာဌာန
        • ရေကြောင်းအင်ဂျင်နီယာဌာန
        • အလုပ်ရုံနည်းပညာဌာန
        • မြန်မာစာဌာန
        • အင်္ဂလိပ်စာဌာန
        • သင်္ချာဌာန
        • ဓာတုဗေဒဌာန
        • ရူပဗေဒဌာန
        • ကွန်ပျူတာဌာန

သင်တန်းများ ပြင်ဆင်ရန်

မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်တွင် ဖွင့်ထားသောသင်တန်းများကို အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ်၏ ပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီရေးအတွက် သက်ဆိုင်ရာကဏ္ဍများကို သီးခြားလေ့ကျင့်ခြင်းသာမက၊ စနစ်ကျပြီး စည်းကမ်းရှိသည့် တာဝန်ကျေပွန်သော ရေကြောင်းဘက် ဆိုင်ရာအမှုထမ်းများ ဖြစ်လာစေရန်ပါ ရည်ရွယ်၍ ပုံစံထုတ်ရေးဆွဲထားသည်။

မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်တွင် ဖွင့်လှစ်သင်ကြားပေးနေသော သင်တန်းများမှာ အောက်ပါအတိုင်းဖြစ်သည်။[၅]

  • အရာရှိလောင်း ဒီပလိုမာသင်တန်းများ
    • ကုန်သွယ်ရေကြောင်း အရာရှိလောင်းဒီပလိုမာသင်တန်း
    • ကုန်သွယ်ရေကြောင်း အင်ဂျင်နီယာအရာရှိလောင်း ဒီပလိုမာသင်တန်း
  • ပင်လယ်ရေကြောင်း ကျွမ်းကျင်မှုလက်မှတ်ဆိုင်ရာ သင်တန်းများ
    • ရေယာဉ်မှူး (အပြည်ပြည်သွား) သင်တန်း
    • ပထမအရာရှိ (အပြည်ပြည်သွား) သင်တန်း
    • ရေကြောင်းသွားလာရေးဆိုင်ရာ ကြီးကြပ်မှုအရာရှိသင်တန်း
    • ရေယာဉ်မှူး (ကမ်းရိုးတန်းသွား) သင်တန်း
    • ပထမအရာရှိ (ကမ်းရိုးတန်းသွား) သင်တန်း
    • အင်ဂျင်နီယာမှူးကြီးအရာရှိသင်တန်း
    • ဒုတိယအင်ဂျင်နီယာအရာရှိသင်တန်း
    • စက်ပိုင်းဆိုင်ရာ ကြီးကြပ်မှုအရာရှိသင်တန်း
  • ရေဒီယိုဆက်သွယ်ရေး တာဝန်ထမ်းဆောင်သူများ သင်တန်း
    • ကမ္ဘာလုံးဆိုင်ရာ ပင်လယ်ရေကြောင်း ဒုက္ခရောက်သူများ ကယ်ဆယ်ရေးဆိုင်ရာ စနစ်သင်တန်း
  • ရေယာဉ်အမျိုးအစားများအလိုက် တာဝန်ထမ်းဆောင်မည့်သူများအတွက် သင်တန်းများ
    • ရေနံဓာတုပစ္စည်းတင်သင်္ဘောသင်တန်း
    • ဆီတင်သင်္ဘောနည်းပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်း
    • ဓာတုပစ္စည်းတင်သင်္ဘောနည်းပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်း
    • လူစုလူဝေးစီမံခန့်ခွဲမှုသင်တန်း
  • ဘေးအန္တရာယ်ကင်းရှင်းရေး/အသက်အန္တရာယ်လုံခြုံမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုသင်တန်းများ
    • အခြေခံဘေး အန္တရာယ်ကင်းရှင်းရေးသင်တန်း
    • အသက်ကယ်ရေယာဉ်များနှင့် ကယ်ဆယ်ရေးလှေများ ကျွမ်းကျင်မှုဆိုင်ရာသင်တန်း
    • အဆင့်မြင့်မီးသတ်သင်တန်း
    • ရှေးဦးသူနာပြုသင်တန်း
    • အဆင့်မြင့်ဆေးသင်တန်း (ဆေးကုသမှု)
  • အခြားသင်တန်းများ
    • ကုန်းပတ်ဘက်ဆိုင်ရာ ပင်လယ်ပြင် အကြိုသင်တန်း
    • စက်ဘက်ဆိုင်ရာ ပင်လယ်ပြင် အကြိုသင်တန်း
    • အန္တရာယ်ရှိ ကုန်ပစ္စည်းလုံခြုံမှုသင်တန်း
    • ရေကြောင်းနည်းပြသင်တန်း
    • ပဲ့စင်တာဝန်ကျသူများ စီမံမှုဆိုင်ရာအထူးသင်တန်း
    • ရေယာဉ်မောင်းနှင်ခြင်းနှင့် ကိုင်တွယ် (ကပ်/ခွာ)ခြင်းသင်တန်း
    • ရေယာဉ်လုံခြုံရေးအရာရှိသင်တန်း
    • အီလက်ထရောနစ်ရေပုံဖော်ပြမှုနှင့် သတင်းအချက်အလက်စနစ်သင်တန်း
    • အလုပ်ရုံကျွမ်းကျင်မှုသင်တန်း (အင်ဂျင်နီယာအရာရှိလောင်း)
    • Basic Engieering Knowledge Couse (BEK)

ဆက်စပ်ဖတ်ရှုရန် ပြင်ဆင်ရန်

အကိုးအကား ပြင်ဆင်ရန်

  1. Institute of Marine Technology။ ASEAN။ 2008-11-27 တွင် ပြန်စစ်ပြီး။
  2. Histroy of MMMC။ ပို့ဆောင်ရေးဝန်ကြီးဌာန။ 13 September 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၄-၁၀-၂၄ တွင် ပြန်စစ်ပြီး။
  3. "မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်-သမိုင်းကြောင်း"၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန။ Archived from the original on 27 August 2021။ 
  4. Organization of MMMC။ ပို့ဆောင်ရေးဝန်ကြီးဌာန။ 13 September 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၄-၁၀-၂၄ တွင် ပြန်စစ်ပြီး။
  5. Activities of MMMC။ ပို့ဆောင်ရေးဝန်ကြီးဌာန။ 25 August 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၄-၁၀-၂၄ တွင် ပြန်စစ်ပြီး။