မြန်မာနိုင်ငံတွင် သမိုင်းမတင်မီ ကျောက်ခေတ်ကတည်းကပင် ပန်းချီရေးဆွဲမှု အတတ်ပညာရှိခဲ့ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်ရှိ ပဒတ်လိုဏ် ဗဒလင်းဂူအတွင်း၌ နွားရုပ်၊ နေရုပ်၊ ငါးရုပ် အပါအဝင် နှစ်ပေါင်း တစ်သောင်းကျော် သက်တမ်းရှိ ရှေးဟောင်း နံရံဆေးရေးပန်းချီများကို လေ့လာခြင်းဖြင့် သိနိုင်သည်။ မြန်မာ့ပန်းချီကို ခေတ်ကြီး ၆ ခေတ်ခွဲ၍ လေ့လာနိုင်သည်။ သမိုင်းမတင်မီခေတ်နှင့် ပျူခေတ်ပုဂံခေတ်ညောင်ရမ်းခေတ်ကုန်းဘောင်ခေတ်၊ ၂ဝ ရာစုနှင့် နောက်ပိုင်းပန်းချီဟူ၍ ဖြစ်သည်။

မြန်မာ့ပန်းချီ သမိုင်းပြင်ဆင်

သမိုင်းမတင်မီခေတ်ပြင်ဆင်

သမိုင်းမတင်မီ ကျောက်ခေတ်လက်ရာများတွင် ကျောက်ခေတ်လူသားတို့၏ လူနေမှုဘဝ၊ အမဲလိုက်ကြပုံနှင့် သဘာဝကို ကိုးကွယ်ခြင်း အလေ့အထများကို လေ့လာတွေ့ရှိနိုင်သည်။ တောင်ကမ်းပါးကြားမှ နေထွက်ပုံ၊ လက်ဝါးပုံ၊ သားကောင်ပုံများကို ရေးဆွဲလေ့ရှိကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ၇၀၀ဝ ခန့်က ရေးဆွဲခဲ့သည်ဟု ခန့်မှန်းရသည်။ ၎င်းပုံများမှတဆင့် ကျောက်ခေတ်လူသားတို့၏ လူမှုဆက်ဆံရေးနှင့် နေထိုင်အသက်မွေးပုံ အတိတ်သမိုင်းတို့ကို သိရှိရပါသည်။ (မြန်မာနိုင်ငံရှိ ကျောက်ခေတ်လက်ရာများကို ရှမ်းပြည်နယ်၊ တောင်ကြီး - ဟန်မြင်းမိုရ် ကားလမ်းရှိ ရွာငံဒေသ၊ ပြဒါးလင်းဂူတွင် ယနေ့တိုင်ရှိကြောင်း လေ့လာသိရှိရပါသည်။)

ပျူခေတ်ပြင်ဆင်

ပျူခေတ်တွင်မူ ပန်းဆယ်မျိုးအပါအဝင် ပန်းပု၊ ပန်းတိမ်နှင့် ပန်းချီတို့ထွန်းကားခဲ့မည်ဟု ယူဆနိုင်သော်လည်း သေချာသောအထောက်အထား မရှိသေးပါ။

ပုဂံခေတ်ပြင်ဆင်

 
ဗုဒ္ဓပုံ နံရံဆေးရေး ပန်းချီ

ပုဂံခေတ်သည် ပန်းချီရေးဆွဲမှုအတတ်ပညာ အမြင့်မားဆုံးဖွံ့ဖြိုးတိုးတက်ခဲ့ပြီး သမိုင်းဝင်ပန်းချီခေတ်ဦးဖြစ်သည်။ ပုဂံခေတ်တွင် နံရံဆေးရေးပန်းချီရေးဆွဲခဲ့ကြပြီး မဇ္ဈိမဒေသမှ ပြန့်ပွားလာသော ဗုဒ္ဓအယူဝါဒများနှင့် အတူတွဲဖက်ပါဝင်လာသော ပါလ ပန်းချီရေးနည်းမှ ဆင်းသက်လာခြင်းဖြင့်သည်။ ကောက်ကြောင်းရေး ဆေးပိန်းခြယ်သော နည်းစနစ်ကို အသုံးပြုခဲ့ကြသည်။ နိပါတ်တော်၊ ဗုဒ္ဓဝင်၊ ခြေရာတော်၊ ဟိန္ဒူဆိုင်ရာဝါဒများ၊ ကနုတ်ပန်း အနွယ်အခက်များကို ‌ရေးဆွဲကြသည်။ သာသနာတော်ဖွံ့ဖြိုးခြင်းကြောင့် ဂူဘုရားများတွင် ပန်းချီရေးခြင်းလည်း အမြင့်မားဆုံးဖွံ့ဖြိုးခဲ့သည်။ ညောင်ရမ်းခေတ်တွင်မူ အိန္ဒိယဟန် နည်းပါးသွားပြီး မြန်မာဆန်ဆန်ရေးဆွဲလာကြသည်။ ပုဂံရှိ တိလောကဂုရုလှိုဏ်ဂူအတွင်း နံရံဆေးရေးလက်ရာများကို လေ့လာလျှင် ဗုဒ္ဓဝင်ခန်းများ၊ ငါးရာ့ငါးဆယ် ဇာတ်နိပါတ်မှ ကောက်နှုတ်သရုပ်ဖော်ချက်များ၊ ကနုတ်ပန်းများသည် မြန်မာမှု မြန်မာ့ဟန်ကို အလေးကဲ၍ မြန်မာဆန်ဆန်ရေးဆွဲလာကြောင်း တွေ့ရသည်။

ကုန်းဘောင်ခေတ်ပြင်ဆင်

ကုန်းဘောင်ခေတ်တွင် ရေးခြယ်ခဲ့သော ဥပါလိသိမ်မှ နံရံပန်းချီလက်ရာများ ပုဂံမြို့ဟောင်းရှိ အာနန္ဒာအုတ်ကျောင်း ပန်းချီလက်ရာများ၊ ချောင်းဦးမြို့နယ် ခင်မွန်ရွာရှိ ရုပ်စုံဘုရားမှ ကုန်းဘောင်ခေတ်ဦး ပန်းချီလက်ရာများကို လေ့လာကြည့်လျှင် မြန်မာမှုမြန်မာဟန်များ ပိုမိုပါဝင်လာသည်ကို တွေ့နိုင်ပါသည်။ ရတနာပုံ မန္တလေးခေတ်တွင်မူ ပုဂံခေတ်ကဲ့သို့ ဘာသာရေးပုံများသာ မဟုတ်တော့ဘဲ ပန်းချီရေးဆွဲသည့် အကြောင်းအရာ များလည်း ကျယ်ပြန့်လာခဲ့သည်။ မင်းနှင့်စပ်ဆိုင်သော အကြောင်းများ၊ မင်းခမ်းမင်းနား၊ မင်းမိန့်၊ နက္ခတ်ကျမ်းများကိုလည်း ပန်းချီပညာဖြင့် သရုပ်ဖော်လာကြသည်။ ရေးဆွဲရာတွင်လည်း အုတ်နံရံများတွင်သာမက ပုရပိုက်၊ ပေများပေါ်တွင်လည်း ရေးဆွဲလာကြသည်။ နိပါတ်ပန်းချီ၊ စပ်ပန်းချီများလည်း စတင်ထွန်းကားလာခဲ့သည်။

၂ဝ ရာစုနှင့် နောက်ပိုင်းပြင်ဆင်

မြန်မာပြည် ပန်းချီအသင်းကြီး (Burma Art Club)ကို ၁၉၁၈-ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည်။ စစ်ကြိုခေတ်စစ်ကြိုခေတ်တွင်မူ မြန်မာ့ပန်းချီလောကတွင် ဦးဘဉာဏ်၊ ဦးဘဇော်တို့ကဲ့သို့သော် နိုင်ငံခြားပညာတော်သင် ပန်းချီဆရာကြီးများ ပေါ်ထွက်လာခဲ့သည်။ ဥရောပသားများနှင့် အဆက်အဆံများပြားလာခြင်းကြောင့် ဥရောပရေးနည်းစနစ်များမြန်မာ့ပန်းချီလောကအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ မဂ္ဂဇင်းများတွင် သရုပ်ဖော်ပုံများထည့်သွင်းခြင်း၊ ဒဂုန်မဂ္ဂဇင်း ကဲ့သို့သော မဂ္ဂဇင်းများက အနုပညာကဏ္ဍတစ်ခုထည့်သွင်းပေးခြင်းတို့ကြောင့် ပန်းချီသည် ပြည်သူလူထု အကြားတွင် သက်ဝင်လာခဲ့သည်။ စစ်ပြီးခေတ်တွင် ပန်းချီကျောင်းများ တည်ထောင်နိုင်ခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် မြန်မာနိုင်ငံ ပန်းချီပန်းပုကောင်စီကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။ အသင်းကြီး သည် ရည်ရွယ်ချက်ကောင်းများဖြင့် မြန်မာ့ပန်းချီလောကကို ထူထောင်မြှင့်တင်ပေးခဲ့သည်။ ၁၉၅ဝ ဝန်းကျင်နှစ်များတွင် မြန်မာနိုင်ငံ၌ ပန်းချီကျောင်းများကို ရန်ကုန်နှင့် မန္တလေးတွင် ဖွင့်လှစ်ကာ အနုပညာရှင်ကြီးများက ဝါသနာပါသူ မျိုးဆက်သစ်လူငယ်များအား လက်ဆင့်ကမ်း ပညာအမွေပေးခဲ့ကြသည်။ ၁၉၉၃-ခုနှစ်တွင် ရန်ကုန်မြို့၌ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်ကို ဖွင့်လှစ်ထူထောင်ပေးကာ ပန်းချီပညာကို ပညာရပ်တစ်ခုအနေဖြင့် သင်ကြားပို့ချပေးခဲ့သည်။ ယခုအခါတွင် မန္တလေးမြို့၌လည်း အနုပညာ တက္ကသိုလ် တစ်ခု ထပ်မံဖွင့်လှစ်ကာ သင်ကြားပေးနေပါသည်။

ယနေ့ ၂၁ ရာစုတွင်မူ ထိုသို့တက္ကသိုလ်ကျောင်းများမှ မွေးထုတ်ပေးသော ပန်းချီအနုပညာရှင်လူငယ်များစွာသည် မိမိတို့၏ အတတ်ပညာများဖြင့် ပန်းချီလောကကြီး ရှင်သန်တိုးတက်စေရန် ကြိုးပမ်းလျက်ရှိသည်။ ပန်းချီပြခန်းများစွာ ပေါ်ပေါက်လာခဲ့ပြီး တစ်နှစ်ပတ်လုံး ပန်းချီပြပွဲများဖြင့် စည်ကားနေသည်။ ပန်းချီရေစီးကြောင်းကြီးသည် လွန်ခဲ့သော နှစ်ပေါင်းများစွာမှစတင်၌ ယနေ့ခေတ်တိုင်အောင် အရှိန်အဟုန်ဖြင့် စီးဆင်းနေပါသည်။

မြန်မာ့ပန်းချီ အမျိုးအစားများပြင်ဆင်

  1. နိပါတ်ပန်းချီ
  2. စပ်ပန်းချီ
  3. ခဲပန်းချီ
  4. ဆီဆေးပန်းချီ
  5. ရေဆေးပန်းချီ
  6. ယွန်းပန်းချီ
  7. ရွှေဇဝါယွန်းပန်းချီ
  8. ကောက်ရိုးပန်းချီ
  9. ပါတိတ်ပန်းချီ
  10. ကျောက်မျက်ပန်းချီ
  11. ဆိုင်းဘုတ်ပန်းချီ
  12. မှန်ပန်းချီ
  13. ပုလင်းပန်းချီ
  14. နံရံဆေးရေးပန်းချီ

မြန်မာပန်းချီကျော်များပြင်ဆင်

မြန်မာနိုင်ငံရှိ ထင်ရှားသော ပန်းချီဆရာ အချို့မှာ

  1. (ဦး)ကံညွန့်
  2. ကေမြိုး
  3. (မောင်)ကျော်ညွန့်
  4. (ဦး) ကြာညွန့်
  5. (ဦး) ကျော်လှိုင်
  6. ကျော်သောင်း
  7. ကြီးမြင့်စော
  8. ကိုယ်သီး
  9. (ဦး)ခင်ဇော်
  10. ခင်ဆွေဝင်း
  11. (ဦး)ခင်မောင်- ဘဏ်
  12. ခင်မောင်ရင်- ဗိသုကာ
  13. ခင်မြဇင်
  14. ခင်ဝမ်း
  15. (ဦး)ချစ်မြဲ
  16. ချောအိသိမ်း
  17. ဦးငွေကိုင် (အလင်္ကာကျော်စွာ)
  18. ငြိမ်းချမ်းဆု
  19. စံတိုး
  20. စံမင်း
  21. (ဦး)စံလွင်
  22. (ဦး)စောမောင်(ပန်းချီ) (အလင်္ကာကျော်စွာ)
  23. စစ်ငြိမ်းအေး
  24. စန်းဦး
  25. ဆရာချုံ ပန်းချီတော်
  26. ဆြာခြယ်
  27. ဆြာနွယ်
  28. ဆရာဆိုင်ကြီး
  29. ဆရာဆောင်(ရေဆေး)
  30. ဆရာဆိုင်(ဝဏ္ဏကျော်ထင်)
  31. ဆရာမြ
  32. ဆရာမြစ်
  33. ဆရာသောင်
  34. ဆရာအေး
  35. ဇော်မင်း
  36. ဇော်မင်း- မန္တလေး
  37. ဇော်မောင်
  38. ဇော်ဝင်းဖေ
  39. ဇော်ဝင်း (သစ်ထွင်း)
  40. ဇော်ဝင်း(ငှက်ပျောသီး)
  41. (ဦး)ညိုလှ
  42. (ဦး)ညိုလေးပုလင်းပန်းချီ(မန္တလေး)
  43. ညမင်းကျော်
  44. ညိုဝင်းမောင်
  45. (ကို)ဌေးအောင်
  46. တူးတူး(ထားဝယ်)
  47. တင်မောင်မြင့်
  48. တင်မောင်ဦး
  49. တင်မောင်ဦး- မန္တလေး
  50. တိုင်းကျော်- မန္တလေး
  51. ထိန်လင်း(ပန်းချီဆရာ)
  52. (ဦး)ထွန်းလှ
  53. မောင်ဒီ
  54. နန်းနန်း
  55. နေမျိုးဆေး
  56. ပေါ်ဦးသက်
  57. ပိုပို
  58. ဖေစိုးအောင်
  59. ဖေညွန့်ဝေ
  60. ဗဂျီအောင်စိုး
  61. (ဦး)ဘကလေး(ကာတွန်း)
  62. (ဦး)ဘကြည်
  63. (ဦး)ဘဂျမ်း (အလင်္ကာကျော်စွာ)
  64. (ဦး)ဘဉာဏ်
  65. (ဦး)ဘစိန်
  66. (ဦး)ဘဇော်
  67. (ဦး)ဘဖန်
  68. (ဦး)ဘရင်လေး
  69. (ဦး)ဘလုံ
  70. (ဦး)ဘလုံလေး
  71. (ဦး)ဘသက်
  72. (ဦး)ဘအုံး
  73. မမွှေး
  74. မင်းကျော်ခိုင်
  75. မူးမူး
  76. မင်းဇော်
  77. မင်းဝေအောင်
  78. (ဦး)မောင်မောင်ကြီး
  79. ပန်းချီမောင်မောင်သိုက်
  80. မောင်မောင်လှမြင့်
  81. မုတ်သုန်
  82. မျိုးမြင့်
  83. မြင့်စိုး
  84. မြင့်မောင်ကျော်
  85. မြတ်ကျော့
  86. မွန်သက်
  87. ယဉ်မင်းပိုက်
  88. ရတနာပုံ မောင်စု
  89. ရှိန်မြင့်
  90. ရွှေစိုးဟန်
  91. (ဦး)ရွှေစိုး
  92. လူမင်း၊ ပန်းချီ
  93. (ဦး)လွန်းကြွယ်
  94. (ဦး)လှ
  95. (ဦး)လှတင်ထွန်း(ဝင်းပ)
  96. (ဦး)လှဘော်
  97. (ဦး)လှရှိန်
  98. ဝသုန်
  99. ဝေချစ်ကို
  100. ဝင်းဖေမြင့်
  101. ဝင်းတင့်
  102. ဝသုည
  103. (ဦး)သာထွန်း
  104. သီဟ
  105. (ဦး)သုခ
  106. (ဦး)သက်တင်
  107. (ဦး)သက်ဝင်း
  108. (ဦး)သောင်းဟန်
  109. (ဦး)သန်းကြွယ်(ပန်းချီ)
  110. (ဦး)သန့်(ရေဆေး)
  111. သန်းဌေးမောင်
  112. သိန်းမြင့်သိန်း
  113. (ဦး)ဟိန်စွန်း(ကာတွန်း)
  114. ဟန်လေး
  115. အေးကို(ပန်းချီဆရာ)
  116. (ဦး)မောင်အေးမြင့် (မြန်မာမှုဒီဇိုင်း သုတေသီ)
  117. (ဦး)အောင်ထွေး ထားဝယ်
  118. (ဦး)အောင်မြင့်
  119. (ဦး) အမ်တင်အေး
  120. (ဦး) သာထွန်း(ကျောက်မျက်ပန်းချီ)

ပြင်ပလင့်ခ်များပြင်ဆင်