မြန်မာ့လွတ်လပ်ရေးအက်ဥပဒေ

မြန်မာ့လွတ်လပ်ရေးအက်ဥပဒေ (အင်္ဂလိပ်: Burma Independence Act 1947, (1947, 11 Geo. VI, Ch. 3)) သည် ဗြိတိသျှလွှတ်တော်မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးရန် တင်ပြခဲ့သော အက်ဥပဒေဖြစ်သည်။ ထိုအက်ဥပဒေ၏ အမည်အပြည်စုံမှာ "An Act to provide for the independence of Burma as a country not within His Majesty's dominions and not entitled to His Majesty's protection, and for consequential and connected matters" ဟူ၍ဖြစ်ပြီး ဝန်ကြီးချုပ်ကလီမင့် အက်တလီမှ တင်ပြခဲ့သည်။ ၁၉၄၇ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ဗြိတိသျှဘုရင်၏ အတည်ပြုချက်ကိုရရှိခဲ့သည်။ ၁၉၄၈ ဇန်နဝါရီလ ၄ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံသည် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးကိုရရှိခဲ့သည်။

ထိုအက်ဥပဒေ၏ အရေးပါဆုံးသောအချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • ၁၉၄၈ ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသည် လွတ်လပ်သောနိုင်ငံဖြစ်စေရန်
  • ၁၉၄၈ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကရင်နီပြည်နယ်များကို အုပ်ချုပ်လျက် ရှိခဲ့သော ဗြိတိသျှဘုရင်သည် အာဏာစွန့်ပေးရန်
  • ၁၉၄၈ ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံနှင့်ပက်သက်မှုကြောင့် ဖြစ်ခဲ့သောဗြိတိသျှလူမျိုးများကို ဗြိတိသျှလူမျိုးအဖြစ် အသိအမှတ်မပြုတော့ရန်

အခြားဖတ်ရှုရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်