မြို့စား ဆိုသည်မှာ မြန်မာမင်းမျိုးမင်းနွယ်များ နှင့် ခတ္တိယမှူးမတ်များ ကိုပေးခဲ့သော အဆင့်မြင့် တော်ဝင်ဘွဲ့ဖြစ်ပါသည်။ မြို့စားဘွဲ့သည် ဥရောပမှာသုံးသည့် Duke တော်ဝင်ဘွဲ့နှင်ညီမျှသည်။

သမိုင်း ပြင်ဆင်ရန်

မြန်မာပြည်နိုင်ငံတော်ခေတ်များမှာ ဘုရင်မင်းမြတ်သည် နိုင်ငံတွင်းအရာအားလုံးကို အုပ်ချုပ်ကိုင်နိုင်သော အခွင့်အာဏာရှိခဲ့သည်။ ဘုရင်အဆင့်အောက်မှာရှိခဲ့သော မိဖုရားငယ်များ၊ မင်းသားများ၊ မင်းသမီးများ၊ တခြားတော်ဝင်မိသားစုဝင်များ၊ မှူးမတ်များ၊ ဝန်ကြီးများနှင့် နန်းတွင်းအရာရှိများက ဒေသတစ်ခုခုကိုကိုယ်စားပြုသော အဓိကမြို့များကို ပိုင်ဆိုင်ရခဲ့ပါသည်။ ၁၁ ရာစု ပုဂံခေတ် ကတည်းက တော်ဝင်မိသားစုဝင်တိုင်းသည် မြို့တစ်မြို့ကိုပိုင်၍ လုပ်စားရှင်နိုင်ခြင်း ဟူသော အဓိပ္ပာယ်ရှိသော မြို့စားဘွဲ့ရရှိခဲ့သည်။ ကုန်းဘောင်ခေတ် မင်းမျိုးမင်းနွယ်များအားလုံးကို အနည်းဆုံး နယ်မြေမြို့တစ်မြို့ပိုင်ဆိုင်ခွင့် ဘုရင်မင်းမြတ်က ပေးအပ်ခဲ့သည်။ ဤမင်းမျိုးမင်းနွယ်များက သူတို့ရဲ့ ပိုင်ဆိုင်ခွင့်ပေးအပ်ခဲ့သောမြို့အမည်အလိုက် အများအားဖြင့် သိကြခဲ့ပါတယ်။ ဥပမာအားဖြင့် မြန်မာနိုင်ငံ၏ နောက်ဆုံးဘုရင်ဖြစ်သော သီပေါမင်း သည် မင်းသားသာရှိသောအချိန်မှာ ရှမ်းပြည်ရှိ သီပေါမြို့၏မြို့စားဖြစ်ခဲ့၍ ဤမြို့နာမည်အလိုက် သီပေါမင်းဟု နာမည်ခေါ်လာခဲ့သည်။ [၁] [၂] [၃] [၄]

ရာထူးအဆင့်အတန်းပေါ်မူတည်၍ တော်ဝင်မိသားစုဝင်များနှင့် မှူးမတ်များသည် မြို့းကို ပိုင်ဆိုင်ရခဲ့သည်။ ဘုရင်တစ်ပါး၏ သားသမီးအငယ်ဆုံးများ၊ အဆင်နိမ့်အရာရှိများနှင့် မထင်မရှားသောမှူးမတ်များသည် ရွာအဆင့်သာ ပိုင်ဆိုင်ခဲ့သည်။

နိုင်ငံတော် အုပ်ချုပ်ရေး ပြင်ဆင်ရန်

ကုန်းဘောင်နိုင်ငံတော်ကို မြို ဟူ၍ခေါ်ခဲ့သော ပြည်နယ်များ ပိုင်းခြားထားခဲ့သည်။[၅][၆] အဆိုပါပြည်နယ်များကို တော်ဝင်မိသားစုဝင် သို့မဟုတ် လွှတ်တော်၏အဆင့်မြင့်အရာရှိများဖြစ်သည့် မြို့စားခန့်အပ်၍ အုပ်ချုပ်ခဲ့သည်။ ဤမြို့စားများသည် တော်ဝင်အစိုးရ၏ ရွှေတိုက် (တော်ဝင်ဘဏ္ဍာတိုက်) အတွက် အခွန်ငွေများ ပုံသေအရစ်ကျစနစ်အရ ကောက်စုဆောင်း ပေးဆောင်ပြီး ကျန်ရှိသမျှငွေကို မြိုစားက သိမ်းဆည်းခဲ့သည်။[၇] မြို့တစ်မြို့က တိုက်ဟုခေါ်ခဲ့သော ခရိုင်အုပ်ချုပ်ရေးအဖြစ် ပိုင်းခြား၍ တိုက်တစ်တိုက်က ရွှာဟုခေါ်ခဲ့သော ရွာစုအုပ်ချုပ်ရေး ထပ်မံပိုင်းခြားပြီး ရွာစားများ အုပ်ခဲ့သည်[၆]

နိုင်ငံတော်၏ အစွန်းမှာရှိသော ကမ်းရိုးတန်းပြည်နယ်များ ( ပဲခူးတနင်္သာရီမုတ္တမ နှင့် ရခိုင် ) တို့ကို ဘုရင်မင်းမြတ်က မြို့ဝန်ဟုခေါ်သော အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဘဏ္ဍာရေးနှင့် စစ်ဘက်ဆိုင်ရာ အာဏာများကို အပ်ထားသာ ကိုယ်စားလှယ်တော် ခန့်အပ်ခဲ့သည်။[၇] မြို့ရုံးဟုခေါ်သော ခရိုင်ကောင်စီတွင် မင်းစာရေး (မြို့နယ်စာရေးဆရာ)၊ နားခံတော် (ဘုရင့်အမိန့်စာလက်ခံသူ)၊ စစ်ကဲ (စစ်ဦးစီးချုပ်)၊ ထောင်မှူး၊ အရပ်ခေါင်း (ရပ်ကွက်မှူး) နှင့် တံခါးမှူး တို့ ပါဝင်ခဲ့သည်။ ဤပြည်နယ်များသည် မြို့ ဟုခေါ်သော အပိုင်းအဖြစ်ပိုင်းခြား၍ မြို့တစ်မြို့စီ မြို့အုပ် (ခန့်အပ်လျှင်) သို့မဟုတ် မြို့သူကြီး (မျိုးရိုးလိုက်လျှင်) ဟုခေါ်သာ အရာရှိ ဦးဆောင်ခဲ့သည်။ ပဲခူးမြို့ဝန်ကို အခွန်ဝွန်း၊ အကောက်ဝန် နှင့် ရေဝန်း (ဆိပ်ကမ်းထိန်းသိမ်းရေးမှူး) စသော အရာရှိအများ ကူညီဆောင်ရွက် ပေးခဲ့သည်။[၈]

ကိုးကား ပြင်ဆင်ရန်

  1. United States Congressional Serial Set (အင်္ဂလိပ်ဘာသာစကားဖြင့်)။ 1977။
  2. From Edinburgh to India & Burmah (အင်္ဂလိပ်ဘာသာစကားဖြင့်)။ 1908။
  3. Publication (အင်္ဂလိပ်ဘာသာစကားဖြင့်)။ 1966။
  4. Mranʻ mā samuiṅʻʺ sutesana cā coṅʻ (အင်္ဂလိပ်ဘာသာစကားဖြင့်)။ 2001။
  5. Seekins 2006, p. 51.
  6. ၆.၀ ၆.၁ Bird 1897, p. 104.
  7. ၇.၀ ၇.၁ Nisbet 1901, p. 153.
  8. Nisbet 1901, p. 154-155.

အရင်းအမြစ်များ ပြင်ဆင်ရန်

  • Bird၊ George W. (1897)။ Wanderings in Burma။ F.J. Bright & Sons။
  • Nisbet၊ John (1901)။ Burma Under British Rule—and Before1။ Archbald Constable & Company။
  • Seekins၊ Donald M. (2006)။ Historical Dictionary of Burma (Myanmar)။ Scarecrow Press။ ISBN 9780810864863