မြေမျက်နှာပြင်ပထဝီဝင် ပြင်ဆင်ရန်

ကမ္ဘာမြေကြီး၏ မျက်နှာပြင်သည် စည်မျက်နှာပြင်ကဲ့သို့ ညီညာချောမွတ်နေသည် မဟုတ်ဘဲ၊ တောင်၊ တောငြာ်း၊ မြစ်ဝှမ်း၊ကုန်းမြင့်၊ လွင်ပြင် စသည်တို့ဖြင့် အတက်အဆင်း၊ အဟိုက်အမောက်၊ အဖုအထစ်တို့ဖြင့် အတက်အဆင်း၊ အဟိုက် အမောက်၊ အဖုအထစ်တို့ဖြင့် တန်ဆာဆင်လျက်ရှိ၏။ ထိုအတူ တိုက်ကြီးတစ် တိုက်၏ ပင်လယ်ကမ်းရိုးတန်းသည်လည်း စက္ကူသားကို ဓားဖြင့်လှီးဖြတ်ဖြတ်ထား သကဲ့သို့ တိတိညီညာည် မဟုတ်ဘဲ ပင်လယ်ကွေ့၊ ပင်လယ်အော်၊ ကျွန်းဆွယ်၊ အငူ၊ ကျွန်းဆက်စသည်တို့ဖြင့် အဖျားကိုလျှောက်ကာ ခြကိုက်၍ထားသော အဝတ်စတစ်စကဲ့သို့ အလိမ်အတွန့် အကွေ့အကောက်တို့ဖြင့် ပြည့်လျက်ရှိပေသည်။ မြေမျက်နှာပြင် ပထဝီသည် သဘာဝအကြောင်းတရားများကြောင့် ကမ္ဘာ့မြေမျက်နှာ သွင်ပြင် ပြောင်းလဲပုံကို လေ့လာသောပာာရပ်ဖြစ်သည်။ ဤပညာရပ် ကျွန်ုပ်တို့ သည် ရေနှင့် လေတို့က ကမ္ဘာကြီး၏ မြေမျက်နှာသွင်ပြင်ကို မည်သို့မည်ပုံ ပြုပြင် ်ပြောင်းလဲကြောင်းလေ့လာကြရသည်။ ကမ္ဘာ့မြေမျက်နှာသွင်ပြင် ပြောင်းလဲလာပုံကို သုံးမျိုးသုံးစားခွဲခြားနိုင်၏။ ယင်းတို့မှာ (၁) ကမ္ဘာမြေကြီးအမြဲ အထက်အောက် လှုပ်ရှားနေသဖြင့် ဖြစပေါ်လာသော ပြောင်းလဲချက်များ၊ (၂) မီးတောင်နှင့် စပ်လျဉ်း၍ ဖြစ်ပေါ်လာသည့်လှုပ်ရှားမှုမှ အပြောင်းအလဲများ၊ (၃) ရေ၊ မြေ၊ ကျောက်တုံး ကျောက်ခဲ စသည်တို့ တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့သဖြင့် ့်ဖြစ်ပေါ်လာသော ပြောင်းလဲချက်တို့ ဖြစ်လေသည်။ မြေကြီးလှုပ်ရှားသဖြင့် ပင်လယ်ကမ်းခြေတစ်ခုနှင့် ထောင့်မှန်ကျသည့် အရပ်တစ်ခု တွင် မြစ်၌ သဲသောင်များ ထွန်းသကဲ့သို့ ရေအောက်မြေများ တဖြည်းဖြည်း မြင့် ့်တက်လာခဲ့လျှင် ကျွန်းဆွယ် ဖြစ်ပေါ်လာတတ်၏။ ထိုအတူ ပင်လယ်ကမ်းရိုးတန်း တစ်ခုသည် ပင်လယ်ရေပြင်အောက်သို့ နစ်မြုပ်သွားခဲ့လျှင် ချိုင့်ဝှမ်းအောက်ပိုင်းသို့ ပင်လယ်ရေဝင်၍ ပင်လယ်အော် ဖြစ်ပေါ်လာတတ်၏။ ဤနည်းဖြင့် ကျွန်းဆွယ်များဖြစ်လာခြင်း ပင်လယ်အော်များ ဖြ်စလာခြင်းတို့မှာ ပထမအကြောင်းအချက် ဖြစ်သော မြေကြီးလှုပ်ရှားခြင်းနှင့် သက်ဆိုင်သည်။ သမုဒ္ဒရာအောက်၌ မီးတောင်လှုပ်ရှားသကဲ့သို့ လှုပ်ရှားခြင်းမျိုးဖြစ်၍ တဖြည်းဖြည်း မြေကြီးကြွတက်လာပြီးလျှင် နောက်ဆုံး၌ ကျွန်းဖြစ်ပေါ် လာတတ်၏။ ဤသို့ ကျွန်းဖြစ်ပေါ်လာခြင်းမှာ ဒုတိယအချက်နှင့် သက်ဆိုင်သည်။ မြစ်သည် ကုန်းမှ မြေဆီလွှာများ၊ သဲများ၊ ကျောက်စရစ်များ၊ အမှိုက်သရိုက်များကို ပယ်လယ်သို့ သယ်ယူသွား၏။ ထိုအခါကုန်းမှာ တဖြည်းဖြည်းရေစား၍ ပင်လယ် အောက်ရှိ မြေပြင်သည် တဖြည်းဖြည်း မြင့်တက်လာ၏။ ထိုအတူ ရေခဲမြစ်များ သည်လည်းပူသောရာသီ၌ အရည်ပျော်၍ စီးဆင်းကြရာ၊ မြစ်ညာရှိ အရာဝတ္ထုများ ကို မိမိတို့စီးဆင်းသည့်နေရာသို့ သယ်ယူခဲ့ကြ၏။ ယင်းတို့သည်အချို့နေရာ၌ ကုန်းကို တိုက်စားခဲ့၍ အချို့နေရာ၌ ကုန်းကို မြင့်တက်စေ၏။ ဤနည်းအားဖြင့် မြေမျက်နှာပြင် မညီမညာဖြစ်လာခြင်းသည် တတိယအချက်နှင့် သက်ဆိုင်သည်။ ကမ္ဘာ့မြေမျက်နှာပြင်ကို လွင်ပြင်၊ ကုန်းမြေမြင့်၊ တောင်တန်းဟူ၍ အကြမ်းဖျင်း ၃ ပိုင်း ပိုင်းခြားထားသည်။ တိုက်ကြီးများတွင် အများအားဖြင့် ပင်လယ်ကမ်းရိုး တန်း တလျှောက်၌ ကမ်းရိုးတ်း လွင်ပြင်များ ရှိတတ်သေးရာ၊ အတွင်းကျသော လွင်ပြင်များမှာထိုကမ်းရိုးတန်း လွင်ပြင်များထက် မြင့်တတ်ကြလေသည်။ လွင်ပြင်များမှာ လူတို့အတွက် အဖိုးအထိုက်တန်ဆုံးဖြစ်၏။ အဘယ်ကြောင့် ဆိုသော် အများဆုံးသော ကမ္ဘာ့လူဦးရေသည် လွင်ပြင်များ၌ နေထိုင်ကြသည်။ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ၊ ဥရောပတိုက် အလယ်ပိုင်း၊ ဂရိတ်ဗြိတိန်ကျွန်းစု၊ မြောက်အမေရိက အလယ်ပိုင်း၊ ရုရှနိုင်ငံတို့မှာ လူနေအိမ်ခြေများ အထူးထပ်ဆုံး ဖြစ်၍ ယင်းတို့သည်ကျယ်ပြန့်သော လွင်ပြင်ကြီးများပင် ဖြစ်သည်။ လူများသည် ကျယ်ပြန့်သောနေရာ၊ သွားလမ်းလာလမ်း ကောင်းသော နေရာများကိုနှစ်သက် ကြသည့် အတိုင်း လွင်ပြင်များ၌ လူဦးရေ ထူထပ်ရလေသည်။ လွင်ပြင်များ ကောင်းကျိုးပေးသလောက် တောင်များသည် ဆန့်ကျင်ဖက် အကျိုး များကို ဖြစ်ထွန်းစေ၏။ ခရီးသွားရန်ခက်ခဲစေ၏။ လူတစ်မျိုးနှင့် တစ်မျိုး ခွဲခြား၍ ထား၏။ ကူးသန်းရောင်းဝယ်ရေးကိ ပိတ်ပင်တားဆီးထား၏။ လွင်ပြင်များတွင် သစ်ပင်ဟူ၍ ပြောပလောက်အောင် မရှိသော မြက်ခင်းလွင်ပြင် ်ကြီးများလည်း ရှိပေသေးသည်။ ယင်းတို့မှာ အလွန်ဆုံး ကျွဲအုပ် နွားအုပ် သိုးအုပ် ်များကျောင်းရန်လောက်သာ အသုံးဝင်၏။ အာတိတ်သမုဒ္ဒရာ၏ တောင်ဘက်တန် ဒာခေါ် လွင်ပြင်ကြီးများ၊ ဥရောပတိုက်နှင့်အာရှတိုက်ရှိ စတက်ခေါ်လွင်ပြင်ကြီးများ၊ တောင်အမေရိကတိုက်မှ လျာနိုခေါ် မြက်ကွင်းပြင်ကြီး၊မြောက် အမေရိကတိုက်မှ ပရေရီခေါ် လွင်ပြင်များ၊ တောင်အမေရကတိုက်တောင်ပိုင်း၊ အာဂျင်တီးနားနိုင်ငံရှိ ပမ်းပပ်ခေါ် လွင်ပြင်များနှင့်အာဖရိကတိုက် ဆဗားနားခေါ် လွင်ပြင်များသည် နေရာ ပြန့်ပြောကျယ်ဝန်းသလောက် လူတို့အသုံးမပြုနိုင်သော နေရာများဖြစ်၏။ သို့ဖြစ်၍လွင်ပြင်များသည် ရေမြေ ဥတု ကောင်းမွန် ညီညွှတ်မှသာ အဖိုးထိုက်တန် ်၏။ ကုန်းမြေမြင့်ဆိုသည်မှာ အနီးအပါးရှိ လွင်ပြင်များထက် မြင့်၍ တောင်များလောက် လည်း မမြင့်သော နေရာကို ဆိုလိုသည်။ အချို့ လွင်ပြင်များမှာ ပင်လယ်မျက်နှာပြင်ထက် ပေ ၅ဝဝ၊ ၆ဝဝ ခန့်သာ မြင့် သော်လည်း အနီးပတ်ဝန်းကျင်ရှိ မြေပြင်နှင့် နှိုင်းစာသော်ကုန်းမြေမြင့်ဟူ၍ပင် ခေါ်ရ၏။ သို့ဖြစ်၍ လွင်ပြင်မှာ မည်မျှလောက် မြင့်ရမည်၊ ကုန်းမြေမြင့်မှာ လည် ်မျှလောက် မြင့်ရမည် စသည်ဖြင့်အမြင့်အတိုင်းအထွာကို အတိအကျ ကန့်သတ် ထားချက် မရှိချေ။ ကုန်မြေမြင့်များ ဖြစ်ပေါ်လာခြင်းမှာ မြေကြီးသည် ပတ်လည် ဝိုင်းလျက်ရှိသော မြေပြင်ထက် အတန်ငယ် ကြွတက်လာခြင်းကြောင့်သော်လည်း ကောင်း၊ ဘေးပတ်လည်ရှိ မြေများ ပြိုဆင်းသွားသောကြောင့်သော်လည်းကောင်း ဖြစ်ပေါ်လာတတ်၏။ တစ်ခါတစ်ရံလည်း မီးတောင်တစ်ခုမှ ချော်ရည်များသည် ကျယ်ပြန့်သော လွင်ပြင်ပေါ်၌ ညီညာစွာကျရောက်ပြီးလျှင် နှစ်ပရိစ္ဆေဒ ကြာမြင့် သောအခါ ကုန်းမြေမြင့် ဖြစ်လာတတ်လေသည်။ တောင်မျာမှာမူ ကမ္ဘာကြီး၏ အပေါ်ယံ မြေလွှာများ လိပ်တက်လာခြင်းကြောင့် သော်လည်းကောင်း၊ မြေကြီး၏ အတွင်းရှိမြေသားများ ကြွတက်လာခြင်းကြောင့် သော်လည်းကောင်း၊ မီးတောင်များ ပေါက်ကွဲခြင်းကြောင် သော်လည်းကောင်း ဖြစ်ပေါ်လာတတ်၏။ ရေသည် မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းသည့်အတိုင်း ထိုလွင်ပြင်များ၊ တောင်များ၊ ကုန်းမြေမြင့်များ၌ ချောင်းကြီး၊ မြောင်းကြီး၊မြစ်ကြီးများ ဖြစ်ပေါ်စေ၍ ယင်းတို့ ထက်နိမ့်သောနေရာ ပင်လယ်ထဲသို့ စီးဝင်၏။ ထိုမြစ်ကြီး ချောင်းကြီးများသည် ချိုင့်ဝှမ်းကြီးများဖြစ်ပေါ်စေ၍ မြေများကို တဖြည်းဖြည်း တိုက်စားသွားရာ ချိုင့်ဝှမ်း များ တစ်ခုနှင့်တစ်ခု အကြားတွင် မြေမြင့်များဖြစ်၍ ကျန်ရစ်ခဲ့၏။ ဤသို့ဖြင့် ထိုမြေမြင့်များမှာ တောင်ရိုးတန်းကဲ့သို့လည်းကောာင်း၊ တောင်းကုန်းကဲ့သို့ လည်းကောင်း ဖြစ်ပေါ်လာ၏။ ဤသို့ တစ်နေရာမှတစ်နေရာသို့ ရေစီးခြင်းအား ဖြင့်လည်း တောင်များပေါ်ပေါက်လာရလေသည်။ လေနှင့် ရေများတိုက်ခတ်စားသွားခြင်းအားဖြင့် တောင်တစ်ခု၏ မျက်နှာပြင်သည် တဖြည်းဖြည်း ပြောင်းလဲတတ်ပေရာ၊ ရေစားလေလေ ချိုင့်ဝှမ်းရာအရပ်တို့မှာ နိမ့်ရှိုင်းလေလေဖြစ်ပြီးလျှင်၊ မြစ်ဝှမ်းနှင့် တောင်ကြားများနက်လေလေ၊ တောင်တန်း များ၊ တောင်ကုန်းများမှာ မြင့်လေလေ ဖြစ်ကြောင်း တွေ့ရှိရလေသည်။ မြစ်ဝှမ်းများသည် အမြဲကျယ်သည်ထက် ကျယ်လာလျက်ရှိ၏။ ကမ်းပါးများသည် ရေအဟုန်ကြောင့် ပြိုကျ၏။ မူလကမြင့်နေသောကမ်းပါးသည် မိုးရွာသောအခါ ရေစား၍ နိမ့်သွားတတ်၏။ မြေကြီးသည် ရေစိုသောအခါ အလိုလိုလေးလာ၍ ပြိုကျတတ်၏။ မြစ်ဝှမ်း နက်ရှိုင်းလာခြင်း၊ကျယ်လာခြင်းဟု နှစ်မျိုးရှိရာ နက်ရှိုင်း လာခြင်းက ကျယ်လာခြင်းထက် မြန်လျှင်၊ ရှိုကြီးများ၊ ချောက်ကြီးများ ဖြစ်ပေါ်လာတတ်ပေသည်။ မြစ်ကြီးများသည်လည်း ပင်လယ်ကမ်းခြေနှင့် နီးလာသောအခါ အတန်ငယ် ရေစီး တန့်သွား၍ အနည်ထိုင်ကာ နုံးတင်မြေများဖြစ်ပေါ်လာတတ်၏။ ထိုနေရာများကို မြစ်ဝကျွန်းပေါ်ဟု ခေါ်သည်။ ကျွန်ုပ်တို့ မြန်မာနိုင်ငံတောင်ပိုင်း ပုသိမ်၊ မြောင်းမြ အစရှိသောဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသများကဲ့သို့သော ဒေသများသည် ကောက်ပဲ သီးနှံများ အထူးဖြစ်ထွန်းသည့် ဒေသများဖြစ်ပေသည်။ မြစ် ကြီး ချောင်းကြီးများ၌ အနည်ထိုင်ခြင်း၊ မြေမှုန့်ကျောက်မှုန့်များကို တောင်များပေါ် မှ ယူဆောင်လာခဲ့ခြင်းနှင့် စပ်လျဉ်း၍ သာမန်မျက်စိဖြင့် ကြည့်လျှင် မပြောပ လောက်ဟု မှတ်ထင်ရသော်လည်း စူးစမ်းရှာဖွေသူများ၏ တွက်ချက် ခန့်မှန်းခြေ အရ မြောက်အမေရိကတိုက်ရှိမက္ကဆီကိုပ်လယ်ကွေ့ထဲသို့ စီးဝင်သော မစ်စစ်စပီမြစ် ်ကြီးသည် တစ်နှစ်လျှင် တန်ချိန် သန်းပေါင်း ၄ဝ မျှသော အပေါ်ယံ မြေဆီလွှာ များကို သမုဒ္ဒရာထဲသို့ သယ်ဆောင်လာသည်။ သမုဒ္ဒရာအောက်ရှိ မြေမျက်နှာပြင်၌လည်း လွင်ပြင်၊ ကုန်းမြင့်၊ တောင်နှင့် ချိုင့် ဝှမ်းကြီးများရှိ၏။ သမုဒ္ဒရာအောက် မြေမျက်နှာပြင်ကို ပြုပြင်ဖန်တီးပေးသော အရာကား အများအားဖြင့် မီးတောင်လှုပ်ရှားမှုဖြစ်၏။ ရေနှင့်လေတို့သည် ကုန်းပေါ်မှာကဲ့သို့ ပင်လယ်အောက်ရှိ မြေပြင်ကို ပြုပြင်ပြောင်းလြပေးနိုင်သော အစွမ်းမရှိကြချေ။ သို့ဖြစ်၍ ပင်လယ်အောက်မြေပြင်သည် တိုက်ကြီးများ၏ မြေမျက်နှာပြင်နှင့် စာသော် ကုန်းမြင့်ချိုင့်ဝှမ်းနည်းပါးသည်ဟု ဆိုရမည်ဖြစ်ပေ သည်။[၁]


ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)