မွေရုကန်
မွေရုကန် သည် ကွန်ဂိုနိုင်ငံတွင် တည်ရှိသည့် ကြည်လင်သန့်ရှင်းသည့်ကတစ်ခု ဖြစ်သည်။ အာဖရိကတိုက်၏ ဒုတိယအရှည်ဆုံးမြစ်ပေါ်တွင် တည်ရှိသည်။ ဇမ်ဘီယာနိုင်ငံနှင့် ကွန်ဂိုနိုင်ငံအကြား နယ်စပ်မျဉ်းပေါ်တွင် တည်ရှိသည်။ ဤကန်သည် ကွန်ဂိုနိုင်ငံနယ်နိမိတ်တွင် အလျားအားဖြင့် ၁၁၀ ကီလိုမီတာ (၆၈ မိုင်) တည်ရှိသည်။ ကန်သည် Luapula မြစ် (အထက်ဘက်) နှင့် Luvua မြစ် (အောက်ဘက်) အကြားတွင် တည်ရှိသည်။[၁]
မွေရုကန် | |
---|---|
Southern end of the lake from space, June 1993 (false color) | |
ကိုဩဒိနိတ် | 9°00′S 28°43′E / 9.000°S 28.717°Eကိုဩဒိနိတ်: 9°00′S 28°43′E / 9.000°S 28.717°E |
အမျိုးအစား | Rift Valley lakes |
ပင်မ ရေဝင်စီးကြောင်း | Luapula River Kalungwishi River |
ပင်မ ရေထွက်စီးကြောင်း | Luvua River |
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများ | DR Congo and Zambia |
အကျယ်ဆုံး အလျား | ၁၃၁ km (၈၁ mi) |
အကျယ်ဆုံး အနံ | ၅၆ km (၃၅ mi) |
မျက်နှာပြင် ဧရိယာ | ၅,၁၂၀ km2 (၁,၉၈၀ sq mi) |
ပျမ်းမျှအနက် | ၇.၅ m (၂၅ ft) |
အနက်ဆုံး အနက်အရှိုင်း | ၂၇ m (၈၉ ft) |
ရေထုထည် | ၃၈.၂ km3 (၃၁,၀၀၀,၀၀၀ acre·ft) |
ကမ်းခြေအလျား၁ | ၄၃၆ km (၂၇၁ mi) |
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၉၁၇ m (၃,၀၀၉ ft) |
ကျွန်းများ | Kilwa Island Isokwe Island |
အနီးရှိမြို့များ | Nchelenge, Kashikishi, Chiengi, Pweto, Kilwa, Lukonzolwa |
၁ ကမ်းခြေအလျားသည် တိတိကျကျ တိုင်းတာထားခြင်း မဟုတ်ပေ။ |
မွေရုဆိုသည်မှာ ဘန်တုဘာသာစကားတစ်မျိုးတွင် "ကန်" ဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် ဤကန်ကို တစ်ခါတရံ "မွေရု" ဟု ပြောဆိုကြသည်။[၂]
ပထဝီသွင်ပြင် ပြင်ဆင်ရန်
မွေရုကန်အတွင်းသို့ Luapula မြစ်အတွင်းမှ မြစ်ရေသည် အဓိကစီးတင်သည်။ ကန်၏ မြောက်ဘက်ဆုံးအပိုင်းတွင် ကန်ရေသည် Luvua မြစ်အတွင်းသို့ စီးဆင်းသွားသည်။ ဤကန်သည် ကွန်ဂိုနိုင်ငံတွင် ဒုတိယမြောက်အကြီးဆုံး ကန်တစ်ခု ဖြစ်သည်။ အကြီးဆုံးကန်ဖြစ်သည့် တန်ဂန်ယိကကန်၏ တောင်ဘက်ဆုံးပိုင်း၏ အနောက်ဘက် ၁၅၀ ကီလိုမီတာ (၉၃ မိုင်) အကွာတွင် တည်ရှိသည်။[၁]
ပြင်ပလင့်များ ပြင်ဆင်ရန်
ကိုးကား ပြင်ဆင်ရန်
- ↑ ၁.၀ ၁.၁ Google Earth accessed 29 March 2007. When in flood Lake Bangweulu and its swamps may temporarily have a larger area, but not a larger volume.
- ↑ The Northern Rhodesia Journal online at NZRAM.org: J B W Anderson: "Kilwa Island and the Luapula." Vol II, No. 3 pp87–88 (1954)