ယုသန္တာတင်

မြန်မာ ရုပ်ရှင်မင်းသမီး

ယုသန္တာတင် (၁၉၉၁ ခု၊ မတ်လ ၆ ရက်ဖွား) သည် မြန်မာ သရုပ်ဆောင်နှင့် သရုပ်ပြမယ် ဖြစ်သည်။[၁]

ယုသန္တာတင်
လော်ရယ်ပွဲ တက်လာသည့် ယုသန္တာတင်
မွေးဖွားယုသန္တာတင်
(1991-03-06) မတ် ၆၊ ၁၉၉၁ (အသက် ၃၃)
လပွတ္တာမြို့ဧရာဝတီတိုင်း
မိခင်ကျောင်းဒဂုံတက္ကသိုလ်
အလုပ်အကိုင်သရုပ်ဆောင်၊ သရုပ်ပြမယ်
တက်ကြွလှုပ်ရှားနှစ်များ၂၀၁၁-ယခုထိ
အရပ်၅ ft ၆ in (၁.၆၈ m)
မိဘ(များ)
  • ဦးအောင်နိုင် (ဖခင်)
  • ဒေါ်ခင်နွဲ့ရီ (မိခင်)

ငယ်ဘဝ ပြင်ဆင်ရန်

၁၉၉၁ ခု၊ မတ်လ ၆ ရက်တွင် ဧရာဝတီတိုင်းလပွတ္တာမြို့၌ ဦးအောင်နိုင်၊ ဒေါ်ခင်နွဲ့ရီတို့မှ မွေးသည်။ မွေးချင်း ၂ ယောက်အနက် အကြီး ဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် မိသားစုလိုက် ရန်ကုန်သို့ ပြောင်းလာသည်။[၂]

အထက(၃) ဒဂုံ ၌ အထက်တန်း အောင်သည်။ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်တွင် မြို့ပြအင်ဂျင်နီယာဘာသာ သင်ကြားသည်။ နောင်သော် ဒဂုံတက္ကသိုလ်၌ အင်္ဂလိပ်စာဘာသာကို အဝေးသင်ဖြင့် သင်ယူရာ ၂၀၁၅ တွင် ဘွဲ့ရသည်။[၃][၄]

အနုပညာ လှုပ်ရှားမှု ပြင်ဆင်ရန်

ပထမဆုံး ရုံတင်ကားမှာ အောင်မြင်ကျော်ကြား စူးရှထက်မြက် ဖြစ်သည်။ ညီညီထွန်းလွင် ရိုက်ကူးပြီး ၂၀၁၅ ခု ရုံတင်သည့် ထိုဇာတ်ကားတွင် နေတိုးအိချောပို၊ ရွှေမှုံရတီ၊ ချမ်းမီမီကိုတို့နှင့် ပါဝင်ခဲ့သည်။[၅]

ပါဝင်သော ဇာတ်ကားများ ပြင်ဆင်ရန်

ရုံတင်ကားများ ပြင်ဆင်ရန်

ခေါင်းစဉ် ရုံတင်နှစ် ဒါရိုက်တာ မှတ်ချက်
အောင်မြင်ကျော်ကြား စူးရှထက်မြက် ၂၀၁၅ ညီညီထွန်းလွင်
ဖေ့ဘွတ်ရွာ ၂၀၁၆
အော်ရီဂျင်နယ်ဂန်းစတား ၂ ၂၀၁၆ ဂျိုး
ဖေ့ဘွတ်ရွာ ၂ ၂၀၁၇
သရဲသင်္ဘော ၂၀၁၉
Double Wedding ၂၀၁၉
အောင်သွယ်တော် စိန်အားသစ် ၂၀၁၉

ကိုးကား ပြင်ဆင်ရန်