ရန်ကုန်တိုင်းစစ်ဌာနချုပ်

ရန်ကုန်မြို့အ​ခြေစိုက် တပ်မ​တော်တိုင်းစစ်ဌာနချုပ်
(ရကတ မှ ပြန်ညွှန်းထားသည်)

ရန်ကုန်တိုင်းစစ်ဌာနချုပ် (အတိုကောက် ရကတ) သည် ရန်ကုန်တိုင်းဒေသကြီးရန်ကုန်မြို့ (ပြည်လမ်း၊ ရှစ်မိုင်လမ်းဆုံအနီး)တွင် အခြေစိုက်သော တိုင်းစစ်ဌာနချုပ်ဖြစ်သည်။ အဓိက တာဝန်မှာ ရန်ကုန်တိုင်းဒေသကြီးနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံ တပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။ လက်ရှိ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်ချုပ် ဇော်ဟိန်း ဖြစ်သည်။

ရန်ကုန်တိုင်းစစ်ဌာနချုပ်
ရကတ
ရန်ကုန်တိုင်းစစ်ဌာနချုပ်တံဆိပ်
နိုင်ငံ မြန်မာ
တပ်မတော်
အမျိုးအစား
 တပ်မတော် (ကြည်း)
တပ်
အမျိုးအစား
တိုင်းစစ်ဌာနချုပ်
အခန်းကဏ္ဍနယ်မြေဒေသ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေး၊ နယ်မြေအတွင်းရှိ တပ်အားလုံး၏ ဦး/ရေး/ထောက်ဆိုင်ရာကိစ္စရပ်များ စီမံပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း
တပ်နယ်ကုန်းမြင့်သာ
အမည်ပြောင်ဂျိုကာအနီ
အုပ်ချုပ်သူများ
တိုင်းမှူးဗိုလ်ချုပ် ဇော်ဟိန်း
ဒုတိယတိုင်းမှူးဗိုလ်မှူးကြီး ထွန်းထွန်းဦး
အဆောင်အယောင်များ
အလံတော်

သမိုင်း ပြင်ဆင်ရန်

ဖွဲ့စည်းပုံ ပြင်ဆင်ရန်

ရန်ကုန်တိုင်းစစ်ဌာနချုပ် လက်အောက်တွင် စစ်ဗျူဟာမှူး(၃)ဦး ဦးစီးသည့် စစ်ဗျူဟာအဖွဲ့ (၃)ဖွဲ့နှင့် ၎င်း စဗဟများ ကွပ်ကဲအောက်ရှိ ခြေလျင်/ခြေမြန်တပ်ရင်း (၁၀)ရင်းရှိသည်။

အမှတ်(၁)စစ်ဗျူဟာအဖွဲ့ ပြင်ဆင်ရန်

အမှတ်(၁)စစ်ဗျူဟာအဖွဲ့ အား အမှတ်(၁)စစ်ဗျူဟာမှူးမှ ဦးစီးပြီး ၎င်း၏ လက်အောက်တွင် ခြေလျင်/ ခြေမြန်တပ်ရင်း (၄)ရင်းရှိသည်။

  1. ခလရ / ခမရ - (၄)ရင်း

အမှတ်(၂)စစ်ဗျူဟာအဖွဲ့ ပြင်ဆင်ရန်

အမှတ်(၂)စစ်ဗျူဟာအဖွဲ့ အား အမှတ်(၂)စစ်ဗျူဟာမှူးမှ ဦးစီးပြီး ၎င်း၏ လက်အောက်တွင် ခြေလျင်/ ခြေမြန်တပ်ရင်း (၃)ရင်းရှိသည်။

  1. ခလရ/ ခမရ - (၃)ရင်း

အမှတ်(၃)စစ်ဗျူဟာအဖွဲ့ ပြင်ဆင်ရန်

အမှတ်(၃)စစ်ဗျူဟာအဖွဲ့ အား အမှတ်(၃)စစ်ဗျူဟာမှူးမှ ဦးစီးပြီး ၎င်း၏ လက်အောက်တွင် ခြေလျင်/ ခြေမြန်တပ်ရင်း (၃)ရင်းရှိသည်။

  1. ခလရ/ ခမရ - (၃)ရင်း

တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ ခြေမြန်တပ်မ၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့် ခြေလျင်တပ်မဟာဌာနချုပ်များ ပြင်ဆင်ရန်

အမှတ်(၁၁)ခြေမြန်တပ်မဌာနချုပ် ပြင်ဆင်ရန်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - အမှတ်(၁၁)ခြေမြန်တပ်မ ဌာနချုပ်

အမှတ်(၄)ခြေလျင်တပ်မဟာဌာနချုပ် ပြင်ဆင်ရန်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - အမှတ်(၄)ခြေလျင်တပ်မဟာဌာနချုပ်

ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူများ ပြင်ဆင်ရန်

ရန်ကုန်တိုင်းမှူးအဖြစ် တာဝန်ယူခဲ့သူများမှာ အောက်ပါအတိုင်းဖြစ်သည်။

  1. ဗိုလ်မှူးကြီး လှဘုန်း
  2. ဗိုလ်မှူးကြီး သူရကျော်ထင်(နောင်-ဗိုလ်ချုပ်ကြီး၊ကာကွယ်ရေးဦးစီးချုပ်)
  3. ဗိုလ်မှူးချုပ် ခင်အုန်း
  4. ဗိုလ်မှူးချုပ် အေးကို(နောင်-ဒုတိယဗိုလ်ချုပ်ကြီး၊ယာယီသမ္မတ)
  5. ဗိုလ်မှူးချုပ် တင်စိန်
  6. ဗိုလ်မှူးချုပ် မျိုးအောင်
  7. ဗိုလ်မှူးချုပ် ဖေမြိုင်
  8. ဗိုလ်ချုပ် မျိုးညွန့် (နောင်- ဒုတိယဗိုလ်ချုပ်ကြီး)
  9. ဗိုလ်ချုပ် ခင်မောင်သန်း(နောင်-ဒုတိယဗိုလ်ချုပ်ကြီး၊ကစထမှူး)
  10. ဗိုလ်ချုပ် မြင့်ဆွေ (နောင်- ဒုတိယဗိုလ်ချုပ်ကြီး၊ ယခင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း၊ လက်ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီ သမ္မတ)
  11. ဗိုလ်ချုပ် လှဌေးဝင်း (နောင်- ဗိုလ်ချုပ်ကြီး၊ ညှိုနှိုင်းကွပ်ကဲရေးမှူးဟောင်း)
  12. ဗိုလ်ချုပ် ဝင်းမြင့်(နောင်-ဒုတိယဗိုလ်ချုပ်ကြီး)
  13. ဗိုလ်ချုပ် ထွန်းသန်း
  14. ဗိုလ်ချုပ် ဆန်းဦး (နောင်- ဒုတိယဗိုလ်ချုပ်ကြီး၊ စစ်ရေးချုပ်ဟောင်း)
  15. ဗိုလ်ချုပ် ထွန်းထွန်းနောင်[၁] (ယခင် ကစထ ၁ မှူး၊ ယခု ဒုတိယဗိုလ်ချုပ်ကြီး၊ နယ်စပ်ရေးရာလုံခြုံရေး ပြည်ထောင်စုဝန်ကြီး)
  16. ဗိုလ်ချုပ် မျိုးဇော်သိန်း (နောင် ဒုတိယဗိုလ်ချုပ်ကြီး၊ စစ်ရေးချုပ်ဟောင်း)
  17. ဗိုလ်ချုပ် သက်ပုံ (ယခု ဒုတိယဗိုလ်ချုပ်ကြီး၊ ကစထ ၅ မှူး)
  18. ဗိုလ်ချုပ် ညွှန့်ဝင်းဆွေ (ယခု ဒုတိယဗိုလ်ချုပ်ကြီး၊ ကစထ ၄ မှူး)
  19. ဗိုလ်ချုပ် ဇော်ဟိန်း (ယခင် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး)[၂]

ကိုးကား ပြင်ဆင်ရန်

နောက်ထပ်ကြည့်ရန် ပြင်ဆင်ရန်

  1. "ဒုတိယ ဗိုလ်ချုပ်ကြီး ၆ ဦး တပ်မတော် အရန်အင်အားသို့ ပြောင်းရွှေ့ ခံရ"။ 
  2. KNU နယ်မြေကို ကိုင်တွယ်တဲ့ ကစထမှူး အလဲခံရBBC Burmese (၃၁မတ်၂၀၂၃)။ ၁ဧပြီ ၂၀၂၃ တွင် ပြန်စစ်ပြီး။