ရက်ပ်ဆိုဒီ ဆိုသည်မှာ ဂီတဆိုင်ရာ အခေါ်အဝေါ် တစ်ခု ဖြစ်ပြီး တေးသွားများမှာ အခန်း တစ်ခန်းချင်းစီ ခွဲထားသည့် ပမာ ကွဲပြားနေသော်လည်း ဆက်စပ်မှု ရှိနေပြီး လွတ်လပ်စွာ ရွေ့လျားနေသော ပုံစံမျိုး ဖြစ်သည်။ ရက်ပ်ဆိုဒီတွင် အလွန်အမင်း ဆန့်ကျင်ဘက် ဖြစ်နေသော မုဒ် များ၊ အရောင်များ၊ အသံ အနိမ့်အမြင့်များဖြင့် ဖွဲ့စည်းထားသည်။ ရုတ်တရက် ထွက်ပေါ်လာသော စိတ်ကူးစိတ်သန်း သို့မဟုတ် စိတ်ကူးထဲမှ ရလာသော တီထွင်ဖန်တီးမှုများကြောင့် ရက်ပ်ဆိုဒီ၏ ပုံသဏ္ဌာန်မှာ ပိုမို လွတ်လပ်သည်။

ကမ္ဘာကျော် ကွင်းစ် တေးဂီတ အဖွဲ့၏ နာမည်ကျော် သီချင်းတစ်ပုဒ် ဖြစ်သော "ဘိုဟီးမီးယန်း ရက်ပ်ဆိုဒီ" မှာ သီချင်းအမည်တွင် ရက်စ်ပိုဒီဟု ထည့်သွင်းထားသော်လည်း ရက်ပ်ဆိုဒီ အမျိုးအစား မဟုတ်ပေ။