ရခိုင်အမျိုးသား ကွန်ဂရက်

၁၉၄၀ ပြည့် နှစ် ဝန်းကျင်တွင် ပေါ်ပေါက်ခဲ့ကာ တို့ဗမာအစည်းအရုံး နှင့်ဆက်သွယ်ပြီး ၁၉၄၁ ခုနှစ်တွင် ပေါက်တော ၌ ညီလာခံ ကျင်းပခဲ့သည်။ ညီလာခံတွင် လွတ်လပ်ရေး ကိစများအား ဆွေးနွေးညှိနှိုင်းခဲ့ကြသဖြင့် ဗြိတိသျှ အစိုးရက ရခိုင်ကွန်ဂရက် နောက် နောက်ယောင်ခံစုံစမ်းမှုများလုပ်ကာ ထင်ရှားသော ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကျော်ဦးအပါအဝင် ခေါင်းဆောင်များကို တစ်ဦးပြီး တစ်ဦးကို ဖမ်းဆီးကာ အိန္ဒိယအကျဉ်းထောင်များသို့ ပို့ပစ်ခဲ့ကြသည်။ သို့ဖြင့် ရခိုင်အမျိုးသားကွန်ဂရက်သည် ဖက်ဆစ်ဂျပန် ဆန့်ကျင်ရေး လှုပ်ရှားမှု ခေတ်မတိုင်မီ အထိသာ လှုပ်ရှားနိုင်ခဲ့သည့်တိုင် ရခိုင်အမျိုးသားရေးအတွက် ရှေးဦးစွာ ပေါ်ထွန်းခဲ့သည့် နိုင်ငံရေး အဖွဲ့အစည်းတစ်ခု အဖြစ်မှတ်တမ်း တင်ထားကြရသည်။

ကိုးကား ပြင်ဆင်ရန်

  • ဝင်းတင့်ထွန်း (ဩဂုတ် ၂၀၁၀)။ ဗမာပြည် နိုင်ငံရေးပါတီအဖွဲ့အစည်း အသင်းအပင်းများ အညွှန်း။ ပထမ အကြိမ်။ နေ့သစ်အင်အားစု၊ ဂျပန်။