ရတနာပုံခန်းမ (အင်္ဂလိပ်: Yadanabon Hall)သည် မန္တလေးမြို့ရှိ တပ်မတော်ပိုင်အဆောက်အဦးဖြစ်သည်။မဟာအောင်မြေမြို့နယ်၇၈လမ်းနှင့် ၃၈လမ်းထောင့် မျက်ပါးရပ်တွင်တည်ရှိပြီး မန္တလေးမြို့၏ အကြီးဆုံးခန်းမကြီးဖြစ်သည်။

ရတနာပုံခန်းမ
Yadanabon Hall
ရတနာပုံခန်းမ
အထွေထွေ အချက်အလက်များ
လိပ်စာ၇၈ လမ်းနှင့် ၃၈လမ်းထောင့်၊ မဟာအောင်မြေမြို့နယ်မန္တလေးမြို့
တည်ဆောက်မှု စတင်၁၇ ဖေဖော်ဝါရီ ၂၀၁၈
ဖွင့်လှစ်၁၇ မေ ၂၀၂၁
ပိုင်ဆိုင်သူတပ်မတော်
အမြင့်
အပေါ်ဆုံးအထပ်ဒုတိယအထပ်
အခြား အချက်အလက်များ
ပါကင်
  • မြေအောက်ကားပါကင်
  • မြေပေါ်ကားပါကင်

သမိုင်းကြောင်း ပြင်ဆင်ရန်

မန္တလေးမြို့တွင် တည်ဆောက်ပြီးခန်းမများရှိသော်လည်း တိုးတက်ပြောင်းလဲလာသော လူဦးရေ၊မြင့်မားလာသော လူနေမှုအဆင့်အတန်းများကြောင့် ခေတ်မီစွာဝန်ဆောင်မှုပေးနိုင်ရန်အတွက် ခမ်းမအသစ်တည်ဆောက်ရန် ၂၀၁၆ခုနှစ်တွင် ဆုံးဖြတ်ခဲ့ကြသည်။၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ ၁၇ရက်နေ့တွင် ပန္နက်ရိုက်ခဲ့ကာ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၃၀ရက်နေ့တွင် ပြီးစီးခဲ့ပြီး ၂၀၂၁ခုနှစ် မေလ၁၇ရက်နေ့တွင် တပ်ချုပ် မင်းအောင်လှိုင်မှ ဖွင့်လှစ်ပေးခဲ့သည်။ တည်ဆောက်ထားသောနေရာမှာ မြို့လယ်ရှိ တပ်မြေပေါ်တွင်ဖြစ်ကာ တပ်မတော်မှ စွန့်လွှတ်ပေးခဲ့သည့် ၃၈လမ်းနှင့် မြို့၏ အဓိကလမ်းမဖြစ်သော ၇၈ လမ်းထောင့်တွင်ဖြစ်သည်။[၁]

 
ရတနာပုံ ခန်းမ

ဝေဖန်ခံရမှု ပြင်ဆင်ရန်

၂၀၂၁ခုနှစ် အာဏာသိမ်းမှုအပြီး တပ်မတော်နှင့် ဆက်စပ်မှုများကို သပိတ်မှောက်နေကြပြီး အာဏာရှင်ဆန့်ကျင်ရေးများ လုပ်နေကြစဉ် မန္တလေးမြို့၏ ဂုဏ်ဆောင်အဖြစ်သတ်မှတ်ထားသော မြို့မအသင်းအနေဖြင့် ဤခန်းမဖွင့်ပွဲသို့ တက်ရောက်ဖျော်ဖြေသည့်အတွက် မြို့ခံများ၏ ဝေဖန်မှုကို ပြင်းထန်စွာခံခဲ့ရသည်။[၂]အာဏာသိမ်းစစ်ကောင်စီ၏ ဖိတ်ကြားချက်အား အသင်းသူအသင်းသားများအကြား လက်မခံနိုင်ကြသဖြင့် ဖွင့်ပွဲသို့ မြို့မအသင်း၏ တီးခတ်သူ သုံးပုံနှစ်ပုံနှင့် သီဆိုသူ ၁ဦးသာတက်ရောက်ခဲ့သည်။ ထို့အတွက်ကြောင့် ယဉ်ကျေးမှုတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများနှင့် ပူးတွဲ၍ ဖျော်ဖြေခဲ့ရသည်။ ထို့အပြင် မြို့မအသင်း၏ စင်မြင့်တွင် မြို့မနှင့်သက်ဆိုင်သော သီချင်းများသာသီဆိုရန် သတ်မှတ်ထားသော်လည်း ဖွင့်ပွဲတွင် တပ်မတော်သီချင်းများကိုပါ သီဆိုခဲ့ကြသည်။[၃]

ဆက်စပ်ကြည့်ရှုရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်