ရုပ်စုံကျောင်း
မြန်မာနိုင်ငံတွင် ရှေးဟောင်း ရုပ်စုံကျောင်း များစွာရှိသည်။ ရုပ်စုံကျောင်းဟု ခေါ်ဆိုခြင်းမှာ ဗုဒ္ဓဝင် ဇာတ်တော်များ၊ ငါးရာ့ငါးဆယ် နိပါတ်တော်လာ ဇာတ်တော်များကို ပန်းပုလက်ရာများ ထုလုပ်၍ တန်ဆာဆင်ထားသော ဘုန်းကြီးကျောင်း၊ ဘုရားရှိခိုးရာ၊ ဝတ်ပြုရာကျောင်းကို ခေါ်ဆိုသည်။
- မန္တလေး ရုပ်စုံကျောင်း(မန္တလေး တောင်ခြေ)
- စစ်ကိုင်း ရုပ်စုံကျောင်း (စစ်ကိုင်းတောင်ရိုး၊ တောင်ဆင်းလမ်း၊ ဟံသာဂီရိချောင်အနီး အရိယာဝံသချောင်)
- ဆီမီးခုံ ရုပ်စုံယွန်းကျောင်း (မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံကျေးရွာ)
- စလေ ရုပ်စုံကျောင်း
- စကု ရုပ်စုံကျောင်း (မင်းဘူး စလင်းကားလမ်းမဘေး)၊ နှစ်ကျောင်း ရှိသည်ဟု သိရသည်။
- စလင်း ရုပ်စုံကျောင်း (စလင်း မြို့ ဝက်သည်းကန် အနီး)
- လယ်ကိုင်း ရုပ်စုံကျောင်း (စကုနှင့် ပွင့်ဖြူကြား၊ လယ်ကိုင်းမြို့ဟောင်း) စသည်တို့ ရှိသည်။