ရေညှိပင်

ယူကာရုတ် သက်ရှိဇီဝအုပ်စု

ရေညှိပင်ကို ရုက္ခဗေဒအလိုအရ မတ်ဆိုင်းဟုခေါ်သည်။ ရေညှိပင်အုပ်စုတစ်စုသည် ရေချိုတိမ်တိမ်တွင် ပေါက်၍ အခြားအုပ်စုတစ်စုသည် စိုစွတ်သည့် မြစ်နှင့် ချောင်းကမ်းပါးများတွင် ပေါက်ရောက်ကြသည်။ ကျောက်များနှင့် သစ်ပင်များပေါ်တွင် ပေါက်ရောက်သော ရေညှိပင်အုပ်စုလည်း ရှိသေးသည်။ ရေညှိပင်ကို စိုစွတ်သည့် ရာသီဥတုတွင် မည်သည့်အပူ ချိန်၌မဆို တွေ့နိုင်ပေသည်။ ပေါက်ရောက်ရာ၌ အမြင့်ကိုလည်း မရွေးချေ။ သွေ့ခြောက်၍ နွေးသောဒေသများတွင် ပေါက်ရောက်သော ရေညှိပင်မျိုးလည်း ရှိသေးသည်။ ကမ္ဘာမြေကြီး ဖြစ်ပြီးစက ကုန်းပေါ်ရှိ ပထမ စတင်၍ ပေါက်ရောက်သောအပင်များတွင် ရေညှိပင်လည်း ပါနိုင်စရာရှိသည်။

ရေညှိပင်
An informal term for a diverse group of photosynthetic eukaryotes
Temporal range: Mesoproterozoic–present[၁][၂]
A variety of algae growing on the sea bed in shallow waters
A variety of algae growing on the sea bed in shallow waters
A variety of microscopic unicellular and colonial freshwater algae
A variety of microscopic unicellular and colonial freshwater algae
သိပ္ပံနည်းကျ အမျိုးစားခွဲခြားခြင်းဤအမျိုးအစားခွဲခြားခြင်းကို ပြင်ဆင်ရန်
အုပ်စုများ ပါဝင်သည်
Typically excluded:

ရေညှိပင် တစ်ပင်ကို နုတ်၍ကြည့်လျှင် ပင်စည်ကလေး၏ ပတ်လည်၌ အရွက်ငယ်ကလေးများ ထွက်နေကြသည်ကို တွေ့ရ ပေလိမ့်မည်။ ဆံခြည်မျှင်ကဲ့သို့သော အမြစ်ကလေးများသည် လည်း ပင်စည်ကလေး၏ အောက်ခြေတွင် ထွက်နေကြလေသည်။ ထိုအမြစ်ကလေးများကို ရိုင်းဇွိုက်ဟု ခေါ်သည်။

ရေညှိပင်တွင် အဖိုဆဲနှင့် အမဆဲဟူ၍ ဆဲနှစ်မျိုးရှိရာ ယင်းနှစ်မျိုး တွေ့ဆုံကြသောအခါ လိင်ဖြင့် မျိုးပွားခြင်း ဖြစ်ပေါ်လာသည်။ အဆိုပါဆဲများသည် ပင်စည်၊ သို့မဟုတ် အကိုင်း တစ်ခု၏ထိပ်ရှိ အင်္ဂါတစ်မျိုးစီတွင် ဖြစ်ပေါ်ကြသည်။ အဖိုလိင်အင်္ဂါကို အန်သာရိဒီယမ်ဟု ခေါ်၍ အမလိင်ကို အာခိဂိုနီယမ် ဟု ခေါ်သည်။ အန်သာရီဒိယမ် ကြီးပြင်း၍ စိုထိုင်းလာသောအခါတွင် ပေါက်ကွဲသွားပြီးလျှင် အဖိုဆဲကလေးများသည် လွတ်ထွက်ကုန်ကြသည်။ ထိုသို့ လွတ်ထွက်ကုန်ကြရာတွင် အချို့သည် အာခိဂိုနီယမ်ထံသို့ ရောက်သွားနိုင်၍ အာခိဂိုနီယမ်တွင် ပြွန်အတွင်းသို့ ရောက်သွားကာ ဥနှင့် တွေ့နိုင်လေသည်။ ဆဲနှစ်မျိုးသည် အတူတကွ ကြီးပြင်းလာပြီးလျှင် အိုအိုစပိုးခေါ် ဥစပိုး ဖြစ်သွားသည်။ ထိုအိုအိုစပိုးသည် ခြည်မျှင်ကဲ့သို့သော ပင်စည်အဖြစ်သို့ ကြီးထွားသွားသည်။ ထိုပင်စည်၏ ထိပ်တွင် အလုံးကလေး တစ်လုံးရှိသည်။ လိင်ဖြင့် မျိုးမပွားသောအခါတွင် အဆိုပါ အလုံးကလေးအတွင်း၌ အပင်သစ်ကလေးတစ်ပင် စတင်၍ ပေါက်လာသည်။ အချို့ဆဲကလေးများသည် ထိုနေရာတွင် ကွဲသွားကြပြီးလျှင် မျိုးမှုန်များ ဖြစ်သွားကြသည်။ ထိုမျိုးမှုန်များက မျိုးစေ့များသဖွယ် ပြုမူကြသည်။ ရေညှိပင်ရှိ အလုံးကလေးများတွင် များသောအားဖြင့် အဖုံးပါသော ပါးစပ်ကဲ့သို့သော အပေါက် ကလေးရှိသည်။ မျိုးမှုန်များ ကြီးပြင်းလာကြသောအခါတွင် အဖုံးသည် အောက်သို့ ကျသွားလေသည်။ ထိုအခါ သွားကလေးတစ်စုံက မျိုးမှုန်များ ပြန့်ကြဲမသွားစေရန် ထိန်းသိမ်းပေးသည်။ ထို့ပြင် ထိုသွားကလေးများဖြင့်ပင် လေအတွင်းမှ ရေကို စုပ်ယူကြသည်။

မျိုးမှုန်များမှ ခြည်မျှင်ကဲ့သို့သော ပရိုတိုမာအဖြစ် ဖြာထွက်လာနိုင်သည်။ ပရိုတိုမာရှိ အဖူးများမှ ရေညှိပင်အသစ်ကလေးများသည် အရွက်များ အမြစ်များနှင့်အတူ ဖြစ်ပေါ်လာသည်။

မျိုးမှုန်အမြောက်အမြားသည် အနီးအဝေးသို့ ပြန့်ကြဲသွားကြလေသည်။ စိုထိုင်းပြီး နွေးသောနေရာတိုင်း၌လည်း ပရိုတိုနီမာများ ဖြစ်လာကြသည်။ နေပူသောအခါတွင် အချို့ရေညှိပင် များ၏ အရွက်များသည် တွန့်လိမ်သွားကြလေသည်။ ထိုနည်းဖြင့် နေပူသည့်အခါတွင် သွေ့ခြောက်ခြင်းမှ ကာကွယ်ယူကြသည်။ ထိုသို့ တွန့်လိမ်နေသော ရေညှိပင်များသည် ညို၍ သေပြီဟု ထင်ရသော်လည်း ရေ၊ သို့မဟုတ် အအေးဓာတ်နှင့် တွေ့ထိသောအခါတွင် စိမ်းလန်းစိုပြည်၍ လာကြပြန်သည်။ အချို့ရေညှိပင်များ၏အရောင်များသည် လေထုအတွင်းရှိ ရေငွေ့ အနည်းအများကို လိုက်၍ အရောင်ပြောင်းလဲတတ်ကြသည်။ ရေညှိပင်များက မြေဆီလွှာကို ဖြစ်ပေါ်စေ၏။ ယင်းတို့၏ အမြစ်ကလေးများက ကျောက်ကို တဖြည်းဖြည်း ခြွေချကြသည်။ ကြာသောအခါတွင် ကျောက်တုံးသည် တူဖြင့်ထုသောအခါ၌ ကြေကုန်သကဲ့သို့ ကြေသွားလေသည်။ တဖန် ရေညှိပင်၏ အရွက်ကလေးများက လေအတွင်းမှ ဖုန်မှုန့်ကလေးများကို စုယူကြသည်။ ထိုဖုန်မှုန့်ကလေးများနှင့် အပင်သေတို့၏ တစ်ရှူးများ ရောစပ်မိသောအခါတွင် မြေဆီလွှာ ဖြစ်သွားလေသည်။ ရေညှိပင်သည် များသောအားဖြင့် မိုးရေကို ထိန်းသိမ်းထားနိုင်လေသည်။ ရေညှိပင်ပေါက်ရာ မြေကြီးသည် စိုထိုင်းလျက်ရှိသဖြင့် အခြားအပင်များ ပေါက်ရောက်နိုင်ကြသည်။ ရေညှိပင်များက မြေဆီလွှာအတွင်းရှိ ရေကို ထိန်းသိမ်းထားခြင်းဖြင့် ရေလွှမ်းမိုးခြင်းကိုလည်း ကာကွယ်ပေးနိုင်သည်။ စိမ့်များတွင် တွေ့ရလေ့ရှိသော သစ်ဆွေး မီးသွေးတွင်ပေါက်သော ရေညှိပင်မျိုးလည်း ရှိသေးသည်။ ရေညှိပင်များသည် သေနေသော ရေညှိပင်အထပ်များပေါ်တွင် ပေါက်လျက်ရှိကြသည်။ သေနေသော ရေညှိပင်များသည် ကြာသောအခါ ဆွေးမြည့်ပြီးလျှင် သစ်ဆွေးမီးသွေးအဖြစ်သို့ ပြောင်းလဲသွားကြသည်။ သစ်ဆွေး မီးသွေးကို လောင်စာအဖြစ်နှင့် အသုံးပြုနိုင်သည့်အပြင် မြေဩဇာအဖြစ်နှင့်လည်း အသုံးပြုနိုင်သည်။ သစ်ဆွေး မီးသွေးကို ထောင်းပြီးလျှင် မြေဆီလွှာနှင့် ရောစပ်ပေးက မြေဆီလွှာ၏ မြေဩဇာသည် ပို၍ကောင်းမွန်လာသည်။ ထို သစ်ဆွေးမီးသွေးက ရေငွေ့ကို ပို၍ထိန်းသိမ်းထားနိုင်လေသည်။ အိုင်ယာလန်၊ ဂျာမနီ၊ ဆွီဒင်၊ နယ်သာလန်နှင့် အမေရိကန်နိုင်ငံများရှိ အချို့အစိတ်အပိုင်းများတွင် သစ်ဆွေးမီးသွေး ညွန်အိုင်များ ရှိသည်။ သစ်ဆွေးမီးသွေးတွင် ပေါက်သော ရေညှိပင်သည် ခရီးဝေးသို့ အပင်များကို တင်ပို့ရာ၌ ထုပ်ပိုးရန်အတွက် အလွန်ကောင်းသည်။ ပထမကမ္ဘာစစ်အတွင်းက လူများကို ခွဲစိတ်ကုသပေးရာတွင် ခွဲစိတ်ပြီးလျှင် အနာများကို ထိုရေညှိပင်မျိုးနှင့် စည်းပေးလေ့ ရှိခဲ့ဘူးသည်။ ရေညှိပင်ဖြစ်ပေါ် နေပုံသည် စပန်းရေမြှုပ်နှင့် တူသဖြင့် သွေ့ခြောက်သည်ဟု ထင်ရသော်လည်း ရေအမြောက်အမြားကို သယ်ဆောင်ထားနိုင်လေသည်။

အချို့ အနောက်နိုင်ငံများတွင် မွေ့ရာများ ပြုလုပ်ရာ၌ တန်ဒြာသမင်၏ အမွေးများနှင့် ရေညှိပင်များကို ရော၍ အသုံးပြုလေ့ရှိကြသည်။ အချို့ငှက်များကလည်း သူတို့၏ အသိုက်များတွင် ရေညှိပင်များကို ကပ်ထားလေ့ ရှိကြသည်။ မြောက်အမေရိကတိုက် နယ်ခြားဒေသများ၌ နေထိုင်ခဲ့ကြသူများသည် မိမိတို့ သစ်လုံးများအကြားရှိ အက်ကြောင်းများကို ရေညှိပင်များနှင့် ဖာထေးထားခဲ့ကြသည်။ ရေညှိပင်အစစ်မျိုးစိတ်ပေါင်း ၅ဝဝဝ ခန့်ရှိကြောင်းသိရ၍ ယင်းတို့သည် ကမ္ဘာအနှံ့အပြား၌ ပေါက်ရောက်လျက် ရှိကြပေသည်။[၃]

ကိုးကားပြင်ဆင်