ရဲအောင် (ဒုတိယဗိုလ်ချုပ်ကြီး)

မြန်မာ့တပ်မ​တော်အရာရှိ၊ ဝန်ကြီးအငြိမ်းစား

ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်မှ ၂၀၂၁ခုနှစ် ​ဖေ​ဖော်ဝါရီ ၁ရက်​နေ့အထိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သားကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[၁]၂၀၂၁ခုနှစ်တွင် တပ်မတော်မှ အငြိမ်းစားယူခဲ့ပြီး ၂၀၂၁ခုနှစ် နိုဝင်ဘာလမှစတင်ကာ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည်။[၂]၂၀၂၁ခုနှစ် အာဏာသိမ်းယူမှုဖြစ်ပွားပြီးနောက် တပ်မတော်မှ ပြင်ဆင်ဖွဲ့စည်းသည့် ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီတွင် အဖွဲ့ဝင် ဖြစ်လာခဲ့သည်။[၃]

ဒုတိယဗိုလ်ချုပ်ကြီး

ရဲအောင်
နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီး
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၆ – ၁ ​ဖေ​ဖော်ဝါရီ ၂၀၂၁
သမ္မတဦးထင်ကျော်
ယခင်လူဒုတိယဗိုလ်ချုပ်ကြီး ​ကျော်​ဆွေ
ဆက်ခံသူဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း​နောင်
ကိုယ်ရေး အချက်အလက်များ
မွေးဖွားချောက်မြို့မကွေးတိုင်း၊ မြန်မာနိုင်ငံ
လူမျိုးမြန်မာ
မိခင်ကျောင်းစစ်တက္ကသိုလ်
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ
တပ်/တပ်ဖွဲ့ခွဲတပ်မတော် (ကြည်း)
ရာထူးဒုတိယဗိုလ်ချုပ်ကြီး

မကွေးတိုင်းဒေသကြီး ချောက်မြို့ဇာတိဖြစ်ပြီး စစ်တက္ကသိုလ် အမှတ်စဉ်(၂၃) ဗိုလ်သင်တန်းဆင်းအရာရှိတစ်ဦး ဖြစ်သည်။ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၌ စစ်ဦးစီးမှူး(ပထမတန်း)၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း)၏ ဒု-ဒကစမှူး၊ အမှတ်(၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး၊ တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း (ဗထူး) ကျောင်းအုပ်ကြီး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် စစ်ဥပဒေချုပ် တာဝန်များကို အဆင့်ဆင့် ထမ်းဆောင်ခဲ့သည်။

ကိုးကား ပြင်ဆင်ရန်