ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်

ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် သည် မြန်မာစကားပုံတစ်ခု ဖြစ်သည်။

အဓိပ္ပာယ် ပြင်ဆင်ရန်

ရွှေချထားသောကျောင်းတွင် သီတင်းသုံးနေသော်လည်း ဆွမ်းကွမ်းချို့တဲ့နေသကဲ့သို့ အမြင်အားဖြင့် ချမ်းသာကြွယ်ဝဟန် ရှိနေသော်လည်း အမှန်တကယ်မူ ဆင်းရဲကျပ်တည်းနေသည်။

"ရွှေကျောင်း‌ပြောင်ပြောင် ဝမ်းခေါင်ခေါင် ဆိုသကဲ့သို့ ဟန်သာလျှင် ကျန်နေကြတော့သဖြင့် ...."

ကိုးကား ပြင်ဆင်ရန်