လမိုင်းဝန် ပြင်ဆင်ရန်

လယ်ထွန်မင်္ဂလာ ကိစ္စတွင် အဓိကကျသော အရာရှိမှာ လမိုင်းဝန်ပင် ဖြစ်သည်။ လမိုင်းဝန်သည် မင်္ဂလာလယ်တော်နှင့် တကွ လက်ဝဲတော်၊ လက်ယာတော် လမိုင်းကျေးရွာများက စပါးတော်ဟူသမျှကို အချိန်နေ့ရက် မကျဓးလွန်စေရ၊ ရိပ်သိမ်းရန် ရွှေမြို့တော် မြောက်မျက်နှာ မြို့ရိုးအတွင်းရှိ စပါးတစ်သိန်းစီ ဝင်သော မစိုးရိမ် မကြောင့်ကြ မတောင့်တ၊ ခန့်တိုင်ရ ကျီတော်ကြီးများသို့ သွင်းရသည်။

ရွှေနန်းရိုး လမိုင်းဝန် ပြင်ဆင်ရန်

ရွှေနန်းရိုး လမိုင်းဝန် သည် ထီးနန်းစဉ်ဆက် ဧကရာဇ်မင်းမြတ်တို့ သီးခြားပိုင်ဆိုင်တော်မူမြဲ အရာတော်လယ်မြေ၊ နန်းမတက်မီ မင်းသားအစဉ်က အမွေတော်ရ လယ်ယာမြေများကို အလစ်အလပ် မရှိစေရ။ နေရာချထား လုပ်သားပြည်သူတို့ကို ဆင့်ဆိုလုပ်ကိုင်စေရန် အသီးအနှံများကို သိမ်းရုံးဆက်သွင်းရခြင်းကြောင့် ရွှေနန်းရိုး လမိုင်းလယ်၊ အောင်ပင်လယ် လမိုင်းလယ် နှစ်ရပ်ကို ဝန်စုသီးခြား ခန့်အပ်တော်မူသည်။ ရွှေနန်းရိုး လမိုင်းဝန်က ထိန်းအုပ်နှိုးဆော် စီမံရသည်။

လမိုင်းအစုသား ပြင်ဆင်ရန်

လမိုင်းဆိုသည်မှာ ဘုရင့်လယ်တော်ကို လုပ်ရသော လယ်သူလယ်သားအစုကို လမိုင်းအစုဟု ခေါ်သည်။ ရွှေနန်းရိုး လမိုင်းနှင့် ငစဥ့်ကူးမြို့နယ်၊ ခူလယ်ရွာ၊ မြောက်ရွသစ်၊ သီလရွာ၊ ဆီးပင်ကုန်းရွာ၊ ဒိုးပင်ကုန်းရွာ၊ ညောင်ပင်ပုရွာ၊ တောင်ကိုင်းရွာ၊ ကိုင်းတောရွာ၊ ရွာသစ်ကလေးရွာ၊ ခန်းပတ်ရွာ၊ ကျည်းပင်ရွာများက မင်္ဂလာ လမိုင်းစုတွင် သတ်မှတ်ရာ မပါသော ပုဂံပြည်တွင် ထီးနန်းကနက်စိုက်စဉ် ကာလက ဝမ်းတော်ပြည့် လယ်လုပ်သားဟု တွင်သည်။

ရတနာပူရ အဝမြို့တွင် ထီးကနက်စိုက်စဉ်က အောင်ပင်လယ်ရွာ၊ ထွန်တုံးရွာ၊ လက်သစ်ရွာ၊ သမန်းမဲကုန်းရွာ၊ မြို့သစ်ရွာများသည် လယ်ယာတော် လမိုင်းဟု တွင်သည်။ နန္ဒာတောင်ရွာ၊ နန္ဒာမြောက်ရွာများသည် လက်ဝဲတော် လမိုင်းဟု တွင်သည်။ လမိုင်းအစုသားများကား မြန်မာလူမျိုးကြီး ဖြစ်ကျသည်ဟု သိရှိရသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. သမိုင်းပါမောက္ခ ဒေါက်တာကျော်ဝင်း(ငြိမ်း) ရေး၊ ညောင်ရမ်းမင်းသား၏ နောက်ဆုံးနေ့ရက်များနှင့် အခြားစာတမ်းများ၊ စာ-၁၃၊ ၂၀၁၅၊ ဒီဇင်ဘာ