ရှင်ကိုးရှင်ဘုရားများ သည် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် အတွင်းတွင်ရှိကြပြီး မြန်မာနိုင်ငံ အရပ်ရပ်မှ ဘုရားဖူးများ နှစ်စဉ်လာရောက်ဖူးမြော်ကြသည်။ ဟေမာ ဂီရိ မြို့တြိ မှတ်ဘိရှင်ကိုးရှင် ဟူ၍ တောင်တွင်တည်ထားသော ဘုရား(၃)ဆူ၊ တောရွာတွင်တည်ထားသော ဘုရား(၃)ဆူ၊ မြို့ပေါ်တွင်တည်ထား ဘုရား(၃)ဆူ ရှိသည်။

တောင်ပေါ်တွင်တည်ထားသော ဘုရား (၃)ဆူမှာ

  1. ရှင်ဆံတော်ဘုရား - ထားဝယ်မြို့မှ (၄၇) မိုင်ခန့်ရှိ ကလိန်အောင်မြို့အနောက် တောင်ပေါ် (ကောဇာသက္ကရာဇ် ၂၅)
  2. ရှင်မျှော်တောင်ဘုရား - ထားဝယ်မြို့မှ (၅၁) မိုင် (၃)ဖာလုံခန့်ရှိ လောင်းလုံမြို့နယ် ကြက်လွှတ်ရွာ (ထားဝယ်အငူ) (ကောဇာသက္ကရာဇ် ၂၃၈)
  3. ရှင်တောင့်ပုံဘုရား - ထားဝယ်မြို့မှ (၁၈) မိုင်ခန့်ရှိ သရက်ချောင်းမြို့အရှေ့ တောင်ပေါ် (ကောဇာသက္ကရာဇ် ၉၇)

တောရွာတွင်တည်ထားသော ဘုရား (၃)ဆူမှာ

  1. ရှင်ဓာတ်ဝဲဘုရား- ထားဝယ်မြို့မှ (၇) မိုင်ခန့်ရှိ မောင်မယ်ရှောင်ရွာ (ကောဇာသက္ကရာဇ် ၁၅၀)
  2. ရှင်ဇလွန်စေတီတော် - ထားဝယ်မြို့မှ (၆) မိုင်ခန့်ရှိ လောင်းလုံမြို့နယ် မြို့ဟောင်းရွာ (ကောဇာသက္ကရာဇ် ၁၇၀၊ ၈၈၆၊ ၈၈၉ ကွဲလျက်ရှိ)
  3. ရှင်တောက်ထိန်ဘုရား - ထားဝယ်မြို့မှ (၃) မိုင်ခန့်ရှိ လောင်းလုံမြို့နယ် ကမြောကင်းရွာ (သက္ကရာဇ် မသိ)

မြို့ပေါ်တွင်တည်ထားသော ဘုရား

  1. ရှင်ပင်ခရုဘုရား - ထားဝယ်မြို့ ကရပ်ပြင်ရပ်ကွက် (သက္ကရာဇ် မသိ)
  2. ရှင်ဥဩစေတီ - ထားဝယ်မြို့ ပိန္နဲတောရပ်ကွက် (ကောဇာသက္ကရာဇ် ၁၁၂၂)
  3. ရှင်မုတ္ထီးဘုရား - ထားဝယ်မြို့ ရှင်မုတ္ထီးရွာ (ကောဇာသက္ကရာဇ် ၇၈၀ မှ ၈၀၀)အတွင်း

ကိုးကား ပြင်ဆင်ရန်

  • ဘဒ္ဒန္တဝီရိယ - ထားဝယ်ဘုရားသမိုင်းပေါင်းချုပ် (၁၉၈၉)
  • မောင်သန်းဆွေ(ထားဝယ်) - ရှင်ကိုးရှင်ဘုရားများ (၂၀၁၅)
  • ဆရာဦးဘမြင့်(ထားဝယ်) - ရှေးဟောင်းသမိုင်းဝင်ရှင်ကိုးရှင်ဘုရားသမိုင်းအကျဉ်းချုပ် (၂၀၁၆)
  • မောင်ထွန်းလွင်(ထားဝယ်) - ထားဝယ်ရှေးဟောင်းသမိုင်းဝင်ရှင်ကိုးရှင်ဘုရားများ