ရှင်ဉာဏသီရိဓဇ (၁၁၅၈ - ၁၂၁+) သည် “မဲထီးဆရာတော်” ဟု ထင်ရှားသည့် ဆရာတော် ဖြစ်သည်။ [၁]

ဘဝ ပြင်ဆင်ရန်

ဆရာတော်ကို ၁၁၅၈ ခုနှစ်တွင် ကျောက်ပန်းတောင်းမြို့စီရင်စု၊ လက်ပံချဉ်ရွာ၌ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်ကြွယ် ဖြစ်သည်။ မိဘနှစ်ပါးမှာ မောင်အိပ်နှင့် မယ်ပွား ဖြစ်သည်။

ရှင်သာမဏေပြုသည့်အခါ “ရှင်ဉာဏသီရိ” ဘွဲ့ကို ခံယူခဲ့သည်။ သာယာဝတီမင်းလက် အင်းဝမြို့ အနောက်တောင်ထောင့် ရွှေစည်းခုံဘုရားအနီး မဟာအောင်မြေဘုံသာစံကျောင်းတွင် စလင်းသာသနာပိုင် ဆရာတော်ကြီးထံ၌ စာပေသင်ကြားခဲ့သည်။ ပုဂံမင်းလက်ထက်တွင် အမရပူရမြို့တော် ရတနာဘုံကျော်ကျောင်းတော်ကြီးသို့ စလင်းသာသနာပိုင်ဆရာတော်ကြီးနှင့်အတူ ကြွရောက်လိုက်ပါတော်မူ၍ ပညာများ ဆက်လက်ဆည်းပူးခဲ့သည်။

ဆရာတာ်သည် မင်းပေးသည့်ဘွဲ့ ရသည်ဟု မထင်ရှားပေ။ ကျောင်းတော်ကြီးတိုက် မဲထီးဆရာတော်ဟု ထင်ရှားသည်။[၁]

ပျံလွန်တော်မူခြင်း ပြင်ဆင်ရန်

၁၂၁၃ ခုနှစ်နောက်တွင်မှ ပျံလွန်တော်မူခဲ့သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၈၄၊ ၈၅။