ရှင်ဒီပ (၁၁၆၂ - ) သည် ဧကာဒသမမြောက် “ညောင်ကန်ဆရာတော်” ဖြစ်သည်။[၁]

ဘဝ ပြင်ဆင်ရန်

ဆရာတော်ကို ၁၁၆၂ ခုနှစ်တွင် ဗဒုံမြို့၊ ညောင်ကန်ရွာ၌ ဖွားမြင်ခဲ့သည်။ ကြက်သွန်ကန်ဘောင်ရိုး၌ ဖွားမြင်ခဲ့သည့်အတွက် ငယ်မည်ကို မောင်ကန်ရိုးဟု မှည့်ခဲ့သည်။ မိဘနှစ်ပါးမှာ ဦးစံရာ - ဒေါ်ဦး ဖြစ်သည်။

ငယ်စဉ်ကပင် ဆရာတော်ဦးပိုး (သတ္တမညောင်ကန်ဆရာတော်) ထံတွင် စာပေများ သင်ကြားခဲ့သည်။ အရွယ်ရောက်သည့်အခါ “ရှင်ဒီပ” ဟူသည့် ဘွဲ့ဖြင့် ရဟန်းပြခဲ့သည်။ ဆရာတော်ဦးပိုး အင်းဝမြို့တော်သို့ သွားသည့်အခါ လိုက်ပါရ၏။

ဆရာတော်သည် ဘကြီးတော်မင်းလက်ထက်တွင် “ဒီပါလင်္ကာရမဟာဓမ္မရာဇဂုရု” တံဆိပ်တော် ရခဲ့သည်။ ဦးဗုဓ်လက်ထက်တွင်လည်း ဆက်လက်ကာ နိသျည်းခံယူခဲ့သည်။

ထို့နောက်တွင်အမရပူရမြို့ အရှေ့မြောက်ယွန်း မဟာဘံကျော်ညောင်ကန်တိုက်တွင် မြတောင်မြို့စား မင်းသမီးက ဆောက်ုလုပ်လှူဒါန်းသည့် လေးထပ်ကျောင်းကို ခံယူရသည်။

ဆရာတော်သည် ကျမ်းဂန်တတ်သည်ဟုသာ ထင်ရှား၍ ကျမ်းများပြုစုခဲ့သည့် အမှတ်အသား မတွေ့ရပေ။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၈၉၊ ၉၀။