ရှင်ဓမ္မ (၁၁၆၃ - ၁၂၁+) သည် “သစ်ဆိမ့်ဆရာတော်” [မှတ်စု ၁] ဟု ထင်ရှားခဲ့သည့် ဆရာတော် ဖြစ်သည်။[၁]

ဘဝ ပြင်ဆင်ရန်

ဆရာတော်ကို ၁၁၆၃ ခုနှစ်တွင် တောင်ဘက်မြင်းမြေရန်အောင်မြို့သစ်၌ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်ရွှေလူ ဖြစ်သည်။

အရွယ်ရောက်သည့်အခါ “ရှင်ဓမ္မ” ဟူသည့် ဘွဲ့ဖြင့် ရဟန်းပြုခဲ့သည်။ ရတနာပူရစတုတ္ထမြို့တည် မင်းတရားလက်ထက် အင်းဝမြို့ အနောက်တောင်ထောင့်ရှိ မန်ကျည်းတောကျောင်းတိုက်တွင် မြောက်နန်းမိဖုရားဆရာတော်ထံတွင် စာပေများ သင်ကြားခဲ့သည်။ ပုဂံမင်းလက်ထက်တွင် မိဖုရားကြီးက ဆောက်လုပ်သည့် မဟာခေမိကာရာမတိုက် မဟာဘုံကျော်တိုက်ကျောင်းတွင် သီတင်းသုံးခဲ့သည်။

ဆရာတော်သည် “ဓမ္မာဘိလင်္ကာရသီရိသဒ္ဓမ္မဓဇမဟာဓမ္မရာဇာဓိရာဇဂုရု” တံဆိပ်တော် ရခဲ့သည်။[၁]

ပြုစုခဲ့သည့် ကျမ်းများ ပြင်ဆင်ရန်

ဆရာတော်သည် ရာဇဝံသဋီကာပါဌ်နိသျကို ရေးသားဖွင့်ဆိုတော်မူခဲ့သည်။[၁]

ပျံလွန်တော်မူခြင်း ပြင်ဆင်ရန်

ဆရာတောသည် မင်းတုန်းမင်းလက်ထက်တွင် ထင်ရှားခဲ့သည့် ဆရာတော် ဖြစ်သည်။ ၁၂၁၃ ခုနှစ်လွန်မှ ပျံလွန်တော်မူခဲ့သည်။[၁]

မှတ်စု ပြင်ဆင်ရန်

  1. မင်းလှသီရိသီဟသူ၏ မှတ်စုတွင် တေဇောနန္ဒာဘိဃောသဓဇမဟာဓမ္မရာဇာဓိရာဇဂုရုဟူ၍ ပြသည်၊ ပိဋကတ်တော်သမိုင်းနှင့် မညီပေ။ အဘိဓမ္မတ္ထသင်္ဂဟအဋ္ဌကထာနိသျ၊ ပရိဝါပါဠိတော်နိသျ၊ လောကဒီပကသာရနိသျကျမ်း စသည်တို့ကို ပြုစုခဲ့သည့် သစ်ဆိမ့်ဆရာတော်သည် ဤဆရာတော်၏ တပည့် ပညာသီဟာဘိသီရိသဒ္ဓမ္မဓဇ မဟာဓမ္မရာဇာဓိရာဇဂုရုတံဆိပ်တော်ရ ဒုတိယသစ်ဆိမ့်ဆရာတော် ရှင်ပညာသီဟ ဖြစ်သည်၊ မန္တလေးမြို့မြောက်ပြင် ခေမိကာရာမတိုက်၌ သီတင်းသုံးတော် မူသည်။, ပေါရာဏကထာဋီကာကျမ်ပြု သစ်ဆိမ့်ဆရာတော်၏ ဘွဲ့တံဆိပ်ကိုမူ ထိုကျမ်းနိဒါန်း၌ ပညာသီဟသာသနာလင်္ကာရ မဟာဓမ္မရာဇာဓိရာဇဂုရုဟူ၍ ပြဆိုသည်။ သစ်ဆိမ့်ဆရာတော်၏ တပည့် ဒုတိယသစ်ဆိမ့်ဆရာတော် ရှင်ပညာသီဟပင် ဖြစ်ဖွယ်ရှိသည်။ သင်္ဂဇာစကားပုံပေါင်းချုပ်စာအုပ်တွင် ပညာသီဟသာသနဓဇမဟာဓမ္မရာဇာဓိရာဇဂုရုဟူ၍ ဖော်ပြသည်၊ တံဆိပ်တော် အကွဲအလွဲ မှတ်သားကြသည်။ သစ်ဆိမ့်ဆရာတော် ၁၂၀၁ ခုနစ်၊ တပို့တွဲလတွင် ပြုစုသော ဂီတာလင်္ကာရကျမ်းတစ်စောင် ရှိသေးသည်။ ပေါရာဏကထာဋီကာကျမ်းပြု ဆရာပင် ဖြစ်ဖွယ်ရှီသည်။ မင်းတုန်းမင်းလက်ထက် ၁၂၂၂ ခုနှစ် ပဉ္စမသင်္ဂါယနာတင်ရာတွင် အကြပ်အမဆရာတော်တပါး ဖြစ်သော အဟာအဘယာရုံတိုက် သစ်ဆိမ့်ကြီးရွာဇာတိ ဧသီသာရဓမ္မပါလကိတ္တိမဟာဓမ္မရာဇဂုရုတံဆိပ်တော်ရ သစ်ဆိမ့်ဆရာတော်ဟူ၍လည်း ရှိသေးသည်။

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၉၀၊ ၉၁။