ရှင်ဓမ္မဒီပ (၁၀၃၃ - ၁၂၀၉) သည် “မိုးထိဆရာတော်” ဟု ထင်ရှားခဲ့သည့် ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝ ပြင်ဆင်ရန်

ဆရာတော်ကို သက္ကရာဇ် ၁၀၃၃ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက်နေ့တွင် စလင်းမြို့၌ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်ပေါအီ ဖြစ်သည်။

သာမဏေပြုသည့်အခါ “ရှင်ဓမ္မ” ဟူသည့် ဘွဲ့ဖြင့် ပြု၍ ရဟန်းပြုသည့်အခါ “ရှင်ဓမ္မဒီပ” ဘွဲ့ကို ခံယူခဲ့သည်။ ဆရာတော်ကို ဘကြီးတော်မင်းတရားကြီးလက်ထက်တွင် နှမတော်အကြီး ပုသိမ် ၃၂ မြို့၊ တောင်တွင်းကြီးမြို့၊ ကန္နီမြို့၊ ဟင်္သာတမြို့စားက ကိုးကွယ်တော်မူခဲ့သည်။ အင်းဝမြို့တော်တွင် မဟာမုနိဘုရား တောင်ဗဒုံကျောင်းတိုက်တွင် မင်းသမီးလှူဒါန်းသည့် ဘုံလေးဆင့်ရှိ ကျောင်းတွင် သီတင်းသုံးခဲ့သည်။ အမရပူရမြို့သို့ ရောက်သည့်အခါ မြို့တော်အရှေ့တောင်ထောင့် မိုးထိတိုက်အတွင်း ဘုံသာဝေယန်ကျောင်း၌ သီတင်းသုံးခဲ့သည်။

ဆရာတော်သည် “ဓမ္မာဘိဓဇ မဟာဓမ္မရာဇဂုရု” တံဆိပ်တော် ရခဲ့သည်။[၁]

ပျံလွန်တော်မူခြင်း ပြင်ဆင်ရန်

ဆရာတော်သည် ၁၂၀၉ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက်နေ့တွင် မိုးထိကျောင်း၌ ပျံလွန်တော်မူခဲ့သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၆၆။