ရှင်ဓမ္မရက္ခိတ (၁၁၇၇ - ၁၂၅၇) သည် “ကျပင်းဘုန်းတော်ကြီး” ဟု သီပေါမင်းလက်ထက်တွင် ထင်ရှားခဲ့သည့် ကျမ်းပြုဆရာတော် ဖြစ်သည်။[၁]

ဘဝ ပြင်ဆင်ရန်

ဆရာတော်ကို ၁၁၇၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၅ ရက် စနေနေ့တွင် ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်ရွှေသီး ဖြစ်သည်။ မိဘနှစ်ပါးမှာ ဦးဖိုးလာ - ဒေါ်ဂုံ ဖြစ်သည်။

ငယ်စဉ်ကပင် ကျပင်းရွာ ခင်ကြီးစိုးထံတွင် စာပေသင်ကြား၍ သာမဏေဝတ်ခဲ့သည်။ “ဓမ္မရက္ခိတ” ဟူသည့်ဘွဲ့ဖြင့် ရဟန်းပြုခဲ့သည်။ ရဟန်းပြုပြီးသည့်အခါ ကျပင်းရွာ ခင်ကြီးအောင်နှင့် ခင်ကြီးသစ်တို့ထံတွင် စာပေများ ဆက်လက်သင်ကြားခဲ့သည်။ ကျပင်းရွာရှိ အဘယဂီရိကျောင်းတွင် သီတင်းသုံးသဖြင့် “ကျပင်းဆရာတော်” ဟု တွင်ခဲ့သည်။

သက္ကရာဇာ် ၁၂၅၄ ခုနှစ်တွင် မန္တလေးမြို့ သာသနာပိုင်ဆရာတော်ကြီးက စလင်း၊ ကျပင်း၊ ဆင်ဖြူကျွန်း ၃ မြို့၏ ဂိုဏ်းချုပ်ဆရာတော်အဖြစ် ခန့်အပ်ခဲ့သည်။[၁]

ပျံလွန်တော်မူခြင်း ပြင်ဆင်ရန်

ဆရာတော်သည် ၁၂၅၇ ခုနှစ်၊ ဝါတော် ၆၀၊ သက်တော် ၈၀ တွင် ပျံလွန်တော်မူခဲ့သည်။[၁]

ပြုစုခဲ့သည့် ကျမ်းများ ပြင်ဆင်ရန်

ဆရာတော်သည် အောက်ပါကျမ်းများကို ပြုစုတော်မူခဲ့သည်။

၁။ ကျပင်းတရားစာ၊

၂။ သဒ္ဒါနိသျမူကျယ်၊

၃။ အဘိဓမ္မတ္ထကျမ်း၊

၄။ ကမ္မဝိနိစ္ဆယကျမ်း၊

၅။ ဒွိမဂ္ဂဒီပနီ၊

၆။ နယဂ္ဂဒီပနီ၊

၇။ လက္ခဏာဒိသံခိပ်၊

၈။ သာသနာပြုကျမ်းများ၊

၉။ ဥပေါသထဝိနိစ္ဆယကျမ်း၊

၁၀။ သဒ္ဒါဒိဓမ္မသံခိပ်၊

၁၁။ မဟာနဘာဝနာဩဝါဒ။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၉၇၊ ၉၈။