ရှင်နန္ဒမာလာ (တံတိုင်းရှည်ဆရာတော်)

ရှင်နန္ဒမာလာ (၁၁၄၂ - ၁၂၁+) သည် "တံတိုင်းရှည်ဆရာတော်" ဟု ထင်ရှားသည့် ဆရာတော် ဖြစ်သည်။[၁]

ဘဝ ပြင်ဆင်ရန်

ဆရာတော်ကို ၁၁၄၂ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက်နေ့တွင် ဗန့်ကျီတိုက်မြို့နယ်၊ ရွာထောင်ရွာတွင် ဖွားမြင်ခဲ့သည်။ မိဘနှစ်ပါးမှာ မောင်လှနှင့် ရှင်ငြိမ်းအေးတို့ ဖြစ်ကြသည်။ ဆရာတော်၏ ငယ်မည်မှာ မောင်ပိုး ဖြစ်သည်။

"ရှင်နန္ဒိယ" ဟူသည့် ဘွဲ့ဖြင့် သာမဏေဝတ်ခဲ့သည်။ အရွယ်ရောက်သည့်အခါ "ရှင်နန္ဒမာလာ" ဘွဲ့ဖြင့် ရဟန်းပြုခဲ့သည်။ ဆရာတော်ကို ဗန်းမော်မြို့ဝန်ဟောင်း မောင်ရွှန်းက ကိုးကွယ်ခဲ့သည်။ ဆရာတော်သည် အမရပူရမြို့တော် အရှေ့တောင်ယွန်းတွင် ကျီဝန်မောင်အို၏ ကောင်းမှုဖြစ်သည့် ရွှေဘုတ်ရှောင်ဘုရားအနီး ဗန်းမော်ဝန် ဆောက်လုပ်ခဲ့သည့် လေးထပ်ကျောင်းတွင် သီတင်းသုံးခဲ့သည်။

ဆရာတော်သည် "နန္ဒဘိဓဇမဟာဓမ္မရာဇဂုရု" တံဆိပ်တော် ရခဲ့သည်။[၁]

ပျံလွန်တော်မူခြင်း ပြင်ဆင်ရန်

ဆရာတော်သည် ၁၂၁၃ ခုနှစ်နောက်တွင်မှ ပျံလွန်တော်မူခဲ့သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၇၂။