ရှင်နရိန္ဒ (၁၀၈၇ − ၁၁**) သည် အမရပူရမြို့ကို တည်ထောင်ခဲ့သည့် မင်းတရားကြီး၏ သားတော် အိမ်ရှေ့မင်းနှင့် အိမ်ရှေ့မိဖုရားတို့ ကိုးကွယ်ခဲ့ကြသည့် ဆရာတော် ဖြစ်သည်။

ဆရာတော်ကို ၁၀၈၇ ခုနှစ်တွင် ပုခန်းကြီးမြို့ ပိုက်သင်ရွာတွင် ဖွားမြင်ခဲ့သည်။ အိမ်ရှေ့မင်းနှင့် အိမ်ရှေ့မိဖုရားတို့သည် ကိုးကွယ်ကာ မြို့တော်အနောက် သရက်တောကျောင်းတိုက်တွင် မင်္ဂလာဝေယန်ကျောင်းတော်ကြီး ဆောက်လုပ်ကာ လှူဒါန်းခဲ့သည်။

ဆရာတော်သည် နရိန္ဒာဘိသီရိဓဇမဟာဓမ္မရာဇာဓိရာဇဂုရုတံဆိပ်တော်ကိုလည်း လက်ခံရယူခဲ့သည်။ ဆရာတော်သည် ကျမ်းပြုခဲ့သည်ဟု ထင်ရှားမှု မရှိခဲ့ပေ။[၁]

ကိုးကား ပြင်ဆင်ရန်

  1. လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၃၀။