ရှင်ပညာဝံသ (၁၂၅၁ - ၁၃၀၆) သည် “စတုတ္ထမြစ်ကွေးဆရာတော်” [မှတ်စု ၁]ဟု သိကြသည့် ကျမ်းပြုဆရာတော်တစ်ပါး ဖြစ်သည်။[၁]

ဘဝ ပြင်ဆင်ရန်

ဆရာတော်ကို ၁၂၆၅၁ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက်နေ့တွင် ဟင်္သာတခရိုင်၊ ကနောင်မြို့ အိုးဖိုးတိုက် ပက်ထော်ကြီးခေါ် ချောင်းရိုးကုန်းရွာ၌ ဦးမှန်- ဒေါ်ရင်းမင်တို့မှ ဖွားမြင်ခဲ့သည်။

ငယ်စဉ်က ကနောင်မြို့နယ်၊ ဘုရားတောင်ဆရာတော်ထံတွင် စာပေများသင်ကြား၍ သာမဏေဝတ်ခဲ့သည်။ ဘွဲ့မှာ “ရှင်ပညာဝံသ” ဖြစ်သည်။ ထို့နောက်တွင် တတိယမြစ်ကွေးဆရာတော်ထံတွင် ပညာများဆက်လက်သင်ကြား၍ ရဟန်းဘောင်သို့ တက်ရောက်ခဲ့သည်။ “ရှင်ပညာဝံသ” ဟူသည့် ဘွဲ့ကိုပင် ဆက်လက်ကာ ခံယူခဲ့သည်။ ထို့နောက်တွင် မန္တလေးမြို့၊ ခင်မကန်ကျောင်းတိုက်တွင် စာချဆရာတော်အဖြစ် ချီးမြှောက်ခြင်း ခံခဲ့ရသည်။ ထို့နောက်တွင် ဟင်္သာတ မြစ်ကွေးကျောင်းတိုက်တွင် တိုက်အုပ်စာချဆရတော်အဖြစ် ဆောင်ရွက်ခဲ့သည်။

တတိယမြစ်ကွေးဆရာတော် ပျံလွန်တော်မူသည့် ၁၂၉၂ ခုနှစ်မှ စ၍ ကျောင်းတိုက်ကြီး၏ ဦးစီးနာယက ဖြစ်လာခဲ့သည်။

ဆရာတော်သည် စာပေများကို အစုအဆောင်းများသည်။ ဗဟုသုတနှင့် ပြည့်စုံသည်။ စာပေကျမ်းဂန်များ တတ်မြောက်သည်။ ရှေးဟောင်းစာပေများကိုလည်း ထိန်းသိမ်းထားခဲ့သည်။ [၁]

ပျံလွန်တော်မူခြင်း ပြင်ဆင်ရန်

ဆရာတော်သည် ၁၃၀၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက်နေ့တွင် ကွင်းကောက်မြို့၊ ရွှေကျောင်းတိုက်၌ ပျံလွန်တော်မူခဲ့သည်။[၁]

ကျမ်းများ ပြုစုခြင်း ပြင်ဆင်ရန်

ဆရာတော်သည် အောက်ပါကျမ်းများကို ရေးသားပြုစုတော်မူခဲ့သည်။

၁။ အင်္ဂပူရဝိနိစ္ဆယ (၁၃၀၁ ခုနှစ်တွင် ပြီးစီး)၊

၂။ ပိဋကသမိုင်း။[၁]

မှတ်စု ပြင်ဆင်ရန်

  1. ပထမြစ်ကွေးဆရာတော် ရှင်သဒ္ဓမ္မ၊ ဒုတိယမြစ်ကွေးဆရာတော် ရှင်ပညာရံသီ၊ တတိယမြစ်ကွေးဆရာတော် ရှင်ဝိမလဗုဒ္ဓိ (၁၂၃၉-၁၂၉၂)၊ စတုတ္ထမြစ်ကွေးဆရာတော် ရှင်ပညာဝံသ၊ ပဉ္စမြစ်ကွေးဆရာတော် ရှင်နန္ဒဓဇ ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၁၇၀၊ ၁၇၁။