ရှင်ပညာသာမိ (၁၁၄၈ - ၁၂၁+) သည် “ဘုံကျော်ဆရာတော်” ဟု ထင်ရှားခဲ့သည့် ကျမ်းပြုဆရာတော် ဖြစ်သည်။ [၁]

ဘဝ ပြင်ဆင်ရန်

ဆရာတော်ကို ၁၁၄၈ ခုနှစ်၊ ဝါခေါင်လဆန်း ၁၂ ရက်နေ့တွင် ပင်းမြို့၊ သင်ခေါင်ရွာ၌ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်ရွှေလှေး ဖြစ်သည်။ မိဘနှစ်ပါးမှာ မောင်ရွှေနီနှင့် ရှင်ခေါင်းဖြူတို့ ဖြစ်ကြသည်။

သာမဏေပြုသည့်အခါ “ရှင်ပညာ” ဟူသည့် ဘွဲ့ကို ခံယူခဲ့သည်။ အရွယ်ရောက်သည့်အခါ “ရှင်ပညာသာမိ” ဟူသည့်ဘွဲ့ဖြင့် ကာဠုဝန်ကျောင်းတိုက်ဆရာတော်ကို ဦပဇ္ဈာယ်ပြုကာ ရဟန်းဝတ်ခဲ့သည်။ အင်းဝမြို့ လောကသယမ္ဘူဘုရား အရှေ့ကျောင်းတိုက်ရှိ သဲအင်းဆရာတော်ထံတွင် ပညာသင်ကြားကာ သီတင်းသုံးနေထိုင်တော်မူခဲ့သည်။ ထို့နောက်တွင် မြို့တော်၏ အနောက်တောင်ထောင့် ရွှေစည်းခုံဘုရားအနီးရှိ မဟာအောင်မြေဘုံသာစံကျောင်းတိုက်ရှိ စလင်းသာသနာပိုင်ဆရာတော်ထံတွင် ပညာများ သင်ကြားခဲ့ပြန်သည်။ ထို့နောက်တွင် မဟာအောင်မြေဘုံကျော်ကျောင်းတိုက်တွင် သီတင်းသုံရသည်။

အမရပူရမြို့သို့ ရောက်သည့်အခါ မြို့တော်အရှေ့တောင်ထောင့် ပုဂံမင်းသမီးတိုက် မင်းသမီးကျောင်းနှင့် ပုဂံမင်းသမီး ကျောင်းများတွင် သီတင်းသုံးခဲ့သည်။ ထို့နောက်တွင် ကျောက်မော်မြို့စားမင်းကြီး ဆောက်လုပ်ခဲံသည့်ကျောင်းတွင် သီတင်းသုံးခဲ့သည်။ [၁]

ရရှိခဲ့သည့် တံဆိပ်တော်များ ပြင်ဆင်ရန်

ဆရာတော်သည် “ပညာသာမိအဘိသဒ္ဓမ္မဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု” တံဆိပ်တော် ရခဲ့သည်။ [၁]

ပျံလွန်တော်မူခြင်း ပြင်ဆင်ရန်

ဆရာတော်သည် ၁၂၁၃ ခုနှစ်နောက်ပိုင်းတွင်မှ ပျံလွန်တော်မူခဲ့သည်။ [၁]

ပြုစုခဲ့သည့်ကျမ်းများ ပြင်ဆင်ရန်

ဆရာတော်သည် အသီတိဓာတ်ကျမ်းကို ပြုစုခဲ့သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၇၅၊ ၇၆။