ရှင်ပဏ္ဍဝံသ (၁၂၀၅ − ၁၂၄၈) သည် သီပေါမင်းလက်ထက်တွင် ထင်ရှားခဲ့သည့် ကျမ်ပြုဆရာတော်တစ်ပါး ဖြစ်သည်။[၁]

ဘဝ ပြင်ဆင်ရန်

ဆရာတော်ကို သက္ကရာဇ် ၁၂၀၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက် ကြာသပတေးနေ့တွင် မန္တလေးအနောက်ပြင် ဧရာဝတီမြစ်လယ်ရှိ အာလောင်ကျွန်း၌ ဖွားမြင်ခဲ့သည်။

အသက် ၁၆ နှစ်အရွယ်တွင် သင်္ဂဇာဆရာတော်ထံတွင် သာမဏေဝတ်ကာ ပညာများ သင်ကြားခဲ့သည်။ ဆရာတော်သည် စာပေတွင် ထူးချွန်တော်မူသည်။ ထို့နောက်တွင် စာပေများကို ဆက်လက်သင်ကြားကာ ရဟန်းဘောင်သို့ တက်ရောက်ပြီး စာပေများ ပို့ချခဲ့သည်။ ထို့နောက်တွင် စံကျောင်းဆရာတော်၊ ရွှေကျင်ဆရာတော်၊ စလင်းဆရာတော်၊ မဟာဗိုလ်ဆရာတော်၊ မြို့ပြင်ကြီးဂိုဏ်းအုပ်ဆရာတော်တို့ထံတွင် ပညာများ ဆက်လက်ကာ ဆည်းပူးခဲ့သည်။

ထို့နောက် မင်းကွန်းဥဒုမ္ဗရချောင်၌ သီတင်းသုံးခဲ့ပြီး အောက်မြို့ကျေးရွာများသို့ ကြွသည့်အခါ ရွှေကျင်ဆရာတော်နှင့် တွေ့၍ ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော်အရှေ့ဘက်ရှိ ကျောင်းတော်ရာတိုက်၌ တစ်ဝါ သီတင်းသုံးခဲ့သည်။ ထို့နောက်တွင် သီပေါမင်းက ပင့်ဆောင်သဖြင့် မန္တလေးမြို့သို့ ပြန်ကြွလာကာ မင်းကွန်းချောင်၌ သီတင်းသုံးခဲ့သည်။

ထို့နောက်တွင် မိဖုရားခေါင်ကြီးက မဏိရတနာရာမမြတောင်တိုက်ကို လှူဒါန်း၍ “ပဏ္ဍိဝံသာဘိဓဇဓိပတိပဝရ မဟာဓမ္မရာဇာဓိရာဇဂုရု” တံဆိပ်တော် ကပ်လှူခဲ့သည်။ ထို့အခါမှစကာ ဒုတိယမြတော်ဆရာတော်[မှတ်စု ၁]ဟု တွင်ခဲ့သည်။[၁]

ပျံလွန်တော်မူခြင်း ပြင်ဆင်ရန်

ဆရာတော်သည် ၁၂၄၈ ခုနှစ်၊ ကဆုန်လတွင် ပျံလွန်တော်မူခဲ့သည်။[၁]

ပြုစုခဲ့သည့် ကျမ်းများ ပြင်ဆင်ရန်

ဆရာတော်သည် အောက်ပါကျမ်းများကို ရေးသားပြုစုတော်မူခဲ့သည်။

၁။ ဓာတုမဉ္စူသာ၊

၂။ ဓာတွတ္ထဒီပနီဋီကာ၊

၃။ ဆန်းဋီကာ၊

၄။ ပညတ်နက်ကျမ်း၊

၅။ သတပဒီကပုစ္ဆာဝိသဇ္ဇနာကျမ်း (၁၂၄၃)။[၁]

မှတ်စု ပြင်ဆင်ရန်

  1. ၁၂၉၁ ခုနှစ်ပြီး ပုဂံဘုရားတစ်ဆယ့်နှစ်ဆူသမိုင်းကို ပြုစုတော်မူသော ဒုတိယမြတောင်ဆရာတော်မှာ နောင်အဆက်ဆက်မြတောင်တိုက်၌ သီတင်းသုံးတော်မူသော ဆရာတော်တည်းသာလျှင် ဖြစ်တန်ရာ၏။

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၁၂၀၊ ၁၂၁။