မဲထီးဆရာတော် (ရှင်ပရမ) (၁၁၀၄ − ၁၁၅၉) အမရပူရမြို့ကို တည်ထောင်ခဲ့သည့် မင်းတရားကြီး၏ သားတော် တောင်ငူမင်း ကိုးကွယ်သည့် ရဟန်းဖြစ်သည်။[၁]

ဘဝ ပြင်ဆင်ရန်

ဆရာတော်ကို ၁၁၀၄ ခုနှစ်တွင် တောင်ငူမြို့၊ မဲထီးရွာတွင် ဖွားမြင်ခဲ့သည်။ အရွယ်ရောက်သည့်အခါ “ရှင်ပရမ” ဟူသည့် ဘွဲ့ဖြင့် ရဟန်းပြုခဲ့သည်။ တောင်ငူမင်းက ကိုးကွယ်ခဲ့သည်။

အမရပူရမြို့ အရှေ့တောင်ထောင့်မဲထီးတိုက်တွင် သီတင်းသုံးခဲ့သည်။ ဆရာတော်သည် ပရမသီရိဝံသဓဇ မဟာဓမ္မရာဇဂုရု တံဆိပ်တော်ကို ခံယူခဲ့ရသည်။[၁]

ပျံလွန်တော်မူခြင်း ပြင်ဆင်ရန်

ဆရာတော်သည် ၁၁၅၉ ခုနှစ်တွင် တောင်ငူမြို့၌ ပျံလွန်တော်မူခဲ့သည်။[၁]

အခြားသော မဲထီးအမည်ရှိသည့် ဆရာတော်များ ပြင်ဆင်ရန်

မဲထီးဆရာတော်အဖြစ် ရှင်ကဝိ (၁၁၀၉ − ၁၁၉၆) နှင့် ရှင်ဉာဏသီရိဓဇ (၁၁၅၈ − ၁၂၁*) တို့လည်း ရှိသေးသည်။

ဘိုးတော်ဘုရားလက်ထက်က ရှင်မုနိန္ဒသည်လည်း မဲထီးဆရာတော်အဖြစ် ထင်ရှားခဲ့သည်။ ဤဆရာတော်သည် မုနိန္ဒာဘိဓဇမဟာဓမ္မရာဇဂုရုတံဆိပ်တော်ရ၍ တိကနိပါတ်အဋ္ဌကထာနိသျကို စီရင်ခဲ့သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၃၀။