ရှင်ပုညသေဋ္ဌ
ရှင်ပုညသေဋ္ဌ (၁၀၉၂ − ၁၁၇၂) သည် ဘိုးတော်ဘုရားလက်ထက်တွင် ထင်ရှားသည့် ဆရာတော် ဖြစ်သည်။[၁]
ဘဝ
ပြင်ဆင်ရန်ဆရာတော်ကို သက္ကရာဇ် ၁၀၉၂ ခုနှစ်တွင် ပုခန်းကြီးမြို့နယ်၊ ခပိုရွာ၌ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်ပျော် ဖြစ်သည်။ မိဘများကိုမူ မသိရှိရပေ။
ရဟန်းပြုခဲ့သည့်အခါ ဘွဲ့တော်မှာ “ရှင်ပုညသေဋ္ဌ” ဖြစ်သည်။ ဘိုးတော်ဘုရားလက်ထက်တွင် အမရပူရမြို့အနောက်ဘက် သရက်တောမင်္ဂလာ ဝေယန်ကျောင်းတိုက်၌ စာပေပို့ချသီတင်းသုံးတော်မူခဲ့သည်။
ရတနပူရတတိယမြို့တည် မင်းတရားကြီးလက်ထက်တွင် ရာဇနာမတ္ထပကာသနီကျမ်းကို ရေးသားခဲ့သည်။[၁]
ဘွဲ့တံဆိပ်တော်များ
ပြင်ဆင်ရန်ဘိုးတော်ဘုရား၏ ဗုဒ္ဓရက္ခိတမဟာဓမ္မရာဇဂုရု[မှတ်စု ၁] တံဆိပ်တော်ကို လက်ခံရယူခဲ့သည်။[၁]
ပြုစုခဲ့သည့် ကျမ်းများ
ပြင်ဆင်ရန်ဆရာတော်ပြုစုခဲ့သည့် ကျမ်းများမှာ အောက်ပါအတိုင်း ဖြစ်သည် −
၁။ ရာဇနာမတ္ထပကာသနီ၊
၂။ အက္ခရသမ္ဗောဓသတ်ပုံ။[၁]
မှတ်စု
ပြင်ဆင်ရန်- ↑ မင်းလှသီရိသီဟသူမှတ်တမ်းတွင် ဗုဒ္ဓရက္ခိတမဟာသာမိ ဟု ဆိုသည်။