အာချန်လူမျိုး

(ရှမ်းတရုတ် မှ ပြန်ညွှန်းထားသည်)

မိုင်းသာလူမျိုး သို့မဟုတ် အာချန်လူမျိုး (တရုတ်: 阿昌族; ပင်ယင်: Āchāngzú) သည် လူမျိုးအုပ်စုတစ်ခု ဖြစ်ပြီး တိဗက်-ဗမာနွယ် ဘာသာစကားကို ပြောဆိုကြသူများ ဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တရားဝင်အသိအမှတ်ပြုသော တိုင်းရင်းသား ၅၆ အုပ်စုတွင် တစ်ခုအပါအဝင်ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း နေထိုင်ကြပြီး ရှမ်းပြည်နယ်တွင် မိုင်းသာလူမျိုး ဟူ၍လည်းကောင်း၊ ကချင်ပြည်နယ်တွင် ငေါ့ချမ်းလူမျိုးဟူ၍လည်းကောင်း ခေါ်ဆိုကြသည်။

သျှမ်းမိုင်းသာ/တႆးသႃ
မိုင်းသားအမျိုးသမီး ဝတ်စုံ
လူဦးရေ စုစုပေါင်း
~၂၉,၀၀၀
အများစု နေထိုင်သည့် နေရာ
တရုတ်ပြည်သူ့သမ္မတနိုင်ငံယူနန်ပြည်နယ်တွင် အများဆုံးနေထိုင်၊ မြန်မာနိုင်ငံတွင် အနည်းငယ်
ဘာသာစကား
အာချန်, Xiandao (SIL, khan31tao31)
ကိုးကွယ်မှု
ထေရဝါဒ ဗုဒ္ဓဘာသာတာအိုဘာသာနှင့် ရိုးရာကိုးကွယ်မှု

လူဦးရေအနေဖြင့် ၂၇,၇၀၀ ခန့်ရှိပြီး ယင်းတို့အနက် ၂၇,၆၀၀ မှာ ယူနန်ပြည်နယ်မှ ဖြစ်သည်။ အာချန်တို့သည် ဗမာနွယ်ဘာသာစကားတစ်ခုဖြစ်သော အာချန်ဘာသာစကားကို ပြောဆိုကြသည်။[ကိုးကားချက်လိုသည်] သို့သော်လည်း မူရင်းစာအရေးအသားစနစ် မရှိဘဲ တရုတ်အက္ခရာကို ရံဖန်ရံခါ အသုံးပြု၍ ရေးသားသည်။ အာချန်လူမျိုး အများစုသည် တိုင်းလူဘာသာစကားကိုလည်း ပြောဆိုကြသည်။[၁]

တိဗက်-မြန်မာနှင့် ထိုင်းတရုတ်အုပ်စုတို့ ပေါင်းစပ်ထားသော အုပ်စုဝင်ဖြစ်၍ မရူ-အဇီ အုပ်စုသည် မူရင်းမိုင်းသာသျှမ်းမှ ကွဲထွက်လာသည်။ မိုင်းသာလူမျိုးကို အချို့က တႆးသႃ ရှမ်းတရုတ်(ဝါ)တိုင်းဆာသျှမ်း(ဝါ)ပန်းပဲသျှမ်း(ဝါ)အာချန်သျှမ်း ဟုခေါ်ဆိုကြသည်။ ရှမ်းပြည်မြောက်ပိုင်း နမ်းခမ်းနယ်တွင် ၎င်းတို့ကို ရှမ်းတရုတ် ဟုခေါ်ကြ၍ ရှမ်းပြည်အရှေ့ပိုင်းနယ်များတွင်မူ သျှမ်းမိုင်းသာဟုခေါ်ကြသည်။ သျှမ်းမိုင်းသာ (ရှမ်းတရုတ်) တို့ကို ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် နှစ်နယ်စလုံးတွင် ဗန်းမော်၊ မြစ်ကြီးနား၊နမ်းခမ်းနှင့် ကျိုင်းတုံဒေသတို့ ၄နေရာခွဲ၍ တွေ့ရသည်။ ရှမ်းပြည် အရှေ့မြောက်ပိုင်း နမ်းခမ်းနယ်၊ တရုတ်-မြန်မာ နယ်ခြားကျောက်တိုင်အမှတ် (၄၂) အနီး ရွှေလီမြစ် ဝဲယာ ကမ်းတစ်လျှောက်ရှိ ကျေးရွာတို့ကား မိုင်းသာ (ရှမ်းတရုတ်) တို့ အများဆုံး အခြေစိုက်ရာအရပ်များဖြစ်ကြသည်။ တရုတ်နိုင်ငံ ယူနန်နယ်အတွင်း၌လည်း နေထိုင်ကြသည်။ သျှမ်းမိုင်းသာတွင် မျိုးနွယ်စု ၅ခုပါဝင်သည်။ ၁။ တီမွန်း ၂။ တန်ကျိန်း ၃။တာပေါင်းထုံ(ပဒေါင်ကား) ၄။အာချန်(တာအချန်) ၅။လုရှီးအာချန် ဟူ၍ ဖြစ်သည်။ ထိုမျိုးနွယ်စု ၅ခုတို့သည် တစ်စုနှင့် တစ်စု ဘာသာစကား ဝတ်စားဆင်ယင်မှုများ ဓလေ့ထုံးတမ်းများ မတူညီကြပေ။တီမွန်းမျိုးနွယ်စု၊ တန်ကျိန်းမျိုးနွယ်စု၊ တာပေါင်းထုံမျိုးနွယ်စုတို့သည် တစ်စုနှင့်တစ်ခု ဘာသာစကား၊ယဉ်ကျေးမှုများ နီးစပ်မှုရှိပြီး သျှာမ်းလူမျိုး ပို၍ဆန်ကြသည်။ အာချန်(တာအချန်)နှင့် လုရှီးအချန်သည် တစ်မျိုးနှင့်တစ်မျိုး နီးစပ်မှုရှိပြီး အထက်ပါမျိုးနွယ်စု၃ခုနှင့် များစွာ ကွဲပြားသည်။ ၁၉၃၁ခုနှစ် သန်းကောင်စာရင်းအရ လူဦးရေ ၂၉,၁၈၃ ဖြစ်လေသည်။ မိုင်းသာလူမျိုးတို့ပြောသောစကားမှာ ရှမ်းလည်း မဟုတ်၊ မြန်မာလည်း မဟုတ် ရှမ်းနှင့်မြန်မာစကားနှစ်မျိုးလုံးပါသော စကားမျိုး ဖြစ်သည်။ မိုင်းသာအမျိုးသမီးတို့၏ ဆင်ယင်ထုံးဖွဲ့မှုမှာ ဦးခေါင်းတွင် စစ်ကြိုခေတ်က မြန်မာအမျိုးသမီးများ ဆံထုံးကြီးကြီးထုံးထားဘိသကဲ့သို့ အဝတ်ဖြင့် ရစ်ပတ်ထုံးဖွဲ့ထားကြသည်။ ၁၉၅၈ခုနစ် အိမ်၏ အိမ်စောင့်အစိုးရလက်ထက် တရုတ်မြန်မာနယ်စပ်ပေါ်ရှိ အငြင်းပွားခဲ့ရသော ဖီမော်၊ ဂေါ်လန်၊ကန်ဖန် ရွာ၃ရွာသည် ထိုမိုင်းသာရှမ်းတို့ နေထိုင်သော ရွာများပင် ဖြစ်ကြသည်။ [၂][၃][၄][၅]

ကိုးကား ပြင်ဆင်ရန်

  1. Achang Ethnic Minority။ Ministry of Culture (2003)။ 2007-02-03 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2007-01-21 တွင် ပြန်စစ်ပြီး။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
  3. မောင်ပုဆိုးကြမ်း ရေးသည့် တိုင်းရင်းသား လူမျိုးများ အဘိဓာန် စာအုပ်မှ
  4. 阿昌之乡,张志品
  5. Achang