လက်နက်ထုတ်လုပ်သော လုပ်ငန်း

လက်နက်ထုတ်လုပ်သော လုပ်ငန်းသည် တစ်ကမ္ဘာလုံးဆိုင်ရာ စက်မှုလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်း ဖြစ်ပြီး လက်နက်များ နှင့် စစ်တပ်နည်းပညာနှင့် ပစ္စည်းကိရိယာများ ကိုထုတ်လုပ် ရောင်းချသည်။ ကာကွယ်ရေးဆိုင် ရာကုမ္ပဏီများ၊ သို့မဟုတ် စစ်တပ်စက်မှုလုပ်ငန်းများဟုလည်း ရည်ညွှန်းသည့် လက်နက် ထုတ်လုပ်သည့် ကုမ္ပဏီများသည် အဓိကအားဖြင့် အချုပ်အခြာအာဏာပိုင်များ၏ လက်နက်ကိုင်တပ်ဖွဲ့များ အတွက် လက်နက် များထုတ်လုပ်သည်။ ထုတ်လုပ်သည့်ပစ္စည်းများမှာ သေနတ်များ၊ ကျည်ဆန်များ၊ ဒုံးကျည်များ၊ စစ်တပ်သုံး လေယာဉ်၊ စစ် တပ်သုံး ယာဉ်များ ၊သင်္ဘောများ၊ အီလက်ထရွန်းနစ်ပညာရပ်ကို အသုံးပြုသော စနစ်များနှင့် ထိုထက်မကသောအရာ များ ပါဝင်သည်။ လက်နက်ထုတ်လုပ်သော စက်မှုလုပ်ငန်းသည် အရေးပါသော သုတေသနနှင့် တီထွင်ထုတ်လုပ်မှု ကိုလည်း လုပ်ဆောင်သည်။

ကမ္ဘာတစ်ဝန်း၏လက်နက်ရောင်းဝယ်ရေးများ ပြင်ဆင်ရန်

တစ်ကမ္ဘာလုံးတွင် နှစ်စဉ် စစ်တပ်အသုံးစရိတ်အဖြစ် ဒေါ်လာ ၁ ထရီလီယံကျော်ကို သုံးစွဲကြောင်း ခန့်မှန်းကြ သည် (ကမ္ဘာ့ ဂျီဒီပီ ၏ ၂ ရာခိုင်နှုန်း)။ ၎င်း၏ တစ်စိတ်တစ်ပိုင်းသည် စစ်တပ်စက်မှုလုပ်ငန်းမှ အကြီးစား စက် လက်နက်ပစ္စည်း နှင့် ဝန်ဆောင်မှုများ ဝယ်ယူခြင်းတွင် အသုံးချသည်။ ၂၀၀၆ ခုနှစ်တွင် လက်နက်အများဆုံး ထုတ်လုပ်သည့် ထိပ်တန်း ကုမ္ပဏီ ၁၀၀ ၏ စုပေါင်း၍ လက်နက်များ ရောင်းချခြင်းသည် ခန့်မှန်းခြေ ဒေါ်လာ ၃၁၅ ဘီလီယံ ရှိခဲ့သည်။၂၀၀၄ ခုနှစ်တွင် နိုင်ငံတကာလက်နက် အရောင်းအဝယ်တွင် ဒေါ်လာ ၃၀ ဘီလီယံ ကျော် အသုံးပြုခဲ့သည် (ဤကိန်းဂဏန်းတွင် ပြည်တွင်းလက်နက်ရောင်းဝယ်ခြင်း မပါဝင်ပါ)။ လက်နက် ရောင်းဝယ်ခြင်းသည် အကြွေးပြဿနာများ ရိုက်ခတ်ခြင်းခံရသော အခန်းကဏ္ဍများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ၂၀၀၈ ခုနှစ် ဈေးကွက်တွင် စုစုပေါင်းရောင်းဝယ်နေသောတန်ဖိုးဖြစ်သော အမေရိကန်ဒေါ်လာ ၃၂.၉ ဘီလီယံမှ တစ်ဝက်အထိဖြစ်သော အမေရိကန်ဒေါ်လာ ၁၄.၃ ဘီလီယံ သို့ ကျဆင်းခဲ့သည်။ စက်မှုနိုင်ငံ အများအပြား တွင် ၎င်းတို့၏ကိုယ်ပိုင်စစ်တပ် အင်အားစုများကို ထောက်ပံ့ရန် ပြည်တွင်းလက်နက်ထုတ်လုပ်သော လုပ်ငန်းရှိ သည်။ အချို့နိုင်ငံများတွင်လည်း ၎င်းတို့၏ နိုင်ငံသားများ အသုံးပြုရန်အတွက် တရားဝင် ဖြစ်သော သို့မဟုတ် တရားမဝင် ဖြစ်သော ပြည်တွင်း လက်နက်ရောင်းဝယ်ရေး အများအပြားရှိသည်။ လက်နက်ငယ်များကို တရား မဝင် ရောင်းဝယ်ခြင်းသည် နိုင်ငံရေးတည်ငြိမ်မှုမရှိသော နိုင်ငံများနှင့် ဒေသများတွင် ပျံ့နှံ့လျက်ရှိသည်။

တင်ဒါတင်သွင်းမှု ပြင်ဆင်ရန်

တိုင်းပြည်တစ်ပြည်၏ စစ်တပ်အား လက်နက်ထောက်ပံ့ရန် ကန်ထရိုက်များကို အစိုးရမှ ချီးမြှင့်လေ့ရှိပြီး လက် နက်ကန်ထရိုက်များကို နိုင်ငံရေး အရေးပါမှုနှင့် အဓိကကျစွာပြုလုပ်သည်။ နိုင်ငံရေး နှင့် လက်နက်အရောင်း အဝယ်အကြားရှိ အဆက်အသွယ်သည် အမေရိကန်သမ္မတ Dwight D. Eisenhower (ဒွိုင် ဒီ အိုင်ဆင်ဟောင် ဝါ) ဖော်ပြသကဲ့သို့ လက်နက်ကိုင်တပ်ဖွဲ့များ၊ စီးပွားရေးနှင့် နိုင်ငံရေးသည် အလွန်နီးကပ်စွာဖြင့် ဆက်သွယ်မှု ရှိလာသော စစ်တပ် စက်မှုလုပ်ငန်းဆိုင်ရာ ရှုပ်ထွေးမှု ကဲ့သို့ ပေါ်ပေါက်လာခြင်း ဖြစ်ပေါ်လာနိုင်သည်။ အချို့မှာ အများပိုင်ဖြစ်ပြီး အချို့မှာ ပုဂ္ဂလိကပိုင်ဖြစ်သော ကော်ပို ရေးရှင်းများစွာတို့သည် ထိုကန်ထရိုက်များကို လေလံ ဆွဲကြသည်။ ၎င်းကန်ထရိုက်များသည် ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်ကြေးရှိလေ့ရှိသည်။ တစ်ခါတစ်ရံ တွင် ပူးပေါင်းတိုက်ခိုက်ခြင်း တိုက်လေယာဉ်အသစ်အတွက် ကဲ့သို့သော ကန်ထရိုက်တွင် တင်ဒါအပြိုင်အဆိုင် ပြုမှု လုပ်ငန်းစဉ် ရှိပြီး ဆုံးဖြတ်ချက်သည် ပါဝင်သည့် ကုမ္ပဏီများမှ တင်သွင်းသော ဒီဇိုင်း၏ အရည်အသွေး ပေါ်မူ တည်၍ ချမှတ်သည်။ အခြားအချိန်များတွင် လေလံဆွဲခြင်း သို့မဟုတ် ယှဉ်ပြိုင်မှုများမရှိပါ။

စစ်အေးခေတ် လက်နက်ရောင်းဝယ်ခြင်းများ ပြင်ဆင်ရန်

စစ်အေးခေတ် တွင် ဆိုဗီယက် ယူနီယံ နှင့် အမေရိကန်ပြည်ထောင်စု တို့သည် အထူးသဖြင့် တတိယကမ္ဘာ နိုင်ငံများ ကဲ့သို့သော အခြားနိုင်ငံများတွင် ၎င်းတို့၏ရပ်တည်မှုကို လွှမ်းမိုးရန် လက်နက်များတင်ပို့ခြင်းကို အသုံး ပြုခဲ့ကြသည်။ ဆိုဗီယက် ယူနီယံ ကျဆုံးချိန်မှစ၍ ကမ္ဘာ့လက်နက်တင်ပို့ခြင်းသည် ကနဦးတွင် အနည်းငယ် ကျ ဆင်းခဲ့သော်လည်း ၂၀၀၃ ခုနှစ်မှစတင်၍ ပြန်လည် ကြီးထွားလာပြီး ယခုအခါတွင် စစ်အေး အဆင့်များသို့ နီးကပ်နေပြီဖြစ်သည်။ အမေရိကန်ပြည်ထောင်စုသည် အလုံးစုံ လက်နက် ထောက်ပံ့သူများ၏ ထိပ်ဆုံးတွင် ရှိသည်။ အမေရိကန်ပြည်ထောင်စုသည် ဖွံ့ဖြိုးဆဲကမ္ဘာကို လက်နက်ထောက်ပံ့ပေးနေသည့် ထိပ်တန်း ဖြန့်ဖြူး ပေးသူတစ်ဦးလည်းဖြစ်ပြီး တစ်ကမ္ဘာလုံး လက်နက်ရောင်းခြင်း၏ ၃၆ ရာခိုင်နှုန်း ဝန်းကျင်တွင်ရှိကာ ၎င်းနောက် တွင် ယူနိုက်တက် ကင်းဒမ်း၊ ရုရှားဂျာမနီ နှင့် တရုတ် တို့ရှိသည်။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်၊ အောက်(စ်)ဖန်း နှင့် လက်နက်ငယ်များ အပေါ်တွင် အပြည်ပြည် ဆိုင်ရာ အရေးယူဆောင်ရွက်ခြင်းကွန်ယက် တို့မှ ထူထောင်ထားသော လက်နက်ထိန်းချုပ်ခြင်း စည်းရုံးလှုံ့ ဆော်မှု မှ ၂၀၀၃ ခုနှစ်တွင် လက်နက်ငယ်ပေါင်း ၆၃၉ မီလီယံကျော် ပျံ့နှံ့လည်ပတ်လျက်ရှိပြီး နိုင်ငံပေါင်း ၉၈ နိုင်ငံကျော်တွင် အခြေပြုထားသည့် ကုမ္ပဏီပေါင်း ၁,၁၃၅ ခု ကျော်သည် လက်နက်ငယ်များ နှင့် ၎င်းတို့၏ အစိတ်အပိုင်းများစွာ နှင့် ကျည်ဆန်များကို ထုတ်လုပ်သည်ဟု ခန့်မှန်းခဲ့သည်။

အခန်းကဏ္ဍများ ပြင်ဆင်ရန်

 
အေကေ အတွဲ လက်နက်များကို အခြား မည်ကဲ့သို့သော သေနတ် မျိုးမဆိုထက် အရေအတွက် ပို၍ များပြားစွာထုတ်လုပ်ပြီး ကမ္ဘာပေါ်ရှိ ပဋိပက္ခများတွင် အသုံးပြုခဲ့ကြသည်။

မြေပြင်-အခြေစိုက် လက်နက်များ ပြင်ဆင်ရန်

ဤအမျိုးအစားတွင် သေနတ်အပေါ့စားများ မှ အမြောက်အကြီးစားများအထိ အရာအားလုံး ပါဝင်ပြီး ထုတ်လုပ် သူများ၏အများစုမှာ အသေးစားများသာဖြစ်ကြသည်။ အများအပြားမှာ တတိယကမ္ဘာ နိုင်ငံများတွင် တည်ရှိ သည်။ လက်တစ်ဖက်ဖြင့်ပစ်နိုင်သော သေနတ်များ၊ စက်သေနတ်များ၊ တင့်ကားများ၊ သံချပ်ကာ ပြုလုပ်ထား သော စစ် သည်တင်ယာဉ်များ နှင့် အခြား ဈေးနှုန်းသင့်တင့်သောလက်နက်များကို နိုင်ငံတကာတွင် ရောင်းဝယ် ရေးသည် အဓိကကျသည်။ နိုင်ငံတကာအဆင့်တွင် ထိန်းသိမ်းမှုမှာ အတော်ပင် မရှိသလောက်ဖြစ်ပြီး ရလဒ် အားဖြင့် လက်နက် များစွာတို့သည် သူပုန်အင်အားစုများ၊ အကြမ်းဖက်သမားများ သို့မဟုတ် နိုင်ငံတကာ၏ အရေးယူ ပိတ်ဆို့မှု အောက်တွင် ရှိနေသော အစိုးရများ၏ လက်တွင်းသို့ ရောက်ရှိသွားကြသည်။


လေယာဉ်တည်ဆောက်မှု နည်းပညာစနစ်များ ပြင်ဆင်ရန်

စစ်တပ်သုံး လေယာဉ်အပါအဝင် (မြေပြင်အခြေစိုက်နှင့် ရေတပ်ဆိုင်ရာ လေယာဉ်ထုတ်လုပ်မှု) သမားရိုးကျ ဒုံးကျည်များ နှင့် စစ်တပ် ဂြိုဟ်တုများ၊ ၎င်းသည် ဈေးကွက်၏ နည်းပညာ အဆင့်အမြင့်ဆုံး အခန်းကဏ္ဍ ဖြစ် သည်။ ထိုအရာသည် စီးပွားရေးရှုထောင့်မှ ယှဉ်ပြိုင်မှု အနည်းဆုံးလည်းဖြစ်ပြီး ဈေးကွက်တစ်ခုလုံးကို လက် တစ်ဆုပ်စာမျှရှိသော ကုမ္ပဏီများက ချုပ်ကိုင်ထားကြသည်။ ထိပ်တန်း ဖောက်သည်များ နှင့် အဓိက ထုတ်လုပ် သူများ အားလုံးနီးပါးမှာ အနောက်ဘက်ကမ္ဘာ တွင် တည်ရှိနေပြီး၊ အမေရိကန်ပြည်ထောင်စုသည် အလွယ်တကူ ပင် ပထမနေရာ တွင်ရှိသည်။ ထင်ရှားသော လေယာဉ် တည်ဆောက်သည့် ကုမ္ပဏီများတွင် Dassault Aviation (ဒါးဆော့ လေယာဉ်တည်ဆောက်ရေး)၊ EADS (အီးအေဒီအက်စ်)၊ Finmeccanica (ဖန်မီကာ နီကာ)၊ Thales Group (သေး(စ်)ဂရုပ်(ဖ်)) Lockheed Martin (လော့(ဂ်)ဟိ မာတင်) Boeing (ဘိုးရင်း) နှင့် ဗြိတိန် ဘီအေအီး စနစ်များ ပါဝင်သည်။ ယူရိုဖိုက်တာ ကဲ့သို့သော ဖိုက်တာ ဂျက်လေယာဉ်များ ထုတ်လုပ်ခြင်း တွင် များသောအားဖြင့် ပါဝင်သည့် နိုင်ငံပေါင်းစုံ ပူးပေါင်းထားသော အဖွဲ့အစည်းများ အများအပြား လည်း ရှိသည်။ ၂၀၀၁ ခုနှစ် အောက်တိုဘာလတွင် လက်မှတ်ရေးထိုးခဲ့သော သမို်င်းတွင် အကြီးဆုံး စစ်ဘက်ဆိုင်ရာ ကန်ထရိုက်တွင် ပူးပေါင်းတိုက်ခိုက်ခြင်း တိုက်လေယာဉ် တည်ဆောက်ခြင်း ပါဝင်သည်။

ရေတပ်၊ စစ်သင်္ဘော စနစ်များ ပြင်ဆင်ရန်

ကမ္ဘာ့ အဓိက အင်အားကြီးနိုင်ငံများအားလုံးသည် ကမ္ဘာအနှံ့ တာဝန်ချထားခြင်းကို ဖြည့်ဆည်းပေးရန် အဓိက ကျသော ပင်လယ်ရေကြောင်း အင်အားစုများကို ထိန်းသိမ်းထားပြီး အကြီးဆုံးနိုင်ငံများသည် လေယာဉ်တင် သင်္ဘောများ၊ နျူကလီးယား ရေငုပ်သင်္ဘောများနှင့် ခေတ်မီသော လေကြောင်းရန် ကာကွယ်သည့် စနစ်များကို ပိုင်ဆိုင်ကြသည်။ စစ်သင်္ဘောအများစုမှာ ရိုးရာနည်းအားဖြင့် လည်ပတ်မောင်းနှင်ကြသော်လည်း အချို့မှာ နျူကလီးယားဖြင့် လည်ပတ်မောင်းနှင်ကြသည်။ အသုံးပြုပြီးသား ရေတပ်စစ်သင်္ဘောများကို ရောင်းဝယ်သည့် ကြီးမားသော ကမ္ဘာ့ဈေးကွက်တစ်ခုရှိပြီး ယေဘုယျအားဖြင့် အနောက်နိုင်ငံအစိုးရများ ထံမှ ဖွံ့ဖြိုးဆဲနိုင်ငံများ သည် ဝယ်ယူကြသည်။

ကမ္ဘာ့အကြီးဆုံး ကာကွယ်ရေး အသုံးစရိတ်များ ပြင်ဆင်ရန်

ဤစာရင်းသည် ၂၀၀၈ ခုနှစ် အတွက် အမြင့်ဆုံးကာကွယ်ရေး အသုံးစရိတ်များ ရှိသော နိုင်ငံဆယ်ခု၏ စာရင်း ဖြစ်သည်။ ဤသတင်းအချက်အလက်သည် စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး သုတေသန တက္ကသိုလ်မှ ရရှိသည်။ စုစုပေါင်း ကမ္ဘာ့အသုံးစရိတ်သည် ၂၀၀၈ ခုနှစ်တွင် ဒေါ်လာ ၁.၄၆၄ ထရီလီယံ ရှိခဲ့သည်။

အဆင့် နိုင်ငံ အသုံးစရိတ် (ဒေါ်လာဘီလီယံ) ကမ္ဘာ့ဝေစု(ရာခိုင်နှုန်း)
- ကမ္ဘာ့စုစုပေါင်း ၁၄၆၄.၀ ၁၀၀
အမေရိကန်ပြည်ထောင်စု ၆၀၇.၀ ၄၁.၅
တရုတ် ၈၄.၉ ၅.၈
ပြင်သစ် ၆၅.၇ ၄.၅
ယူနိုက်တက်ကင်းဒမ်း ၆၅.၃ ၄.၅
ရရှား ဖက်ဒရေးရှင်း ၅၈.၆ ၄.၀
ဂျာမနီ ၄၆.၈ ၃.၂
ဂျပန် ၄၆.၃ ၃.၂
အီတလီ ၄၀.၆ ၂.၈
ဆော်ဒီအာရေဗျ ၃၈.၂ ၂.၆
၁၀ အိန္ဒိယ ၃၂.၇ ၂.၁

ကမ္ဘာ့အကြီးဆုံး လက်နက်တင်ပို့သူများ ပြင်ဆင်ရန်

ဤဇယားရှိ ယူနစ်သည် ဦးတည်ရာကို ဖော်ပြသည်ဟုဆိုသော တန်ဖိုးများကို အမေရိကန်ဒေါ်လာ သန်းပေါင်း များစွာဖြင့် ဖော်ပြထားခြင်း ဖြစ်သည်။ ထိုတန်ဖိုးများသည် ငွေကြေး အစစ်အမှန် စီးဆင်းမှုအစစ်အမှန်ကို ကိုယ်စားမပြုသော်လည်း ကန်ထရိုက်ပါ ဈေးနှုန်းများကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ လက်နက်များ လွှဲပြောင်းခြင်းကို ခန့် မှန်းရန် အခြေခံ ကိရိယာတစ်ခု ဖြစ်သည်။ ၎င်းသည် စစ်ရေး အကူအညီ ကိစ္စတွင် သုညအထိ နိမ့်ကျနိုင်သည်။ ၂၀၀၇ ခုနှစ် တန်ဖိုးများကို ကြီးစဉ်ငယ်လိုက် စဉ်ထားသည်။

လက်ရှိအဆင့် ထောက်ပံ့သည့်နိုင်ငံ ၂၀၀၀ ၂၀၀၁ ၂၀၀၂ ၂၀၀၃ ၂၀၀၄ ၂၀၀၅ ၂၀၀၆ ၂၀၀၇ ၂၀၀၈ ၂၀၀၉
အမေရိကုန်ပြည်ထောင်စု ၇၅၀၅ ၅၈၀၁ ၄၉၈၄ ၅၅၈၁ ၆၆၁၆ ၇၀၂၆ ၇၈၂၁ ၇၄၅၄
ရုရှား ၄၁၉၀ ၅၆၃၁ ၅၄၅၈ ၅၃၅၅ ၆၄၀၀ ၅၅၇၆ ၆၄၆၃ ၄၅၈၈
ဂျာမနီ ၁၆၂၂ ၈၂၅ ၉၁၀ ၁၇၀၇ ၁၀၁၇ ၁၈၇၉ ၂၈၉၁ ၃၃၉၅
ပြင်သစ် ၁၀၃၃ ၁၂၃၅ ၁၃၄၂ ၁၃၁၃ ၂၂၆၇ ၁၆၈၈ ၁၅၈၆ ၂၆၉၀
ယူကရိန်း ၂၈၀ ၆၄၉ ၄၄၀ ၅၃၀ ၆၀၀ ၇၀၀ ၁၀၀၀ ၁၃၉၅
နယ်သာလန် ၂၅၉ ၁၉၂ ၂၄၃ ၃၄၂ ၂၁၈ ၆၁၁ ၁၅၇၅ ၁၃၅၅
ယူနိုက်တက်ကင်းဒမ်း ၁၃၅၆ ၁၁၁၆ ၁၇၇၂ ၆၂၄ ၁၁၄၃ ၈၇၁ ၉၇၈ ၁၁၅၁
တောင်ကိုရီးယား ၁၀၀ ၂၄၀ ၁၄၀ ၁၄၀ ၄၁၀ ၂၆၀ ၂၆၀ ၈၄၄
အီတလီ ၁၉၂ ၂၂၄ ၄၀၇ ၃၂၁ ၂၁၆ ၇၈၇ ၈၆၀ ၅၆၂
၁၀ ဆွီဒင် ၄၆ ၁၂၀ ၁၅၈ ၇၃ ၁၆၆ ၈၀၃ ၅၂၉
၁၁ အစ္စရေး ၃၀၈ ၈၅၀ ၁၂၅ ၄၆၈ ၂၈၇ ၅၃၆ ၄၇၂ ၄၁၄
၁၂ တရုတ် ၂၈၈ ၄၉၈ ၅၄၄ ၅၅၃ ၂၇၁ ၂၂၃ ၅၆၄ ၃၅၅
၁၃ ကနေဒါ ၈၃ ၁၂၉ ၁၈၂ ၂၇၉ ၃၀၅ ၁၉၃ ၂၂၇ ၃၄၃
၁၄ အိန္ဒိယ ၁၈ ၁၇ ၃၅ ၇၅ ၁၀၅ ၁၄၂
၁၅ ချက်ရီပက်ဗလစ် ၈၀ ၅၄ ၇၃ ၉၄ ၁၁၂ ၁၀၉ ၁၁၇ ၂၃၈
၁၆ စပိန် ၃၂၁ ၂၉၈ ၃၆၅ ၃၀၉ ၅၃၃ ၂၄၄ ၂၅၈ ၂၃၈
၁၇ ဆွစ်ဇာလန် ၁၀၄ ၁၂၀ ၁၀၉ ၁၃၉ ၂၀၁ ၁၆၆ ၁၄၄ ၂၁၁
၁၈ ဘူလ်ဂေးရီးယား မရှိပါ မရှိပါ မရှိပါ ၂၅၀ မရှိပါ ၁၉၀ ၁၄၉ ၁၉၂
၁၉ ဆားဗီးယား မရှိပါ မရှိပါ မရှိပါ မရှိပါ မရှိပါ ၁၇၆.၄ ၃၄၆.၃ ၂၉၉.၈ ၄၀၀ ၅၃၅

ဤသတင်းအချက်အလက်သည် စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး သုတေသန တက္ကသိုလ် မှ သို့မဟုတ် အမျိုးသား ကာကွယ်ရေး ကော်မရှင် မှ ရရှိနိုင်ပြီး အနည်းဆုံး တစ်နှစ်လျှင် တစ်ကြိမ် နောက်ဆုံး အချက်အလက်များကို ဖော်ပြထားသည်။

SIPRI ပြင်ဆင်ရန်

SIPRI ပြီးလျင် အပြည်ပြည်ဆိုင်ရာ လက်နက် အကူးအပြောင်း နှင့်ဆိုင်သော အချက်အလက်များကို ပေးသည့် အခြားအရင်းအမြစ် မြောက်မြားစွာရှိသည်။ ၎င်းတို့တွင် လက်နက်တင်ပို့ခြင်းများနှင့် ပတ်သက်သည့် နိုင်ငံတော် အစိုးရများ၏ နိုင်ငံတော်အစီရင်ခံစာများ၊ အမေရိကန် ထောက်လှမ်းရေး အေဂျင်စီများမှ ပြစုသော ဖွံ့ဖြိုးဆဲနိုင်ငံ များသို့ လက်နက်တင်ပို့သည့် အချက်အလက်များ ပါဝင်သော ကုလသမဂ္ဂမှ မှတ်တမ်းတင်ထားသည့် သမားရိုး ကျလက်နက်များနှင့် အမေရိကန် ကွန်ဂရက် သုတေသန ဝန်ဆောင်မှု မှ နှစ်စဉ်ထုတ်ဝေခြင်း တို့ပါဝင်သည်။ ထိုအရင်းအမြစ်များ စာရင်းကို SIPRI ဝက်(ဘ်)ဆိုဒ် တွင် တွေ့ရှိနိုင်သည်။ ကွဲပြားခြားနားသော နည်းပညာ များနှင့် အဓိပ္ပာယ်သတ်မှတ်ချက်များကို အသုံးပြုခြင်းကြောင့် ကွဲပြားခြားနားသော အရင်းအမြစ်များသည် သိသိ သာသာ ကွဲပြားခြားနားသော အချက်အလက်များကို ပေးလေ့ရှိသည်။ ဥပမာ Statistisk sentralbyrå (စတက် တစ်စတစ် ဆန်ထရာဘရာ) (နော်ဝေးနိုင်ငံတော် ကိန်းဂဏန်းစာရင်းဇယား) အရ နော်ဝေးနိုင်ငံသည် အထက် တွင် စာရင်းပြုစုထားသော နိုင်ငံများစွာထက် ပို၍ကြီးမားသော ငွေကြေးပမာဏတန်ဖိုး (အမေရိကန် ဒေါ်လာ) ရှိ လက်နက်များကို တင်ပို့သည်။ အချို့သော ကွဲပြားခြားနားချက်များမှာ အရင်းအမြစ် အချို့၏ ပို၍ သို့မဟုတ် လျော့၍ စဉ်းစားချင့်ချိန် အစီရင်ခံခြင်းကြောင့် ဖြစ်နိုင်သည်။ အစိုးရများသည် ၎င်းတို့နိုင်ငံ လက်နက်ထုတ်လုပ် သောလုပ်ငန်း၏ ဈေးကွက် အားထုတ်ကြိုးပမ်းမှုတွင် ၎င်းတို့၏ အခန်းကဏ္ဍ တစ်စိတ်တဒေသ အဖြစ် လက်နက်အများအပြား တင်ပို့ခြင်းကို တောင်းဆို်ကောင်း တောင်းဆိုနိုင်မည် သို့မဟုတ် ၎င်းတို့သည် တာဝန် ရှိသော အပြည်ပြည်ဆိုင်ရာ ပါဝင် လှုပ်ရှားသူတစ်ဦးကဲ့သို့ သိရှိစေရန် လက်နက်အနည်းငယ် တင်ပို့ခြင်းကို တောင်းဆိုကောင်း တောင်းဆိုနိုင်သည်။ [၁]

လူ့ကျင့်ဝတ်ဆိုင်ရာ ရှုထောင့် ပြင်ဆင်ရန်

လူများစွာအတွက် လက်နက်တင်ပို့ခြင်းသည် လူ့ကျင့်ဝတ်ဆိုင်ရာ စိန်ခေါ်မှုတစ်ရပ် ဖြစ်စေသည်။ အဘယ့် ကြောင့်ဆိုသော် ၎င်းတို့သည် ပဋိပက္ခတစ်ခုအတွက် လက်နက်များ ထောက်ပံ့ခြင်းအား ပေါ့ဆသော သူများ၊ နိုင်ငံတော် သို့မဟုတ် ကော်ပိုရေးရှင်း နှင့်ဆိုင်သော အန္တရာယ်များ စတင်၍ ပါဝင်ပတ်သက်လာသော ကိုယ် ကျင့်တရားနှင့် ပတ်သက်သော အရာကဲ့သို့ ဆင်ဆင်တူသည်ဟု မြင်သောကြောင့်ဖြစ်သည်။ လက်နက်များကို ထောက်ပံ့ရန် မအောင်မြင်ခဲ့ခြင်းသည် အစောပိုင်း ဝေးကွာခြင်း ကို ဦးတည်စေပြီး စစ်ပွဲ နှင့် သေဆုံးခြင်းကိုှ အကျိုးအမြတ်ရစေသော နည်းလမ်းတစ်ခု အဖြစ် အချို့သည် လက်နက်ထုတ်လုပ်သော လုပ်ငန်းများအား မြင်ကြသည်။

အခြားတစ်ဘက်တွင် လက်နက်များအား အုပ်စုများဆီသို့ (သို့မဟုတ် နိုင်ငံများ) "ချီးကျူးထို်က်သော" ရည်ရွယ်ချက် များဖြင့် တင်ပို့ခြင်း- ဥပမာ ဖက်ဆစ်အစိုးရကို ဖြုတ်ချနေသော သူပုန်အုပ်စု- သည် ပဋိပက္ခတွင် တန်ဖိုးကြီးမား သော ညီမျှစေသည့်အရာတစ်ခု ဖြစ်နိုင်သည်။ ၎င်းနောက်တွင် ခေတ်မီ လက်နက်ကြီးများ၏ အကူအညီ မပါဘဲ ရေတွက်၍ မရနိုင်သော ပျက်စီးဆုံးရှုံးမှုများကို အကြီးအကျယ် ထိခိုက်စေနိုင်သည့် အဖွဲ့များ ရှားပါးမှုသည် ပဋိပက္ခတွင် မဖြစ်ပေါ်နိုင်ပါ- ဥပမာအားဖြင့် ရဝမ်ဒါ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း ၏ Hutus (ဟူး တပ်(စ်)) သည် ၎င်းတို့၏ ရိုးရှင်းသော တောခုတ်ဓားများနှင့် အခြားသော နည်းပညာနိမ့်သည့် ကိရိယာများကို အသုံးပြုခြင်းဖြင့် ၎င်းတို့၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း အများစုကို ဆောင်ရွက်ခဲ့ ကြသော်လည်း IALANA (အိုင်လားနား) မှ အစီရင်ခံစာများအရ တောခုတ်ဓားများနှင့်အတူ သေနတ်များကို အသုံးပြုခဲ့ကြောင်း သိရသည်။

အမှန်တကယ်ပင်— လက်နက်များ ရောင်းဝယ်ဖောက်ကားခြင်းအပေါ် စကားစစ်ထိုးပွဲတိုင်း နီးပါးတွင် ဤအရာ သည် ဖြစ်ပွားလေ့ရှိသည်— အသုံးပြုသော အခေါ်အဝေါ်များနှင့် ၎င်းရည်ညွှန်းသော လူအများတို့သည် အလွန် အမင်းပြောင်းလဲနိုင်သည်။ နှစ်များကုန်ဆုံးလာသည် နှင့်အမျှ အစိုးရများသည် "စိတ်ဝင်စားမှု" အသစ်များ အ ပေါ်တွင် ဆုံးဖြတ်ချက်ချပြီး အခြေအနေများမှာလည်း လျော်ညီစွာ ပြောင်းလဲသည်။ "လွတ်လပ်မှု အတွက် တိုက်ပွဲဝင်သူများ" သည် " ပုန်ကန်ထကြွသူများ" ဖြစ်လာသည်။ "အကြမ်းဖက်သူများ"သည် "တန်ဖိုး မဖြတ်နိုင် သော မဟာမိတ်များ" ဖြစ်လာပြီး "ဘာသာရေးတွင် တက်ကြွလွန်းသူများ"သည် "တည်ငြိမ်ခြင်း၏ ကိုယ်စား လှယ်" များ အဖြစ်သို့ အသွင်ပြောင်းသွားသည်။ ၂၁ ရာစု အစောပိုင်း၏ သီးခြားဖြစ်သော ဝေါဟာရကိုအသုံး ပြုရန် နိုင်ငံများအားလုံးသည် "လိုလိုလားလားဖြင့် ပူးပေါင်းခြင်း" မှနေ၍ "မကောင်းမှုအတွက် နိုင်ငံများ အချင်း ချင်း မဟာမိတ်ဖွဲ့ခြင်း" သို့ အချိန်တိုအတွင်း သွားနိုင်ပြီး ပြောင်းလဲမှုတိုင်းသည် ကမ္ဘာပေါ်တွင် လက်နက်များ ဖြန့်ဝေခြင်းနှင့် မူဝါဒကို အကျိုးသက်ရောက်မှုရှိသည်။

ကော်စတာ ရီကာ သမ္မတ ဖြစ်သူ Oscar Arias Sanchez (အော်စကာ အာရီးရပ်(စ်) ဆန်ချက်(ဇ်)) (အမေ ရိက အလယ်ပိုင်းတစ်လျှောက်တွင် ပြည်တွင်းစစ်များကို အဆုံးသတ်ရန် Esquipulas II Accords (အက်စ် ကျူပူရပ်(စ်) II သဘောတူညီချက်များ) မှတစ်ဆင့် သူ၏ ကြိုးပမ်းအားထုတ်မှုများကြောင့် ၁၉၈၇ တွင် နိုဘယ် (လ်) ငြိမ်းချမ်းရေးဆု ကို ချီးမြှင့်ခြင်းခံရသည်) သည် ဤသို့ ထုတ်ဖော်ပြောကြားခဲ့သည်။ "တိုင်းပြည်တစ်ပြည် သည် ပညာရေး၊ အိုးအိမ်၊ သဘာဝပတ်ဝန်းကျင်နှင့် ၎င်း၏ ပြည်သူပြည်သားများအတွက် ကျန်းမာရေး ဝန် ဆောင်မှုများတွင် ရင်းနှီးမြှုပ်နှံမည့်အစား လက်နက်များတွင် ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်သောအခါ ထိုတိုင်းပြည် သည် မျိုးဆက်တစ်ခုလုံးအား ကြွယ်ဝချမ်းသာမှုနှင့် ပျော်ရွှင်မှုကို ရရှိခံစားနိုင်သည့် ၎င်း၏အခွင့်အရေးကို ပိတ် ပင်ထားခြင်းဖြစ်သည်။ ဤကမ္ဘာမြေကြီးပေါ်တွင်နေထိုင်သူ ဆယ်ဦးတိုင်းအတွက် ကျွနု်ပ်တို့သည် သေနတ် တစ်လက်ကို ထုတ်လုပ်ခဲ့သည်ဖြစ်ပြီး ဆာလောင်မွတ်သိပ်ခြင်းကို အဆုံးသတ်ရန် ထို်ကဲ့သို့သော စွမ်းဆောင် မှုသည် ကျွနု်ပ်တို့၏ လက်တစ်ကမ်းအတွင်း ရှိသော်လည်း အပင်ပန်းခံဆောင်ရွက်ခြင်းမရှိ သေးပါ။ ကျွနု်ပ်တို့၏ နို်င်ငံတကာဥပဒေများသည် ဖွံ့ဖြိုးဆဲကမ္ဘာ့နိုင်ငံများဆီသို့ ဥပဒေကြောင်းအရ လိုက်နာ ဆောင်ရွက်စေသည့် မည်သို့သောအပြည်ပြည်ဆိုင်ရာ လမ်းညွှန်ချက်များမျှမရှိပဲ ကမ္ဘာ့လက်နက်ရောင်းခြင်း၏ လေးပုံ သုံးပုံ နီးပါးကို တသဲသဲဝင်ရောက်စေခဲ့သည်။ ကျွနု်ပ်တို့၏ ထိန်းသိမ်းမှုများသည် ထိုလက်နက်များ၏ ဖြစ်နိုင်ခြေရှိသော အသုံး ပြုခြင်းမှာ သိသာထင်ရှားခြင်း ရှိလျှင်သော်မှ တိုင်းပြည်များအား ၎င်းတို့ရောင်းချခဲ့သောလက်နက်များ နှင့်ပတ် သက်၍ မည်သို့ ပြုလုပ်ရမည်ဟူသော တာဝန်ယူခြင်းကို မသတ်မှတ်ထားပါ။


ရည်ညွှန်းကိုးကား ပြင်ဆင်ရန်

  1. International arms transfers | SIPRI