လေရှီးမြို့

စစ်ကိုင်းတိုင်း​ဒေသကြီးရှိမြို့​

လေရှီးမြို့ သည် မြန်မာနိုင်ငံစစ်ကိုင်းတိုင်းဒေသကြီးနာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလေရှီးမြို့နယ်၏ မြို့နယ်ရုံးစိုက်ရာ မြို့ ဖြစ်သည်။[၂] အိန္ဒိယနိုင်ငံ နယ်စပ် အနီးတွင် တည်ရှိသည်။ ထမံသီရွာမှ တဆင့် ဟုမ္မလင်းမြို့သို့ ကားလမ်းဖြင့် ဆက်သွယ်ထားသည်။

လေရှီးမြို့
မြို့
လေရှီးမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
လေရှီးမြို့
လေရှီးမြို့
လေရှီးမြို့တည်နေရာ
ကိုဩဒိနိတ်: 25°27′0″N 94°57′0″E / 25.45000°N 94.95000°E / 25.45000; 94.95000ကိုဩဒိနိတ်: 25°27′0″N 94°57′0″E / 25.45000°N 94.95000°E / 25.45000; 94.95000
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးစစ်ကိုင်းတိုင်းဒေသကြီး
ခရိုင်နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
မြို့နယ်လေရှီးမြို့နယ်
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း၁,၇၀၅[၁]
 • လူမျိုးများနာဂ
အချိန်ဇုန်MST (UTC+6.30)

လေရှီးဆိုသော အမည်မှာ ကသည်းဘာသာစကား လိုင်ရှီးမှ ဆင်းသက်လာပြီး မြေဆီမြေနှစ် ခမ်းခြောက်ရာဒေသဟု အဓိပ္ပာယ်ရသည်။[၃]

မြန်မာတနိုင်ငံလုံး ဗြိတိသျှလက်အောက် ကျပြီးနောက်၊ ၁၉၁၇ တွင် အင်္ဂလိပ်တို့ လေရှီးနယ်အတွင်း ဝင်ရောက်ကာ တပ်များကို လေရှီးအနောက်တောင်ဘက ထိန်ကွတ်၌ စခန်းချကြသည်။ ထို့နောက် ၁၉၂၃ တွင် ထိန်ကွတ်မှ လေရှီးသို့ ပြောင်းရွှေ့ကာ မြို့ အဖြစ် သတ်မှတ်သည်။

ယခုအခါ လေရှီး၊ လဟယ်နှင့် နန်းယွန်း ၃ မြို့နယ်ကို ပေါင်းစပ်ကာ ၂၉ မေ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် သတ်မှတ်ထားသည်။[၄]

ကိုးကား ပြင်ဆင်ရန်

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၄။
  2. "Myanmar States/Divisions & Townships Overview Map" Myanmar Information Management Unit (MIMU)
  3. ညီပုလေး (၂၀၀၈ နိုဝင်ဘာလ)။ စိမ်းလန်းတဲ့တောင်တန်း မြင့်မားတဲ့တောင်တန်း (ပထမအကြိမ် ed.)။ စိတ်ကူးချိုချို စာအုပ်တိုက်။ p. ၁၇၀။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  4. တင်နိုင်တိုး (ဒီဇင်ဘာ ၂၀၁၃)။ မြန်မာပြည်တစ်ခွင် လမ်းညွှန်။ မဇ္ဈိမစာပေ။ p. ၁၈၈။