နဲစီ ခေါ် လော့ခ်နက်စ် သတ္တဝါကြီး (အင်္ဂလိပ်: Nessie (or) Loch Ness Monster) သည် စကော့ရိုးရာပုံပြင်များထဲက သတ္တဝါတစ်ကောင်ဖြစ်ပြီး စကော့တလန်ကုန်းပြင်မြင့် လော့ခ်နက်စ်ရေအိုင်ကြီးတွင် နေထိုင်သည်ဟုဆိုသည်။ များသောအားဖြင့် ကြီးမားရှည်လျားသော လည်ပင်း၊ ရေပေါ်တွင် ငေါထွက်နေသော အဖုတစ်ခု (သို့) တစ်ခုထက်ပို၍ ရှိသည်ဟုလည်း ဆိုသည်။ ၁၉၃၃ တွင် ကမ္ဘာလုံးဆိုင်ရာ သတိပြုမိခဲ့ကြသည်မှစ၍ ခေတ်ပေါ်လူကြိုက်များသော စိတ်ဝင်စားမှု၊ ယုံကြည်မှုတို့သည်ကား အမျိုးမျိုးပင်ဖြစ်၏ ။ အငြင်းပွားဖွယ် ဓာတ်ပုံများ၊ အသံလှိုင်း (ဆိုနာ) တိုင်းတာဖတ်ရှုခြင်းများစွာနှင့်အတူ ဤသတ္တဝါ၏ တည်ရှိခြင်းဆိုင်ရာ သက်သေအထောက်အထားများသည် ပုံပြင်ဆန်ဆန်ပင်ဖြစ်လေသည်။ သိပ္ပံဆိုင်ရာ အသိုင်းအဝိုင်းက ဤလော့ခ်နက်စ်သတ္တါကြီးကို သာမန်အရာဝတ္ထုကို ပုံပန်းလွဲမှားဖော်ပြချက်၊ လိုချင်တောင့်တမိသော စိတ်ကူး(တွေးခြင်း) ၊ ထွင်လုံးများအဖြစ်သာ ယူဆကြပေသည်။[၁] သိပ္ပံအတုအယောင်နယ်ပယ်၊ ခိုင်မာမှုမရှိသော ဒဏ္ဍာရီလာ သတ္တဝါ ရှာဖွေခြင်းဆိုင်ရာ အဖွဲ့အချို့က ဤသတ္တဝါအပေါ်၌ အလေးပေး ရေးသား/တင်ပြကြလေသည်။

လော့ခ်နက်စ် သတ္တါကြီး
Loch Ness Monster
အခြားအမည်များNessie, Niseag
နိုင်ငံစကော့တလန်နိုင်ငံ
ဒေသစကော့တလန်ကုန်းပြင်မြင့်၊ လော့ခ်နက်စ်

ကိုးကား ပြင်ဆင်ရန်

  1. Carroll၊ Robert Todd (2011) [2003]၊ The Skeptic's Dictionary: A Collection of Strange Beliefs, Amusing Deceptions, and Dangerous Delusions၊ John Wiley & Sons, Inc.၊ pp. 200–201၊ ISBN 978-0-471-27242-7