ဗြိတိသျှ နိုင်ငံပြုသုခမိန် သတင်းစာပိုင်ရှင် လော့ ဗီးဗားဗရွတ် ဘွဲ့ခံ ဝီလျံ မက္ကဆွဲ အိုက်ကင်းသည် ၁၈၇၉ ခုနှစ် မေလ၂၅ ရက်နေ့တွင် ကနေဒါနိုင်ငံ အွန်တေးရီယိုးပြည်နယ်၊ မေပယ် မြို့တွင်ဖွားမြင်သည်။ သူ၏ဖခင်မှာ ပရက်ဇဗီတီးရီးယန်း ဂိုဏ်းဝင် ဓမ္မဆရာတစ်ဦးဖြစ်သည်။ အိုက်ကင်းသည် အသက်၂၀ အရွယ်ကပင် ဟဲလဖက်မြို့တွင် စီးပွားရေး လုပ်ငန်း စတင်လုပ်ကိုင်ခဲ့ပြီးနောက် တိုးတက်ကြီးပွားလာသော အခါ၊ မွန်ထရီအောမြို့သို့ ပြောင်းရွေ့လုပ်ကိုင်ခဲ့ပြန်သည်။ အသက် ၂၈ နှစ်အရွယ်တွင် စတော့ပွဲရုံ၌ အရေးပါ အရာရောက်သူ ဖြစ်လာခဲ့သည်။

၂၉၁၀ ပြည်နှစ်တွင် မွန်ထရီအော ဘဏ်ကြီးက ကနေဒါနိုင်ငံ ဗီးလတ်မြေစက်ရုံကြီး ၃ ခုကို ပူးပေါင်းရေးအတွက် စုံစမ်းရန် အတွက် အိုက်ကင်းအား ခန့်ထားသည်။ ထိုလုပ်ငန်းကိုဆောင်ရွက်ခဲ့ရာတွင် ကနေဒါနိုင်ငံရှိ ဗီလတ်မြေစက်ရုံအားလုံး ပူးပေါင်းရေးကိုပါ ဆောင်ရွက်နိုင်ခဲ့လေသည်။ ယင်းသို့ဆောင်ရွက်သည်ကို ကနေဒါနိုင်ငံသားများက လုံးဝ မကျေနပ်ကြပေ။ သတင်းစာများမှလည်း အပြင်းထန်ရေးသားကန့်ကွက်ခဲ့ကြသည်။ မည်သို့ပင် ဖြစ်စေ သူ၏ဆောင်ရွက်မှု့ကြောင့် ဗီးလတ်မြေ စက်ရုံများ ငွေရေးကြေးရေး အခြေနေကောင်းမွန်လာရုံမက အိုက်ကင်းကိုတိုင်လည်း ရွှေဒဂါးပေါင်းတသန်းခန့် ကြွယ်ဝသူဘဝသို့ ရောက်လာသည်။ ထိုနှစ်တွင် ပင်အိုက်ကင်းသည် အင်္ဂလန်ပြည်သို့ ပြောင်းရွေ့ကာ နိုင်ငံရေးလောကသို့ ဝင်ခဲ့လေသည်။

၁၉၁၀ ပြည်နှစ် ဒီဇင်ဘာတွင် ပါလီမန်အမတ် အဖြစ် အရွေးခံရကာ အတိုက်ခံခေါင်းဆောင် ဗိုနာလော့၏ ချစ်ခင်ယုံကြည်မှု့ကို ခံရသူလည်းဖြစ်သည်။ ၁၉၁၁ ခု နှစ်တွင် ဆာဘွဲ့ခြီးမြှင့်ဂုဏ်ပြုခံရသည်။ ပထမ ကမ္ဘာစစ်အတွင်းက သူ၏ဆောင်ရွက်ချက်များကြောင့် ဩဇာတိက္ကမ ကြီးမာလာကာ ၁၉၁၆ ခုနှစ်တွင် ဗဲရွန်နက် အဆင့်တန်းသို့ တိုးမြှင့်ခန့်ထားခံရပြီးနောက် ၁၉၁၇ ခုနှစ်တွင် ဗဲရွန် ဗီးဗားဗရွတ်အဖြစ် သူကောင်းပြုခြင်း ခံရလေသည်။ ထိုမှစ၍ လော့ ဗီးဗားဗရွတ်ဟု တွင်ခဲ့သည်။

၁၉၁၈ ခုနှစ်တွင် လော့ ဗီဗာဗရွတ်သည် ပြန်ကြားရေး တန်ကြီးအဖြစ်သို့ ဆောင်ရွက်ရလေသည်။ စစ်ပြီးသောအခါ အစိုးရအဖွဲ့မှနုတ်ထွက်၍ ဒေးလီးအိတ်စပရက် သတင်းစာကို ကိုယ်တိုင်အုပ်ချုပ်လုပ်ကိုင်ခဲ့ရာ သတင်းစာ လူကြိုက်များလာသဖြင့် အစာင်ရေ တိုးတက် ထုတ်ဝေခဲ့ရသည်။၁၉၂၁ ခုနှစ်တွင် ဆန်းဒေးအိပ်စပရက် သတင်းစာကို တည်ထောင်ခဲ့၍ နောက်မကြာမီ အီးဗနင်းစတင်းဒတ် သတင်းစာကို ဝယ်ယူလုပ်ကိုင်ခဲ့ပြန်လေသည်။ ၁၉၂၉ ခုနှစ်တွင် ဗီးဗားဗရွတ်သည် နိုင်ငံရေး နယ်ပယ်ထဲသို့ ပြန်ဝင်လာပြီးနောက် ဗြိတိသျှ နိုင်ငံတော်တွင် လွတ်လပ်စွာ ကုန်သွယ်ရေးကိစ္စကို အထမြောက် အောင်မြင်စေရန် ကြိုးပမ်းဆောင်ရွက်လေသည်။ ထိုအရေးတွင် သူ၏ဝါဒကို ထောက်ခံသော ပါလီမန်အမတ်လောင်းများကို သူ၏သတင်းစာများက အားပေးကူညီခဲ့သည်။

၁၉၄၀ ပြည့်နှစ် မေလ ၁၄ ရက်နေ့တွင် ဗြိတိသျှဝန်ကြီးချုပ် ချာချီက လော့ဗီဗာဗရွတ်အား လေယာဉ်ပျံ ထုတ်လုပ်ရေးဌာန ဝန်ကြီအဖြစ် ခန့်ထားလိုက်ရာ သူ၏ ဆောင်ရွက်ချက်သည် အထူးအောင်မြင့်သဖြင့် ချာချီကပင်လျှင် လော့ ဗီးဗားဗရွတ် သည်စစ်လေယာဉ်ပျံများကို မျက်လှည့်ပြသလို ထုတ်လုပ်လိုပ်သည်ဟု ခြီးမွမ်းခဲ့ရ၏။ ၁၉၄၁ ခုနှစ် မေလ မှအစပြု၍ လော့ ဗီးဗားဗရွတ်သည် ထောက်ပံ့ရေးဌာန ဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့ရာ ၁၉၄၂ တွင် အငှားချအကြွေးပေး ဥပဒေဆိုင်ရာ ဗြိတိသျှ အုပ်ချုပ်ရေးမှူးအဖြစ်အမှုထမ်းရန် အမေရိကန်ပြည်ထောင်စု သို့စေလွတ်ခြင်းခံရသည်အထိဖြစ်သည်။ ၁၉၄၃ ခုနှစ်မှ ၁၉၄၅ အထိ တံဆိပ်တော်ဝန်ကြီး အဖြစ် ခန့်အပ်ခြင်းခံရသည်။ ၁၉၄၇ ခုမှ ၁၉၈၃ ခုနှစ်အထိ နယူးဗရန်းဇွစ်တက္ကသိုလ်၊ အဓိပတိ အဖြစ်တင်မြှောက်ခံရသည်။

လော့ ဗီးဗားဗရွတ်သည် အောင်မြင်မှု့နိုင်ငံရေး သမားနှင့်စစ် နိုင်ငံရေးသမားနှင့်သတင်းစာလောက ကံကိုမယုံနှင့် အောင်မြင်ရေးတွက်သော့သုံးချက် စသောစာအုပ် စာတမ်းများစွာရေးသားထုပ်ဝေခဲံ့သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာစွယ်စုံကျမ်း အတွဲ (၈)