လေးမောင့်စံကျောင်း ကဗျာကို ဦးပုည ရေးဖွဲ့ခဲ့သည်။ တေးထပ် ကဗျာအမျိုးအစားဖြစ်၍ နိဗ္ဗိန္ဒဖွဲ့တေးထပ် ဖြစ်သည်။ လှပသော ပန်းကလေးများဖြင့် ဝန်းရံနေသော စံကျောင်းကလေးအကြောင်းကို ရေးဖွဲ့ထားခြင်း ဖြစ်သည်။

လေးမောင့်စံကျောင်း

ပြင်ဆင်ရန်

မုလေးရုံတောအစ
ဒေါနလမ်း မြေညီ
လျှောကျစမ်းရေ သင်းကြည်တယ်
ရွှေနှင်းဆီ ကန်ချောင်း။

လွမ်းမတတ် စံကားဝါငူမှာ
နံ့သာဖြူ လေးမောင့်စံကျောင်း။

စံပယ်ချပ် သရဖီချောင်မှာ
ခွာညိုတောင် ခိုအောင်း။

မွှေးနံ့သာစုပေါင်းလို့
နုညောင်စောင်းထက်မှာ။

ပဒုမ္မာကြာသင်္ကန်းငယ်နှင့်
ခါဆင်မြန်း တောမွေ့ပျော်ရာ။

ပန်းသော်က တံတိုင်းကာသည်
ဇီဇဝါမုခ်ခြားလို့
တံခါးက ချရားကြိုင်
သင်းတဲ့ဂနိုင်။

ယုဇနမဟာမြိုင်မှာ
ကမ္ဘာတိုင် မှီးမယ်ပလေး။

  1. ဦးရဲဝေ (မြန်မာစာ)။ ဒသမတန်းမြန်မာစာသင်ရိုးကုန်လေ့လာချက်