၁၉၈၉ ခုနှစ် ပေကျင်းမြို့ တီရင်မင်ရင်ပြင်တွင် ဖြစ်ပွားခဲ့ပြီး လူရာပေါင်းများစွာ သေဆုံးခဲ့ရသော လူထုအုံကြွဆန္ဒပြမှုတွင် ပါဝင်ခဲ့သူ၊ ဟောင်ကောင် ဒီမိုကရေစီ အရေးလှုပ်ရှားသူ ဇီတိုဝါသည် ယခင်က မူလတန်းကျောင်းအုပ်ဆရာတစ်ဦးဖြစ်သည်။ ဇီတိုသည် ကျောင်းဆရာများကို စုစည်း၍ ဟောင်ကောင်၏အင်အားအကြီး ဆုံးအဖွဲ့ဖြစ်သည့် ပညာရှင်ကျောင်းဆရာများအဖွဲ့(Professional Teachers' Union) ကိုဖွဲ့စည်းခြင်းဖြင့် နိုင်ငံရေးလှုပ်ရှားမှုများကို စတင်လုပ်ဆောင်ခဲ့သည်။ ဇီတိုသည် တီရင်မင်ရင်ပြင်တွင် အသက်စတေးခဲ့ရသူများနှင့် တရုတ်အစိုးရက အကျဉ်းချထားသော အစိုးရနှင့် သဘောထားကွဲလွဲ ဆန့်ကျင်နေသူများအတွက် အဓိကထောက်ခံအားပေးအရေးဆိုသည့် ဟောင်ကောင်မဟာမိတ်အဖွဲ့ကိုလည်း ကွယ်လွန်ချိန်အထိ ဦးဆောင်ခဲ့သည်။ ထိုအဖွဲ့သည် ၁၉၉၇ ခုနှစ်တွင် တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်ပူးပေါင်းသွားသည့်အချိန်အထိ တီရင်မင်ရင်ပြင် အရေးအခင်းကို ဝေဖန်ထောက်ပြနေဆဲဖြစ်သည်။ နှစ်စဉ် ဇွန်လ ၄ ရက်တွင် တီရင်မင်ရင်ပြင် အရေးအခင်းတွင် သေဆုံးခဲ့သူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ကိုလည်း ထိုအဖွဲ့က ပြုလုပ်ခဲ့သည်။ ဇီတိုသည် တီရင်မင်ရင်ပြင်အရေးအခင်း၏ ကျောင်းသားခေါင်းဆောင်များနှင့် အခြားသော အဖွဲ့အစည်းများ၏ ချီးကျူးလေးစားခြင်းကို ခံရသူ ဖြစ်သည်။ ဇီတိုသည် ဒီမိုကရေစီစနစ်ကို လိုလားသော ဟောင်ကောင်ညီညွတ်ရေးအဖွဲ့ကို စတင်တည်ထောင်သူများတွင် ပါဝင်ပြီး၎င်းအဖွဲ့သည် နောက်ပိုင်းတွင် အင်အားကြီးမားသော အတိုက်အခံပါတီဖြစ်သည့် ဒီမိုကရက်တစ်ပါတီ (Democratic Party) ဖြစ်လာခဲ့သည်။ ဇီတိုသည် ၂၀၀၄ ခုနှစ်တွင် ဥပဒေပြုလွှတ်တော်မှ အနားယူခဲ့သည်။ ဟောင်ကောင် ဒီမိုကရေစီလှုပ်ရှားမှုတွင် တက်ကြွစွာ လှုပ်ရှားခဲ့သူ ဇီတိုဝါသည် ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၂ ရက် အသက် ၇၉ နှစ်အရွယ်တွင် အဆုတ်ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။[၂]

Szeto Wah
司徒華
ဟောင်ကောင် ပညာရှင်ကျောင်းဆရာများအဖွဲ့၏ ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၁၉၇၄ – ၁၉၉၀
ယခင်လူရာထူးသစ်
ဆက်ခံသူCheung Man-kwong
တရုတ်ဒီမိုကရေစီ လှုပ်ရှားမှုကို ထောက်ခံအားပေးသည့် ဟောင်ကောင်မဟာမိတ်အဖွဲ့၏ ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၂၁ မေ ၁၉၈၉ – ၂ ဇန်နဝါရီ ၂၀၁၁
ယခင်လူရာထူးသစ်
ဆက်ခံသူLee Cheuk Yan
ဥပဒေပြုကောင်စီ အဖွဲ့ဝင်
တာဝန်သက်တမ်း
၂၆ စက်တင်ဘာ ၁၉၈၅ – ၁၂ စက်တင်ဘာ ၁၉၉၁
ယခင်လူရာထူးသစ်
ဆက်ခံသူCheung Man-kwong
မဲဆန္ဒနယ်သင်ကြားရေး
အနိုင်ရမဲ အရေအတွက်၆၈.၆၄% (၁၉၈၅)
Unopposed (၁၉၈၈)
တာဝန်သက်တမ်း
၁၂ စက်တင်ဘာ ၁၉၉၁ – ၃၀ စက်တင်ဘာ ၂၀၀၄
ယခင်လူအမတ်နေရာသစ်
ဆက်ခံသူAlbert Cheng
မဲဆန္ဒနယ်Kowloon East
အနိုင်ရမဲ အရေအတွက်၃၇.၈၃% (၁၉၉၁)
၅၅.၄၀% (၁၉၉၅)
၃၃.၃၃% (၁၉၉၈)
၂၅.၀၀% (၂၀၀၀)
ကိုယ်ရေး အချက်အလက်များ
မွေးဖွား(1931-02-28)၂၈ ဖေဖော်ဝါရီ၊ ၁၉၃၁[၁]
ဟောင်ကောင်
ကွယ်လွန်၂ ဇန်နဝါရီ၊ ၂၀၁၁(2011-01-02) (အသက် ၇၉)
ဟောင်ကောင်
လူမျိုးတရုတ်လူမျိုး
နိုင်ငံရေးပါတီဒီမိုကရက်တစ်ပါတီ
မိခင်ကျောင်းQueen's College, Hong Kong
Grantham College of Education
ကျွမ်းကျင်မှုကျောင်းဆရာ
နိုင်ငံရေးသမား
ကိုးကွယ်သည့်ဘာသာခရစ်ယာန်ဘာသာ
ဝက်ဘ်ဆိုဒ်http://www.szetowah.org.hk

ကိုးကား ပြင်ဆင်ရန်

  1. "司徒華生平任立法會議員19年." Ming Pao Daily, Retrieved on 8 January 2010.
  2. စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၂)