ဝိနည်းတတ် ကြက်သတ် ဆိုသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

အဓိပ္ပာယ် ပြင်ဆင်ရန်

ဝိနည်းတတ်သူသည် ဝိနည်းလွတ်အောင် လက်တစ်လုံးခြားရှောင်၍ ကြက်သတ်သည်ဆိုသကဲ့သို့ ဥပဒေစည်းကမ်းတတ်ကျွမ်းသူက ဥပဒေလွတ်အောင် လက်တစ်လုံးခြားရှောင်၍ အပြစ်ကျူးလွန်သည်။

မူလရင်းမြစ် ပြင်ဆင်ရန်

  • "ဝိနည်းတတ်ရင် ကြက်သတ်၊ ပရိယာယ်ပိုင်ရင် နိုင်ချင်တိုင်းနိုင်လို့ ဆိုကြပေမဲ့ အတိအကျဝေဖန်ချက် ချကြည့်လိုက်လျှင် ... အကောင်းစုထဲမှာတော့ ထည့်ပြီးတွက်ချက်ဖို့ မထားထိုက်ပေဘူးပေါ့။" (၁၃၀၈-ခန့်) ချစ်ပြိုင်။ ၁၀၀။