ဝိပဿနာဉာဏ် ဆိုသည်မှာ ဝိပဿနာတရားအားထုတ်ရာတွင် ဖြစ်ပေါ်လာသည့် ဉာဏ် ဖြစ်သည်။ ဝိပဿနာဉာဏ်သည် ၁၀ ပါးရှိသည်။[၁]

ဝိပဿနာဉာဏ် ၁၀ ပါး ပြင်ဆင်ရန်

ဝိပဿနာဉာဏ် ၁၀ ပါးတို့မှာ အောက်ပါတို့ ဖြစ်ကြသည်။

၁။ သမ္မသနဉာဏ်

၂။ ဥဒယဗ္ဗယဉာဏ်

၃။ ဘင်္ဂဉာဏ်

၄။ ဘယဉာဏ်

၅။ အာဒိနဝဉာဏ်

၆။ နိဗ္ဗဒါဉာဏ်

၇။ မုစ္စိတုကမျတာဉာဏ်

၈။ ပဋိသင်္ခါဉာဏ်

၉။ သင်္ခါရုပေက္ခာဉာဏ်

၁၀။ အနုလောမဉာဏ်[၁]

၁။ သမ္မသနဉာဏ် ပြင်ဆင်ရန်

ခပ်သိမ်းသောရုပ်နာမ်တရားတို့ကို ခန္ဓာငါးပါးစသည် စုပုံဖွဲ့စည်းကာ လက္ခဏာရေးသုံးပါးတင်၍ အဖန်ဖန် အထပ်ထပ် သုံးသပ်သောဉာဏ်သည် သမ္မသနဉာဏ် မည်၏။[၁]

၂။ ဥဒယဗ္ဗယဉာဏ် ပြင်ဆင်ရန်

ဦးခေါင်း, ခြေ, လက်, မျက်နှာသဏ္ဌာန် စသည်တို့၏ ခဏချင်းဖြစ်ပေါ်မှု, ခဏချင်းပျက်ကွက်မှု, ထင်လင်းအောင် အစုအခဲအားဖြင့် ဖြစ်မှု, ပျက်မှုကို အစုံစုံရှုသောဉာဏ်သည် ဥဒယဗ္ဗယဉာဏ် မည်၏။[၁]

၃။ ဘင်္ဂဉာဏ် ပြင်ဆင်ရန်

အဖြစ်အပျက် ၂-ပါးတွင် အဖြစ်ကား မြင်လွယ်၏၊ အပျက်ကား မြင်ခဲ၏၊ လိုရင်းလည်း ဖြစ်၏။ ထို့ကြောင့် အဖြစ်ကို လွှတ်၍ အပျက်သက်သက်ကို ရှုသောဉာဏ်သည် ဘင်္ဂဉာဏ် မည်၏။[၁]

၄။ ဘယဉာဏ် ပြင်ဆင်ရန်

ရုပ်နာမ်ဓမ္မသင်္ခါရတို့၏ ပျက်ပုံ, အနိစ္စသဘောကို ထင်မြင်သောအခါ ပျက်ခြင်းနှင့်တကွဖြစ်သော ရုပ်နာမ်တရားတို့၏ အပေါ်၌ သေမင်းကြီးတမျှ ကြောက်လန့်လှသော ဉာဏ်သည် ဘယဉာဏ် မည်၏။[၁]

၅။ အာဒိနဝဉာဏ် ပြင်ဆင်ရန်

ကြောက်ဖွယ်လန့်ဖွယ်ဟူ၍ ထင်မြင်လာသည်ရှိသော် ဘေးဘယမျိုးဖြစ်သော ရုပ်ဆိုးနာမ်ဆိုး၌ အားကိုးရာမရှိ၊ အပြစ်အတိပါတကားဟု ရှုဆင်ခြင်သော ဉာဏ်သည် အဒိနဝဉာဏ် မည်၏။[၁]

၆။ နိဗ္ဗဒါဉာဏ် ပြင်ဆင်ရန်

အားကိုးရာမရှိ၊ အပြစ်အတိသာဟု ထင်မြင်သောအခါ ရုပ်နာမ်ဓမ္မသင်္ခါရတို့၌ မပျော်မွေ့ငြီးငွေ့လှသော အနေဖြင့် ရှုဆင်ခြင်သော ဉာဏ်သည် နိဗ္ဗိဒါဉာဏ် မည်၏။[၁]

၇။ မုစ္စိတုကမျတာဉာဏ် ပြင်ဆင်ရန်

မပျော်မမွေ့ငြီးငွေ့လှသောအခါ၌ သင်္ခါရနယ်အတွင်းမှ အတင်းထွက်မြောက်လိုသောဉာဏ်သည် မုစ္စိတုကမျတာဉာဏ် မည်၏။[၁]

၈။ ပဋိသင်္ခါဉာဏ် ပြင်ဆင်ရန်

အလွန်တရာ လွတ်လိုလှ၍ လွတ်ခွင့်ရတဲ့ခြင်းငှါ ဘာဝနာ ၄၀ တို့ဖြင့် အကျယ်တဝင့် အပြင်းဆင်ခြင်၍ အားထုတ်မှု ရှုသောဉာဏ်သည် ပဋိသင်္ခါဉာဏ် မည်၏။[၁]

၉။ သင်္ခါရုပေက္ခာဉာဏ် ပြင်ဆင်ရန်

ဘာဝနာ ၄၀-တို့ဖြင့် အကျယ်တဝင့် အပြင်းအထန် အားထုတ်သောအခါ ဝိပဿနာဉာဏ် ထက်သန်၍ ရုပ်နာမ်ဓမ္မသင်္ခါရတို့၌ မုန်းချစ်မပြု လျစ်လျူရှုသောဉာဏ်သည် သင်္ခါရုပေက္ခာဉာဏ် မည်၏။[၁]

၁၀။ အနုလောမဉာဏ် ပြင်ဆင်ရန်

ဝိပဿနာဉာဏ် ရင့်သန်ထက်မြက်လေသဖြင့် မဂ် ၄-ခု ပေါ်အောင် နှိုးဆောင်ဘိသည့်ပမာ လွန်စွာ မဂ် ၄-ခုတို့နှင့်လျော်သော ဉာဏ်သည် အနုလောမဉာဏ် မည်၏။ (ဂဟေအစပ်ကောင်းလှသောဉာဏ် - ဟူလို) [၁][၂]

မှတ်သားရန် ပြင်ဆင်ရန်

ဝိပဿနာဉာဏ် ၁၀ ပါးတွင် သမ္မသနဉာဏ်, ဥဒယဗ္ဗယဉာဏ်, ဘင်္ဂဉာဏ်၊ ဤဉာဏ် သုံးပါးသည် တီရဏပရိညာ မည်၏။[၁]

ဝိပဿနာဉာဏ် (၇၂)-ပါး ပြင်ဆင်ရန်

  • (၁) ရှည်စွာ ဟုဟောအပ်သောဝင်သက်ကို အနိစ္စ = မမြဲ ဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၂) ဒုက္ခ-ဆင်းရဲဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၃) အနတ္တ-အတ္တမဟုတ်ဟူ၍ ရှုသောဝိပဿနာ ဉာဏ်၊
  • (၄) ရှည်စွာဟု ဟောအပ်သော ထွက်သက်ကို အနိစ္စ-မမြဲဟူ၍ ရှုသော ဝိပဿနာဉာဏ်၊
  • (၅) ဒုက္ခ-ဆင်းရဲဟူ၍ ရှူသောဝိပဿနာဉာဏ်၊
  • (၆) အနတ္တ-အတ္တ မဟုတ်ဟူ၍ ရှူသောဝိပဿနာဉာဏ်၊
  • (၇) တိုစွာဟုဟောအပ်သော ဝင်သက်ကို အနိစ္စ-မမြဲဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၈) ဒုက္ခ-ဆင်းရဲဟူ၍ ရှူသောဝိပဿနာဉာဏ်၊
  • (၉) အနတ္တ-အတ္တမဟုတ်ဟူ၍ ရှုသော ဝိပဿနာ ဉာဏ်၊
  • (၁၀) တိုစွာဟု ဟောအပ်သော ထွက်သက်ကို အနိစ္စ-မမြဲဟု၍ ရှူသော ဝိပဿနာဉာဏ်၊
  • (၁၁) ဒုက္ခ-ဆင်းရဲဟူ၍ ရှုသော ဝိပဿနာဉာဏ်၊
  • (၁၂) အနတ္တ အတ္တမဟုတ်ဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၁) အစ, အလယ်, အဆုံး အလုံးစုံသော ဝင်သက်အပေါင်းကို ထင်ရှားစေသည်ဖြစ်၍ ဝင်သက်ကို အနိစ္စ မမြဲဟူ၍ ရှုသော ဝိပသာနာဉာဏ်၊
  • (၁၄) ဒုက္ခ-ဆင်းရဲဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၁၅) အနတ္တ-အတ္တ မဟုတ်ဟူ၍ ရှူသောဝိပဿနာဉာဏ်၊
  • (၁၆) အစ, အလယ်, အဆုံး အလုံးစုံသော ထွက်သက်အပေါင်းကို ထင်ရှားစေသည်ဖြစ်၍ ထွက်သက်ကို အနိစ္စ = မမြဲဟူ၍ ရှုသော- ဝိပဿနာဉာဏ်၊
  • (၁၇) ဒုက္ခ-ဆင်းရဲဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၁၈) အနတ္တ-အတ္တ မဟုတ်ဟူ၍ ရှူသောဝိပဿနာဉာဏ်၊
  • (၁၉)အရှူပြင်း၍ ရုန့်ရင်းသော ဝင်သက် ဟူသောကာယသင်္ခါရကို ငြိမ်းစေသည်ဖြစ်၍ ဝင်သက်ကို အနိစ္စ-မမြဲဟူ၍ရှူသော ဝိပဿနာဉာဏ်၊
  • (၂၀) ဒုက္ခ-ဆင်းရဲဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၂၁) အနတ္တ - အတ္တမဟုတ်ဟူ၍ ရှူသောဝိပဿနာဉာဏ်၊
  • (၂၂) အရှိုက်ပြင်း၍ ရုန့်ရင်းသော ထွက်သက် ဟူသော ကာယသင်္ခါရကိုငြိမ်းစေသည်ဖြစ်၍ ထွက်သက်ကို အနိစ္စ-မမြဲဟူ၍ ရှုသော ဝိပဿနာဉာဏ်၊
  • (၂၃) ဒုက္ခ-ဆင်းရဲဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၂၄) အနတ္တ-အတ္တ မဟုတ်ဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၂၅) ပီတိကို ထင်ရှားစေသည်ဖြစ်၍ ဝင်သက်ကို အနိစ္စ-မမြဲဟူ၍ ရှုသော ဝိပဿနာဉာဏ်၊
  • (၂၆) ဒုက္ခ-ဆင်းရဲဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၂၇) အနတ္တ-အတ္တမဟုတ်ဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၂၈) ပီတိကို ထင်ရှားစေသည်ဖြစ်၍ ထွက်သက်ကို အနိစ္စ-အမြဲဟူ၍ ရှူသောဝိပဿနာ ဉာဏ်၊
  • (၂၉) ဒုက္ခ-ဆင်းရဲဟူ၍ရှူသော ဝိပဿနာဉာဏ်၊
  • (၃၀) အနတ္တ-အတ္တမဟုတ် ဟူ၍ရှုသောဝိပဿနာဉာဏ်၊
  • (၃၁) သုခကိုထင်ရှားစေသည်ဖြစ်၍ ဝင်သက်ကို အနိစ္စ-မမြဲဟူ၍ရှူသောဝိပဿနာ ဉာဏ်၊
  • (၃၂) ဒုက္ခ-ဆင်းရဲဟူ၍ရှူသော ဝိပဿနာဉာဏ်၊
  • (၃၃) အနတ္တ-အတ္တ မဟုတ်ဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၃၄) သုခကိုထင်ရှားစေသည်ဖြစ်၍ ထွက်သက်ကို အနိစ္စ-မမြဲဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၃၅) ဒုက္ခ-ဆင်းရဲဟူ၍ ရှုသောဝိပဿနာ ဉာဏ်၊
  • (၃၆) အနတ္တ-အတ္တမဟုတ်ဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၃၇) သညာ, ဝေဒနာဟူသော စိတ္တ-သင်္ခါရကို ထင်ရှားစေသည်ဖြစ်၍ ဝင်သက်ကို အနိစ္စ-မမြဲဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၃၈) ဒုက္ခ-ဆင်းရဲဟူ၍ ရှုသောဝိပဿနာ ဉာဏ်၊
  • (၃၉) အနတ္တ-အတ္တမဟုတ်ဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၄၀) သညာ, ဝေဒနာဟူသော စိတ္တသင်္ခါရကို ထင်ရှားစေ သည်ဖြစ်၍ ထွက်သက်ကို အနိစ္စ-မမြဲဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၄၁) ဒုက္ခ-ဆင်းရဲ ဟူ၍ရှူသောဝိပဿနာဉာဏ်၊
  • (၄၂) အနတ္တ-အတ္တမဟုတ်ဟူ၍ ရှူသောဝိပဿနာဉာဏ်၊
  • (၄၃) ရုန့်ရင်းသော စိတ္တသင်္ခါရကို ငြိမ်းစေသည်ဖြစ်၍ ဝင်သက်ကို အနိစ္စ-မမြဲ ဟူ၍ရှူသောဝိပဿနာဉာဏ်၊
  • (၄၄) ဒုက္ခ-ဆင်းရဲဟူ၍ ရှူသောဝိပဿနာဉာဏ်၊
  • (၄၅) အနတ္တ-အတ္တမဟုတ်ဟူ၍ ရှူသောဝိပဿနာ ဉာဏ်၊
  • (၄၆) ရုန့်ရင်းသော စိတ္တသင်္ခါရကို ငြိမ်းစေသည်ဖြစ်၍ ထွက်သက်ကို အနိစ္စ-မမြဲဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၄၇) ဒုက္ခ-ဆင်းရဲဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၄၈) အနတ္တ-အတ္တမဟုတ်ဟူ၍ ရှူသော ဝိပဿနာဉာဏ်၊
  • (၄၉) စိတ်ကိုထင်ရှားစေသည်ဖြစ်၍ ဝင် သက်ကို အနိစ္စ-မမြဲဟူ၍ရှုသောဝိပဿနာ ဉာဏ်၊
  • (၅၀) ဒုက္ခ-ဆင်းရဲဟူ၍ရှူသော ဝိပဿနာဉာဏ်၊
  • (၅၁) အနတ္တ-အတ္တ မဟုတ်ဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၅၂) စိတ်ကိုထင်ရှားစေသည်ဖြစ်၍ ထွက်သက်ကို အနိစ္စ-မမြဲဟူ၍ ရှူသောဝိပဿနာဉာဏ်၊
  • (၅၃) ဒုက္ခ-ဆင်းရဲဟူ၍ ရှုသောဝိပဿနာ ဉာဏ်၊
  • (၅၄) အနတ္တ-အတ္တမဟုတ်ဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၅၅) စိတ်ကိုရွှင်လန်း ဝမ်းမြောက်စေ သည်ဖြစ်၍ ဝင်သက်ကို အနိစ္စ-မမြဲဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၅၆) ဒုက္ခ-ဆင်းရဲ-ဟူ၍ရှုသော ဝိပဿနာဉာဏ်၊
  • (၅၇) အနတ္တ-အတ္တမဟုတ်ဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၅၈) စိတ်ကိုရွှင်လန်း ဝမ်းမြောက်စေသည် ဖြစ်၍ ထွက်သက်ကို အနိစ္စ-မမြဲဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၅၉) ဒုက္ခ-ဆင်းရဲ ဟူ၍ရှုသော ဝိပဿနာဉာဏ်၊
  • (၆၀) အနတ္တ-အတ္တမဟုတ်ဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၆၁) စိတ်ကိုအာရုံ၌ အညီအညွတ် ကောင်းစွာထားသည်ဖြစ်၍ ဝင်သက်ကို အနိစ္စ-မမြဲဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၆၂) ဒုက္ခ-ဆင်းရဲဟူ၍ ရှုသောဝိပဿနာ ဉာဏ်၊
  • (၆၃) အနတ္တ-အတ္တမဟုတ်ဟူ၍ ရှုသော ဝိပဿနာဉာဏ်၊
  • (၆၄) စိတ်ကို အာရုံ၌ အညီအညွတ် ကောင်းစွာထားသည် ဖြစ်၍ ထွက်သက်ကို အနိစ္စ = မမြဲဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၆၅) ဒုက္ခ-ဆင်းရဲ ဟူ၍ရှုသော ဝိပဿနာဉာဏ်၊
  • (၆၆) အနတ္တ-အတ္တမဟုတ်ဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၆၇) စိတ်ကိုလွတ်စေသည်ဖြစ်၍ရင် သက်ကို အနိစ္စ = မမြဲဟူ၍ ရှုသောဝိပဿနာ ဉာဏ်၊
  • (၆၈) ဒုက္ခ-ဆင်းရဲဟူ၍ ရှုသော ဝိပဿနာဉာဏ်၊
  • (၆၉) အနတ္တ-အတ္တ မဟုတ်ဟူ၍ ရှူသောဝိပဿနာဉာဏ်၊
  • (၇၀) စိတ်ကိုလွတ်စေသည်ဖြစ်၍ ထွက်သက်ကို အနိစ္စ-မမြဲဟူ၍ ရှုသောဝိပဿနာဉာဏ်၊
  • (၇၁) ဒုက္ခ-ဆင်းရဲဟူ၍ ရှူသောဝိပဿနာ ဉာဏ်၊
  • (၇၂) အနတ္တ-အတ္တမဟုတ်ဟူ၍ ရှုသောဝိပဿနာဉာဏ်။ [၃][၄]

ဆက်စပ်ဖတ်ရှုရန် ပြင်ဆင်ရန်

အာနာပါနဿတိသုတ်

ဉာဏ်စဉ်

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀၀ ၁.၀၁ ၁.၀၂ ၁.၀၃ ၁.၀၄ ၁.၀၅ ၁.၀၆ ၁.၀၇ ၁.၀၈ ၁.၀၉ ၁.၁၀ ၁.၁၁ ၁.၁၂ လယ်တီဆရာတော်။ ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူသော ကမ္မဋ္ဌာန်းကျမ်းကြီး
  2. ဝိသုဒ္ဓိ၊၂၊၂၄၁-၂၇၆၊ ၃၀၈။ သင်္ဂဟ၊၁၅၇။ ဝိဘာဝိနီ၊၂၆၈။
  3. (ပဋိသံ၊၁၉၆။ပဋိသံ၊ဋ္ဌ၊၂၊၁၂၂။)
  4. တိပိဋကအဘိဓာန် အတွဲ-၁၉